ဒီလိုယောကျာ်း (၅) မျိုးကို လက်ထပ်မိရင် ဒူးနဲ့မျက်ရည်သုတ်နေရမှာပါ……

ဒီလိုယောကျာ်း (၅) မျိုးကို လက်ထပ်မိရင် ဒူးနဲ့မျက်ရည်သုတ်နေရမှာပါ…… google.com

မိန်းကလေးတစ်ယောက်ရဲ့ ဘဝမှာ အရေးကြီးဆုံးကတော့ လက်တွဲဖော်ပါ။ ကိုယ့်ရဲ့ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်လိုက်တဲ့သူဟာ ကိုယ့်ကိုနားလည်မှုအပေးနိုင်ဆုံး၊ အချစ်နိုင်ဆုံး၊ အားအပေးနိုင်ဆုံးသူပဲဖြစ်သင့်ပါတယ်။

တစ်ချို့ယောက်ျားတွေကျတော့ ဒီအချက်တွေနဲ့ဝေးလေစွ၊ ယူပြီးတဲ့အချိန်မှာ နောင်တတွေအကြီးအကျယ်ရပြီး ဒူးနဲ့မျက်ရည်သုတ်နေရမှာပါ။ ဒါကြောင့် ဒီအချက်တွေနဲ့ တူနေတဲ့ ယောက်ျားမျိုးကိုတော့ ဝေးဝေးကရှောင်ဖို့ အကြံပေးလိုက်ပါတယ်။

() အာဏာအရမ်းရချင်တဲ့ယောက်ျား

ဒီလိုယောက်ျားမျိုးတွေဟာ အသေးအမွှားကိစ္စလေးတွေကအစ အရမ်းအာဏာရချင်တဲ့ သူတွေပါ။ ချုပ်ခြယ်တာတွေ၊ ပိတ်ပင်တာတွေကို အမြဲလုပ်တတ်ပြီး ပါဝါပြရတာ အရမ်းကြိုက်တဲ့သူတွေပါ။ ဒီလိုယောက်ျားတွေဟာ သူတို့သာ ဘာမှ

 

မဟုတ်ရင်နေမယ် အမြဲတမ်း အလေးစားခံ၊ မြှောက်ပင့်ခံချင်တဲ့သူတွေပါ။ ဒီလိုယောက်ျားကို လက်ထပ်မိရင်တော့ ဒူးနဲ့မျက်ရည်သုတ်နေရမှာပါ။

 

() လက်ပါတဲ့ယောက်ျား

လက်ပါတဲ့ယောက်ျားကတော့ စိတ်မမှန်တဲ့ လက္ခဏာတစ်ခုလည်းဖြစ်ပါတယ်။ ဒီလိုယောက်ျားမျိုးတွေဟာ ဒေါသလည်း အရမ်းကြီးပြီး ဒေါသထွက်လာရင် ဘာဆိုဘာမှမသိတော့တဲ့ သူတွေပါ။ နောက်ပိုင်းမှာ အိမ်တွင်းအကြမ်းဖက်မှုတြွေ

ဖစ်လာနိုင်သလို၊ သင့်အသက်ကိုတောင် အန္တရာယ်ပေးလာနိုင်ပြီး အမြဲတမ်း စိုးရိမ်သောကရောက်နေရမှာပါ။ ဒူးနဲ့မျက်ရည်မသုတ်ချင်ရင် ဒီလိုယောက်ျားမျိုးကို ဝေးဝေးကရှောင်လိုက်တာ အကောင်းဆုံးပါ။

 

() အနိုင်ယူချင်တဲ့ယောက်ျား

လူဆိုတာ အမြဲတမ်းနိုင်ချင်နေလို့မရပါဘူး။ တစ်ခါတလေ အရှုံးပေးရတဲ့အခါရှိသလို၊ အလျှော့ပေးရတဲ့ အခါလည်းရှိပါတယ်။ အမြဲတမ်းအနိုင်ယူချင်နေတဲ့ယောကျာ်းတွေကတော့ သူတို့မှားနေရင်တောင် ဘယ်တော့မှ အလျှော့ပေးမှာ၊ေ

 

တာင်းပန်မှာကို မျှော်လင့်မနေပါနဲ့။ သင့်ကိုတစ်နည်းမဟုတ် တစ်နည်း နိုင်လိုက်ရမှ ကျေနပ်မှာ ဖြစ်တာကြောင့် ဒီလိုယောက်ျားမျိုးကိုလက်ထပ်မိရင် ဒူးနဲ့မျက်ရည်သုတ်နေရမှာပါ။

 

 

() အရွဲ့တိုက်လွန်းတဲ့ယောက်ျား

ယောက်ျားတွေထဲမှာ လွန်လွန်ကဲကဲကို အရွဲ့တိုက်တတ်တဲ့ယောက်ျားလေးတွေ ရှိပါတယ်။ ဒီလိုလူမျိုးဟာလည်း လက်မထပ်သင့်တဲ့သူမျိုးတွေပါ။ အကြောင်းကတော့ သူတို့ဟာ ရွဲ့ပြီဆိုရင် တစ်ဆုံးရွဲ့တတ်တာကြောင့် အရွဲ့လွန်ပြီး အ

မှားတွေကို တကယ်ကျူးလွန်မိတတ်ကြပါတယ်။ ဒါကြောင့် ဒီလိုယောက်ျားမျိုးကို လက်ထပ်မိရင် သူရွဲ့တဲ့ဒဏ်ကို အမြဲခံနေရမှာဖြစ်ပြီး သူ့ရဲ့အမှားတွေအတွက် ဒူးနဲ့မျက်ရည်သုတ်နေရမှာ ဖြစ်ပါတယ်။

 

() ရှုပ်ပွေတတ်တဲ့ယောက်ျား

ဒီလိုယောက်ျားတွေဟာ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခမပေးသည့်တိုင်အောင် စိတ်ပိုင်းဆိုင်ရာတော့ အရမ်းကို ဒုက္ခပေးတတ်ကြတဲ့သူတွေပါ။ ဒီလိုယောက်ျားမျိုးဟာ အနုနည်းလည်းမရ အကြမ်းနည်းလည်းမရ ဘယ်လိုမှ ထိန်းချုပ်လို့မရတဲ့ လူစား

မျိုးတွေဖြစ်တာကြောင့် စိတ်သောကအမျိုးမျိုး၊ စိတ်ဒဏ်ရာအမျိုးမျိုးပေးတတ်သလို သင့်ကိုအမြဲတမ်းငိုအောင်လုပ်မယ့် မယူသင့်တဲ့ယောက်ျားမျိုးဖြစ်ပါတယ်။

 

Myanmar Weddding Guide

Credit;Aunty may

 

MMRD မှ Myanmar Wedding Guide အပြင်အခြားစာအုပ်များလည်းထွက်ရှိလာပါပီ.......

 

Directory Book 1

Read times Last modified on Wednesday, 19 September 2018 10:24
Rate this item
(2 votes)