မိုးရာသီမှာ pre-wedding ရိုက်ကြမယ်ဆိုရင်

မိုးရာသီမှာ pre-wedding ရိုက်ကြမယ်ဆိုရင် google.com

မိုးရာသီမှာ pre-wedding ရိုက်ကြမယ့် သတို့သမီးလေးတွေအတွက် သတိပေးချင်တာလေးတွေရှိပါတယ်ရှင့်။

 

မိုးရေထဲမှာထီးလေးနဲ့pre-wedding ရိုက်ချင်လား?

 

ရိုက်ပါ .... မိုးရေထဲမှာဂါဝန်လှလှလေးရယ် ချစ်စရာထီးလေးရယ်နဲ့ ဘယ်လောက်များချစ်စရာကောင်းလိုက်မလဲ...ဒါပေမယ့်ရိုက်ပေးမယ့်သူဟာအတွေ့အကြုံရှိပြီး ရိုက်တတ်တဲ့ ဓါတ်ပုံဆရာဖြစ်ဖို့တော့လိုအပ်ပါလိမ့်မယ်....မိမိနဲ့ရင်းနှီးတဲ့သူ၊ပြောရဆိုရအဆင်ပြေ နားလည်မှုရှိတဲ့သူမျိုးဖြစ်ရပါမယ်။

 

pre wedding singapore raining

 

 ဒါကတော့အရေးအကြီးဆုံးပါ....

 

မိုးဦးကျစ မှာ မရိုက်ပါနဲ့ ... မိုးကုန်တော့မယ့်အချိန်မှာမရိုက်ပါနဲ့....

များသောအားဖြင့် မိုးဦးကျစနဲ့ မိုးကုန်ခါနီးအချိန်တွေမှာ မိုးအရမ်းသည်းတတ်လို့ပါ။

မိုးအရမ်းကြီးသည်းနေရင်လည်း ရိုက်ဖို့ အဆင်မပြေနိုင်ပါဘူး။

 

 

ရေစိုမှာမကြောက်ပါနဲ့

 

မိုးတွင်းမိုးရေထဲမှာရိုက်မှတော့ ထီးပါသည့်တိုင်အောင် ရေစိုကို စိုမှာပါ...

တချို့သတို့သမီးလေးတွေက ရေစိုမှာကြောက်ပြီးတွန့်ဆုတ်နေတတ်လို့ပါ.…

 

pre wedding

 

 ဘာတွေပြင်ဆင်သွားမလဲ

 

ဂါဝန် အရမ်း အကားကြီး မဝတ်ပါနဲ့ အရမ်းလေးတဲ့ဂါဝန်တွေမဝတ်ပါနဲ့ ... မိုးရေစို နိုင်တယ်ဆိုတာကိုထည့်တွေးရမှာမို့ ... အရမ်းလေးလံကြီးမားတဲ့ဂါဝန်တွေ ရှောင်စေချင်ပါတယ်။ငှားခ ဈေး သိပ်မကြီးတဲ့ wedding dress ဖြစ်ပါစေ။ပျက်စီးသွားခဲ့ရင်လို့ ထည့်တွေးထားရမှာပါ။Waterproof makeup လိမ်းရပါမယ်။ရေစိုနိုင်တာမို့ မိတ်ကပ်ကွက်တာတွေ eye linerပျံ့တာတွေဖြစ်လို့ မရ ပါဘူး ။waterproofပစ္စည်းတွေပဲသုံးဖို့ MUA ကို အတန်အတန်မှာရပါမယ်။ Rainy pre-weddingဟာ မိတ်ကပ် ခပ်ပါးပါးကြည်ကြည်လေးနဲ့သာလိုက်ဖက်တာကိုလည်းအထူးသတိပြုစေချင်ပါတယ်။

 

Myanmar Wedding Guide

 

Credit;Myanmar Wedding Advise

Read times Last modified on Wednesday, 19 September 2018 10:22
Rate this item
(1 Vote)