အပျိုကြီးဖြစ်နိုင်ချေများတယ်ဆိုတာကို ဖော်ပြနေတဲ့အချက် (၅) ချက်

အပျိုကြီးဖြစ်နိုင်ချေများတယ်ဆိုတာကို ဖော်ပြနေတဲ့အချက် (၅) ချက် google.com

ရွေးလွန်းရင် အပျိုကြီးဖြစ်နိုင်တယ်လို့ပြောကြတာ တကယ်လည်းဖြစ်နိုင်ပါတယ်။ ကြိုက်မယ့်သူမရှိလို့မဟုတ်ပဲ တစ်ခုခုဆိုရင် အရမ်းစဉ်းစားပြီး ရွေးလွန်းလို့ အချိန်တွေ၊ နှစ်တွေအကြာကြီး FA ဘဝနဲ့နေနေရပြီဆိုရင်တော့ အပျိုကြီးဖြစ်ဖို့ အလားအလာရှိနေပါပြီ။

ဒါကြောင့် အပျိုကြီးဖြစ်နိုင်ချေများတယ်ဆိုတာကို ဖော်ပြနေတဲ့အချက် () ချက်ကို မျှဝေပေးလိုက်ပါတယ်။

 

 

ဇီဇာကြောင်လွန်းသူ

 

အပျိုကြီးဖြစ်နိုင်ချေအများဆုံးကတော့ ဇီဇာကြောင်တဲ့သူတွေပါပဲ။ ဇီဇာကြောင်လွန်းတဲ့သူတွေဟာ အပျိုကြီးဖြစ်နိုင်ချေ အရမ်းကိုများပါတယ်။ သင်ကိုယ်တိုင်ရော ဇီဇာကြောင်လွန်းသူတစ်ယောက် ဖြစ်နေပြီလား?

 

 

တွေးလွန်းတဲ့သူ

 

ရည်းစားစကားလာပြောရင်တောင် အရှည်ကြီးတွေ၊ မလိုအပ်တာတွေကိုတွေးပြီး ငြင်းလွှတ်တာတဲ့သူတွေ၊ ရည်းစားတောင်မထားရသေးဘူး ရည်းစားထားရင်ဖြစ်လာမှာတွေကိုတွေးပူနေတတ်တဲ့သူတွေ၊ မလိုအပ်တာတွေ၊ အရေးမကြီးတာတွေကိုပါ တွေးတောနေတတ်တဲ့သူတွေဟာ တွေးလွန်းလို့နောက်ကောက်ကျပြီး ကျန်နေခဲ့တာနဲ့ အပျိုကြီးဖြစ်သွားကြတာပါ။

 

 

ရွေးလွန်းတဲ့သူ

 

ဟိုလူလာလည်းမကြိုက်၊ ဒီလူလာလည်းမကြိုက်၊ ငါ့အကျင့်နဲ့ဖြစ်မှာမဟုတ်ဘူး။ ငါကြိုက်တာ ဒီလိုပုံမျိုးမဟုတ်ဘူးနဲ့ အရမ်းရွေးလွန်းတဲ့သူတွေကလည်း အပျိုကြီးဖြစ်နိုင်ချေ အရမ်းများပါတယ်။

 

 

စိတ်ကြီးဝင်နေတဲ့သူ

 

ကိုယ့်ကိုယ်ကိုလောက် ဘယ်ယောင်္ကျားကိုမှ အထင်မကြီးတာမျိုးကလည်းအပျိုကြီးဖြစ်နိုင်ချေများတဲ့ သူတွေရဲ့ အကျင့်စရိုက်တစ်ခုပါပဲ။ ကိုယ့်ကိုချဉ်းကပ်လာတဲ့သူတစ်ယောက်ကို အထင်ကြီးတဲ့စိတ် တစ်စက်မှမရှိပဲ ကိုယ့်လောက်ဘယ်သူမှမတော်ဘူး၊ မလုပ်နိုင်ဘူးဆိုပြီး စိတ်ကြီးဝင်နေတဲ့သူတွေဟာလည်း အပျိုကြီုးဖြစ်နိုင်ချေများပါတယ်။

 

 

အလကားနေစိတ်ကြီးတတ်တဲ့သူ

 

မဟုတ်တာတွေကအစ သ၀န်တိုနေတတ်တဲ့သူတွေဟာ သူတို့ဒီလိုသ၀န်တိုတတ်ပုံနဲ့ဆို ဘယ်ယောင်္ကျားနဲ့မှ အဆင်ပြေမှာမဟုတ်ဘူးဆိုပြီး ရည်းစားမထားတော့ပဲ နေတတ်ကြပါတယ်။ ဒီလိုနဲ့ပဲအပျိုကြီးဖြစ်သွားတတ်လို့ အရမ်းတွေးမနေပါနဲ့။ တစ်ခုခုဆိုတစ်စက်မှစိတ်မရှည်ပဲ အလကားနေစိတ်ကြီးပြီး စိတ်တိုတတ်တဲ့သူတွေကိုလည်း ကြာလာရင်သူများက စိတ်ကုန်လာနိုင်ပါတယ်။ ဒါကတော့ အပျိုကြီးဖြစ်နိုင်တဲ့ အကျင့်စရိုက်ကြီးကြီးမားမား မဟုတ်ပေမယ့်လည်း ဒီလိုနဲ့ပဲ အပျိုကြီးဖြစ်သွားတဲ့သူတွေ ရှိပါတယ်။

 

ဒီလိုအချက်တွေအများကြီးနဲ့ တိုက်ဆိုင်နေရင်တော့ သင်ဟာအပျိုကြီးဖြစ်နိုင်ချေများတဲ့ သူတစ်ယောက်ပါပဲ။

 

 

Myanmar Wedding Guide

 

Credit;Mystyle

Read times Last modified on Wednesday, 19 September 2018 09:59
Rate this item
(1 Vote)