(၁)ပန်းခြံထဲ မှာကလေးလေး သဖွယ် ဆော့နေတဲ့သူ့ကို ကြည့်ပြီး ကျွန်တော်အူယားလာသည်။
''ခေးလေး . . . ''
'' ရှင့်ကိုကို ''
လိမ္မာ ချက်ကတော့လေ ။ တစ်နေ့ထက် တစ်နေ့ကျွန်တော့်မှာ သူ့ကို ချစ်မဝဘူးရယ်။
'' ကိုကို့ဆီခဏ ''
ချက်ချင်းပါပဲ ။ ကျွန်တော့် ဆီ ပြေးလာသည်။ ကျွန်တော် ဆွေ့ကနဲ ဖက်ထားလိုက်သည်။
အရပ်က ၅ ပေ ၁၁ ထိ ရှိနေသော ကျွန်တော့်ထံ တွင် သူက ရင်ခွင်မှာ မှီ နေသလို ဖြစ်နေပါသည်။
ကျွန်တော် ပြုံး မိတယ်။ ကျွန်တော့် ချစ်သူလေးက ဂျပုမလေးပဲ ။
ဒါပေမဲ့ ကျွန်တော်သူ့ကို ဘယ်တော့မှ ဂျပုမလေး လို့ မခေါ်ရက် ခေးလေး လို့သာ ခေါ်သည်။
ကျွန်တော် ပေးထားသော နာမည်နဲ့သူ့ နာမည် နဲ့ လိုက်တာ သေချာပါသည်။
ကျွန်တော်သူ့ ကို စချင်လာသည်။
'' ခေးလေး . . . ခေးလေး အရပ်က ဘယ် လောက်လဲ ဟင်... ''
'' ကိုကိုနော် ''
ကျွန်တော့်ကိုမျက်စောင်းထိုးသည်။ ကျွန်တော် သိပါသည်။ သူမ အရပ်က ၄ပေ ၁၁ နဲ့ ၅ ပေ ကြားလေး။
'' ဟ ဟ . . .စနေတာ ''
'' မသိဘူး သွား . . .''
သူ စိတ်ဆိုးသွားသည်။ နှုတ်ခမ်းလေး စူပြီး ခေါင်းကို တစ်ခြားဖက် ကို လှည့်သွားသည်။
မျက်နှာလေး ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ ဆွဲ လိမ်ချင်စရာ ။
ကျွန်တော် မနေနိုင်တော့ ။ အသည်းတွေ ရော ကျောက်ကပ်တွေရော အူတွေပါ ယားလာသည်။
သူ့ကို ဖက်ထည့်လိုက်ပြီး နဖူးလေးကို ငုံ့ နမ်း လိုက်သည်။
ကျွန်တော် ကတော့ ပြောမနေနဲ့ သူ့ ကို အူယားတိုင်း ရင်ခွင်ထဲ သွင်းပြီး ဖက်ထားနေကျ ။
''လာ. . . ကိုကို က ချစ်လို့ စနေတာ ကုန်းပိုး မလို့ခေါ် လိုက်တာ''
''ဟင် . .တစ်ကယ် ''
''အင်း ဆို . . . ''
'' ဟေး . . . ပျော်ပီ ကွ ''
ကလေးလေး တစ်ယောက်လိုပဲ သူပျော်နေတာ။
တစ်ကယ်ဆို သူ ရော ကျွန်တော်ပါ အသက် ပြည့်ပြီးသား ။
ဒါပေမဲ့ ကျွန်တော်တို့ အတွဲကို မြင်ကြ တွေ့ကြ သူတိုင်းက ဆယ်ကျော်သက်လို့ပဲ ထင်နေကြလိမ့်မယ်။
အဓိက ကတော့ သူ့ကြောင့် ။
ပုတဲ့ သူတော်တော်များများက ရုပ်နု ကြတယ်လေ ။
အဲ့တော့ သူနဲ့ ချစ်သူ ဖြစ်နေတဲ့ ကျွန်တော်ပါ auto နုသွားတာ ။
'' ယားစ် ''
ကျွန်တော် သူ့ကို ကုန်းပိုးလိုက်ပါသည်။ သူ့ ခန္ဓာ ကိုယ်က ပုသေးသေး လေး ဖြစ်နေတော့ ကျွန်တော်အတွက် မလေး။
သူ့ကိုယ် ကုန်းပိုးပြိီး လူနည်းနည်း ရှင်းတဲ့ ပန်းခြံ လမ်းတွေကို ဖြတ် လျှောက်သည်။
သူက ကျွန်တော့ ပုခုံးလေး ထက်မှာ မှီထား ရှာသည်။
(၂)'' ဟယ် . . .သမီးလေး က သိပ်ချစ်ဖို့ ကောင်းတာပဲ ''
ဒီနေ့ သူ့ ကို မေမေတို့ နဲ့ ပေးတွေ့ပေး လိုက်တယ်လေ ။ ဒါလေးက သားချစ်သူ ဆိုပြီးတော့။
ကျွန်တော် ထင်တဲ့ အတိုင်းပါပဲ ။
မေမေ တို့ သူ့ ကို သိပ်ချစ်နေကြပြီ ။
ဒီနေ့ သူက မြန်မာ ဆန်ဆန် ရင်ဖုံးအကျီ င်္နဲ့ ထမီ လေး ဝတ်ထားသည်။
မြန်မာ မိန်းကလေး တစ်ယောက်ရဲ့ အရပ် ရှိနေသော သူ သည် ခန္ဓာကိုယ် အလှက အချိုး ကျကျ ပေါ် လွင် လှပ နေသည်။
ပြောရရင် ရင့်ကျက်နေတဲ့ အလှမျိုး ။
သူ ဝတ် တတ်တဲ့ free styleအဝတ်အစားတွေနဲ့ ကျတော့ သူကချစ်စဖွယ် လှပ နေတတ်တာမျိုး ။
ဖိနပ် ထူထူလေးနဲ့ အမြဲလှနေတတ်တဲ့ သူ့ ခြေထောက်သည် ဘယ်တော့မှ ဖုန်တင်လေ့ မရှိပါ။
မိုးရွာ နေချိန်တောင်ဗွက်မပေ ။ ဖိနပ်က အထူကိုး ။
သူက ကုသိုလ်ကံအဲ့လိုအကောင်း။
(၃)သူနဲ့ ကျွန်တော်လက်ထပ်ခဲ့သည်။ သမီးလေး တစ်ယောက်မွေး ခဲ့သည်။
သမီးလေး အရွယ်ရောက်တော့လည်း ညီမတွေလားလို့ တစ်စိမ်းတွေ မေးငေါ့ ရလောက်အောင် ခေးလေး လို့ ကျွန်တော် ခေါ်တဲ့ သူက လှနေတတ်သည်။
သူ့BFF တွေ သာအိုနာကျ ပြီး ရုပ်ရင့် သွားတယ် ။ ဒါပေမဲ့ ခေးလေးသူရုပ် မရင်ခဲ့ ။ အမြဲ နုပျို နေခဲ့သည်။
ပု မှ နု တယ်ဆိုတဲ့ စကားကို ကျွန်တော် လက်ခံ သွားသည်။
(၄)သူနဲ့ ကျွန်တော် အသက်ကြီးလာခဲ့သည်။
သူ ကတော့ အခုထိနုပျို လှပနေတုံး ။ သန်သန်မာမာနဲ့သွားလာ လှုပ်ရှား နိုင်သေးတုန်း ။
'' အဘွားကြီး….ငါ နင့်ကိုစိတ်မချတော့ ဘူးဟာ ''
ကျွန်တော် သူ့ကို စ လိုက် ခြင်းဖြစ်သည်။ သူ ရယ်သည်။ ကျွန်တော့် မျက်နှာကို ရေပတ်သုတ်ပေးရင်း
'' အဘိုးကြီး ပေါက်တက် ကရ တွေ ပြောမနေနဲ့ ကျုပ်က တော် တစ်ယောက်ထဲ ပဲ ရှိတာ ''
ကျွန်တော့် ရင်ထဲ ပီတိ လေး ဖြာသွားသည်။
ကျွန်တော် နောင်တမရခဲ့ပါ ။ ဂျပု မလေး ကိုယူမိတဲ့ အတွက် နောင်တ မရခဲ့ပါ။
Myanmar Wedding Guide
Credit;ခဲတံ
MMRD မှ Myanmar Wedding Guide အပြင်အခြားစာအုပ်များလဲထွက်ရှိလာပါပီနော်....