ကိုယ့်ချစ်သူကိုငွေကုန်ကြေးကျမခံပဲဘယ်လိုဂရုစိုက်မလဲ

ကိုယ့်ချစ်သူကိုငွေကုန်ကြေးကျမခံပဲဘယ်လိုဂရုစိုက်မလဲ google.com

တစ်ခါတစ်လေမှာကိုယ်ချစ်ရတဲ့သူကို ဂရုစိုက်ပေးဖို့ မေ့လျော့နေတတ်ကြပါတယ်။အဲ့လိုမဖြစ်ရအောင်ဒီနည်းလေးတွေကအသုံးတည့်မှာပါ။ငွေကုန်ကြေးကျလည်းနည်းသလို၊ကိုယ့်ချစ်သူကလည်း ပျော်ရွှင်မှာပါ။

 

၁။ စာတိုလေးတွေ

ဘာလုပ်နေလဲ ဘယ်ရောက်နေလဲဆိုတာမျိုးကို စာတိုလေးတွေပို့ပေးပါ။ မက်ဆေ့အနေနဲ့လည်း ပို့နိုင်သလို လက်ရေးလေးနဲ့ ရေးပေးလို့ရပါတယ်။ ပို့စ်ကတ်လေးတွေပေါ်မှာ လက်ရေးနဲ့ရေးပြီး ပေးတာမျိုးဆို အမှတ်တရတောင် ဖြစ်နေဦးမှာ။ သူက သိမ်းထားမှာ။

 

၂။ အိပ်မက်တွေဆီရောက်အောင် ကူညီ

သူတို့မှာ ဖြစ်ချင်တာတွေ အိပ်မက်တွေ စိတ်ကူးတွေပြောပြလာရင် ကိုယ့်အနေနဲ့ တတ်နိုင်သလောက်ကူညီပေးလိုက်ပါ။ စကားတစ်ခွန်းလည်းဖြစ်ချင်ဖြစ်မယ် ကိုယ်ထိလက်ရောက် ကူညီရတာလည်း ဖြစ်ချင်ဖြစ်မယ်။ သူ့ကိုချစ်ရင် ဂရုစိုက်ပြီး ကူညီပြီးပေးလိုက်ပါ။

 

၃။ သီချင်း

သီချင်းတွေက လူတွေရဲ့စိတ်ခံစားချက်တွေကို ပြောင်းလဲစေတယ်လေ။ သူကြိုက်တဲ့သီချင်းတွေကို စုစည်းပြီး ဖွင့်ပေးထားတာမျိုး ၊ သီချင်းဆိုပြတာမျိုးပေါ့။ နောက်တစ်ခုက အိပ်ရာဝင်ချိန် နားထောင်ဖို့ ငြိမ့်ညောင်းတဲ့သီချင်းလေးတွေကို list တစ်ခုလုပ်ပြီး သူ့ဖုန်းထဲကို ထည့်ထားပေးလိုက်ပါ။

 

 

Myanmar Wedding Guide

 

Credit;Duwun

Read times Last modified on Wednesday, 19 September 2018 10:02
Rate this item
(1 Vote)