Baliကိုဟန်းနီးမွန်းထွက်ကြမယ်

Baliကိုဟန်းနီးမွန်းထွက်ကြမယ် google.com

အင်ဒိုနီးရှား ပိုလာဘာလီကျွန်းမှကွယ် သူနဲ့လည်းတွေလို့ ချစ်ကြိုးသွယ်…..ဒီသီချင်းထဲက ကျွန်းလေးကို ဟန်းနီးမွန်းသွားကြရအောင်….

Honeymooners လေးတို့ရေ wedding လေးအပြီး ဘယ်နေရာလေးမှာ ချစ်သူနဲ့ အပန်းဖြေရင် ကောင်းမလဲ အကြံအိုက်နေပြီဆိုရင်တော့ ဘာလီကျွန်းလေးကို မမေ့ဖို့ အကြံပေးပါရစေ..

အင်ဒိုနီးရှားနိုင်ငံရဲ့ ကျွန်းဆွယ်တစ်ခု ဖြစ်တဲ့ ဘာလီကျွန်းလေးကို luxury honeymoon ရည်မှန်းထားတဲ့ honeymooners လေးတို့အတွက် အကြုံပြုဖော်ပြပေးမယ်နော်..

 

ဆောင်ရန် ရှောင်ရန် အချက်လေးတွေကို ပြောပြ ပေးပါဆိုရင်တော့

ကျွန်းဆွယ်စု ဖြစ်တဲ့အတွက် မုတ်သုန်ရာသီ ကိုတော့ ရှောင်စေချင်ပါတယ်။

နောက်ပြီး အဝတ်အစားပိုင်းမှာလည်း ပေါ့ပါးပြီး ချစ်စရာကောင်းတဲ့ အဝတ်အစားကိုသာ ရွေးချယ်စေချင်ပါတယ် ။

Temple တွေများတာကြောင့် မိန်းကလေးတွေ အနေနဲ့ ခြုံပုဝါ အလှလေးတွေလိုမျိုး ယူသွားရင်ပိုအဆင်ပြေပါတယ်။

ဒေသထွက်တွေလည်း ရှိတော့ မသယ်သွားဘဲ ဟိုရောက်မှ ဝယ်ရင်လဲ ရိုးရာဆင်တွေ ရနိုင်ပါသေးတယ်။

 

နောက်တစ်ချက်ကတော့ adventurous honeymoon လိုချင်တဲ့ honeymooners လေးတွေကလည်း ချစ်သူနဲ့ ရင်ဖိုစရာ adventure activity တွေကို ဖန်တီးနိုင်ပါတယ်။

ဒီအတွက်အကုန်အကျ မများချင်ဘူးဆိုရင်တော့ travels and tours တွေနဲ့ ချိတ်ပြီး လက်မှတ်ဝယ်ထားသင့်ပါတယ်။

bali 1

 

ဘာလီမှာရှိတဲ့ ဟော်တယ်နဲ့ Resort တော်တော်များများဟာ အလွန်လှပပြီး ရိုမန်တစ်ဆန် တဲ့အတွက်ကြောင့်မို့ သင်တို့ ဟန်းနီးမွန်းလေးဟာ တစ်နည်းအားဖြင့် ပြီးပြည့်စုံနေစေမှာပါ။

သင်တို့ ဘာလီကို ဟန်းနီးမွန်းထွက်တော့မယ်ဆိုရင် Spa treatment ကိုလည်း ချစ်သူနှစ်ဦး အတူတူ ခံစားနိုင်ပါတယ်။ ဘာလီက Spa treatment ကလဲ နာမည်ကြီးပါပဲ။

 

Tanah Lot Temple မှာညစာစားရင်း နေဝင်ဆည်းဆာ ကို ချစ်သူနှစ်ဦးခံစားရတာကို လည်း ဘာလီမှာပဲ ရနိုင်တဲ့ ဟန်းနီးမွန်း အရသာပါနော်။

ဘာလီမှာ လည်ပါတ်စရာမကုန်နိုင်သလို ပဲ hooneymoners တို့အတွက် ရိုမကုန်နိုင်တဲ့ ရသတွေ ပေးစွမ်းနိုင်တာမို့ အကြံပြုဖော်ပြပေးလိုက်ပါတယ်။

 

Credit;google

 

Read times Last modified on Wednesday, 19 September 2018 10:31
Rate this item
(1 Vote)