မင်္ဂလာဆောင်တော့မယ့် ချစ်သူစုံတွဲများနှင့် မင်္ဂလာပွဲပြုလုပ်ရန် စီစဉ်နေတဲ့ သူတွေအတွက် Eternal Flame or Love

မင်္ဂလာဆောင်တော့မယ့် ချစ်သူစုံတွဲများနှင့် မင်္ဂလာပွဲပြုလုပ်ရန် စီစဉ်နေတဲ့ သူတွေအတွက် Eternal Flame or Love

Marryမှ ကျင်းပပြုလုပ်မည့် Wedding Day 2018မှာ မင်္ဂလာဆောင်တော့မယ့် ချစ်သူစုံတွဲများနှင့် မင်္ဂလာပွဲပြုလုပ်ရန်စီစဉ်နေတဲ့သူတွေအတွက် စိတ်လှုပ်ရှားဖွယ်ရာအကောင်းဆုံးအစီအစဉ်များနဲ့ ကျင်းပပြုလုပ်တော့မှာဖြစ်ပါတယ်။

 

ပွဲတွင် ဆိုင်ခန်းပေါင်း ၄၀ ကျော်နှင့်အတူ စိတ်လှုပ်ရှားစရာအစီအစဉ်များဖြင့် နာမည်ကြီး ဒီဇိုင်နာလေးဦးဖြစ်တဲ့ Ma Pont (My Ffavorite), Latt Latt (Lady Boutique), Phyo Ko (Extraordinary Fashion)နှင့်Designer Shartraတို့ရဲ့ မင်္ဂလာဝတ်စုံများ၊ မင်္ဂလာဆောင်အတွက် နာမည်ကြီး မိတ်ကပ်ပညာရှင်များဖြစ်တဲ့ Lin Lin (Makeup Artist) နှင့်May Oo တို့၏ ပြင်ဆင်ခြယ်သပေးမှုများနှင့်အတူ နာမည်ကြီးမော်ဒယ်များက ၀တ်ဆင်ပြသပေးသွားမယ့် Gala Show အစီအစဉ်များအပြင် အခြားအစီအစဉ်များစွာပါဝင်တဲ့Eternal Flame Of Love လို့ နာမည်ပေးထားတဲ့ Wedding Day 2018 ပွဲကြီးကို လာမယ့် ဇွန်လ (၂၃) ရက် (၂၄) ရက်နေ့တွင် ကျင်းပသွားမှာဖြစ်ပါတယ်။

 

ပွဲကို ကမ္ဘာအေးဘုရားလမ်းမပေါ်မှာရှိတဲ့ အဆင့်မီဟိုတယ်တစ်ဖြစ်သော Melia Hotel Yangon တွင် နှစ်ရက်တိုင်အောင် ကျင်းပသွားမှာဖြစ်ပါတယ်။

 

ပွဲကိုတက်ရောက်သူတိုင်းအတွက်လည် Bride to Beအစီအစဉ်တစ်ခုလည်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

မင်္ဂလာဝတ်စုံတွေကို ရွေးချယ်ဝတ်ဆင်ကာ မိတ်ကပ်လိမ်းခြယ်ပြီး Photo Booth မှာ အခမဲ့ PreWedding ဓာတ်ပုံလေးတွေကို စိတ်ကြိုက်ရိုက်ဖို့ အခွင့်အရေးများစွာအပြင် ဆိုင်ခန်းပေါင်းများစွာ၏ Promotions အစီအစဉ်များ၊Discountများစွာပေးသွားပြီး ခင်းကျင်းပြသသွားမှာဖြစ်ကြောင်း မင်္ဂလာဆောင်တော့မယ့် ချစ်သူစုံတွဲများက စိတ်တိုင်းကျ လေ့လာခွင့်၊ အစမ်းပြင်ဆင်ခွင့်။ Package များကို သက်သာသော ဈေးနှုန်းများနှင့် ၀ယ်ယူခွင့်ရရှိမှာဖြစ်ကြောင်း သိရပါတယ်။

Read times Last modified on Wednesday, 19 September 2018 10:32
Rate this item
(1 Vote)