မိမိချစ်သူကောင်လေးကို ဘယ်လိုလက်ဆောင်မျိုးပေးရမလဲ

မိမိချစ်သူကောင်လေးကို ဘယ်လိုလက်ဆောင်မျိုးပေးရမလဲ google.com

မိန်းကလေးတွေက လက်ဆောင်ရရင် သိပ်ပျော်ကြပြီး လက်ဆောင်ပေးရတာလည်း ကြိုက်ကြပါတယ်။ ဒါပေမယ့် မိန်းကလေးနဲ့ ယောကျာ်းလေး အကြိုက်မတူနိုင်တာကြောင့် ချစ်သူကောင်လေး အတွက်လက်ဆောင်ကိုတော့

ကိုယ်ကြိုက်တာတွေ သွားပေးလိုက်ရင် သူတို့အတွက် အမှတ်တရဖြစ်ဖို့ အသုံးဝင်ဖို့သိပ်မသေချာပါဘူး။ ဒါကြောင့် အသုံးလည်းဝင် အမှတ်တရလည်းဖြစ်အောင် ဒီလိုလေးတွေစဉ်းစားပြီး ပေးကြည့်ပါလို့။

 

() ၀ါသနာနဲ့လိုက်ဖက်တာလေးတွေ

 

စာဖတ်ဝါသနာပါတဲ့သူဆိုရင် သူအကြိုက်ဆုံးစာရေးဆရာရဲ့ စာအုပ်ဝယ်ပေးတာမျိုး၊ အားကစား ၀ါသနာပါရင် အားကစားပစ္စည်း တွေဝယ်ပေးတာမျိုးပါ။ ၀ါသနာကို အခြေခံစဉ်းစားပြီး ပေးတဲ့ လက်ဆောင်ဆိုတော့ အမြဲအမှတ်တရဖြစ်နေမှာသေချာပါတယ်။

 

() အမှန်တကယ်လိုအပ်နေတာတွေ

 

သူ့ကိုလက်ဆောင်ပေးဖို့ ပိုက်ဆံသုံးတော့မယ့် အတူတူ လိုအပ်နေတာလေးတွေ ၀ယ်ပေးသင့်ပါတယ်။ကိုယ်က ဒီပစ္စည်းတစ်ခုကိုဝယ်ဖို့ အချိန်ပေးပြီး ပိုက်ဆံစုခဲ့တယ်ဆိုရင် ပိုမိုက်ပါတယ်။ ဈေးကြီးတာကို ၀ယ်ပေးခိုင်းတာမဟုတ်ပါဘူး။ အချိန်တွေ အကြာကြီးကတည်းက သူ့အတွက် ရည်ရွယ်ထားပြီး ကိုယ့်အသုံးစားရိတ်ထဲကတောင် ဖယ်ပြီးစုထားတယ်ဆိုတာမျိုးပါ။ယောကျာ်းလေးတွေက ရိုမန့်တစ်မဖြစ်လဲဘာမှမဖြစ်ပါဘူး။ပြောပြထားတဲ့လက်ဆောင်မျိုးဆိုရင်တော့ အကောင်းဆုံးထဲကတစ်ခုဖြစ်မှာပါ။

 

Myanmar Wedding Guide

 

Credit;Aunty May

 

MMRD မှ Myanmar Wedding Guide အပြင်အခြားစာအုပ်များလဲထွက်ရှိလာပါပီနော်.....

 

Directory Book 1

Read times Last modified on Wednesday, 19 September 2018 10:24
Rate this item
(1 Vote)