အသည်းကွဲဖူးတဲ့သူလေးတွေကို ချစ်မိတဲ့အခါ မဖြစ်မနေနားလည်ပေးရမယ့် အချက်များ

အသည်းကွဲဖူးတဲ့သူလေးတွေကို ချစ်မိတဲ့အခါ မဖြစ်မနေနားလည်ပေးရမယ့် အချက်များ google.com

အချစ်ရေးမှာ ကိုယ်ဘယ်လိုလူကို ရွေးချယ်မယ်ဆိုပြီး ဘယ်လိုပဲ စဉ်းစားစဉ်းစား ရေစက်ပါတဲ့သူနဲ့ တွေ့တတ်တာမျိုးပါ။ မတူညီတဲ့ ပတ်ဝန်းကျင် ၊ မတူညီတဲ့ အခြေအနေတွေကို ဖြတ်သန်းခဲ့ကြတာမို့ သူနဲ့ကိုယ်က အကျင့်စရိုက်တွေ၊ ခံစားချက်တွေမှာလည်း လုံးဝမတူနိုင်တာကြောင့် တစ်ယောက်နဲ့တစ်ယောက် ညှိယူရတာတွေ၊ နားလည်ပေးရတာတွေ ရှိပါတယ်။

သင့်ချစ်သူက အသည်းကွဲဖူးတဲ့ သူဆိုရင်တော့ နားလည်ပေးရမယ့် အချက်တွေက ဒီလိုရှိပါတယ်။

 

 

() တွယ်ကပ်လွန်းတာကို နားလည်ပေးပါ

 

အသည်းကွဲဖူးတဲ့ သူတွေက နောက်တစ်ယောက်ကို ထပ်ချစ်ရမှာ အရမ်းကြောက်ကြပြီး အချိန်ယူရပါတယ်။ ဒါကြောင့် နောက်တစ်ခါ ထပ်ချစ်မိတဲ့အခါ အဲ့ဒီလူကို ဆုံးရှုံးသွားမှာ စိုးတာကြောင့် အရိပ်တကြည့်ကြည့်နဲ့ တွယ်ကပ်နေတတ်ကြပါတယ်။ အချိန်တိုင်း မက်ဆေ့ပို့ ၊ဖုန်းဆက်ပြီး ဘယ်သွားသွား တကောက်ကောက် လိုက်ချင်နေတာဟာ သူသင့်ကို ချုပ်ချယ်ချင်လို့ မဟုတ်ပါဘူး။ နောက်တစ်ခေါက် အသည်းကွဲမှာ ကြောက်လို့ပါ။

 

 

() အချိန်စောင့်ပေးပါ

 

သင်နဲ့တွေ့တဲ့အချိန်မှာ သူ့ရဲ့အသည်းကွဲ ဒဏ်ရာက ပျောက်ကင်းစ အခြေအနေမျိုးလည်း ဖြစ်နိုင်တာကြောင့် ဒီအတွက် သူ့ကို အချိန်ပေးရပါမယ်။ အသည်းကွဲဖူးတဲ့သူတွေ လုပ်တတ်တဲ့ ကကြိုးကကြောင် အပြုအမူတွေကို နားလည်ပေးပြီး အဲ့ဒါတွေ သက်သာသွားသည်အထိ အချိန်ပေးရပါမယ်။

 

 

() သူယုံကြည်အောင်နေပေးပါ

 

သူဟာ လူတစ်ဖက်သားအပေါ် ယုံကြည်ဖို့ ခက်ခဲတဲ့အခြေအနေမျိုး ဖြစ်နေတာကြောင့် သင့်အနေနဲ့ သူသံသယ၀င်စေမယ့် အရာတွေကို တတ်နိုင်သရွေ့ မလုပ်ပါနဲ့။

 

 

() နားထောင်ပေးပါ

 

သူတို့ရဲ့ ခံစားချက်တွေနဲ့ ဆန္ဒတွေကို အမြဲတမ်း အလေးထား နားထောင်ပေးပါ။ အဲ့ဒီလို နားထောင်ပေးတာက သူတို့ကိုအလေးထားတဲ့အကြောင်း ပြသရာရောက်ပြီး စိတ်ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။

 

 

() အနာဂတ် အစီအစဉ်တွေကို ပြောပြပါ

 

သူ့ရဲ့ယုံကြည်ဖို့ ခက်ခဲတဲ့ စိတ်တွေကို ပြန်ကုစားပေးဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ သူနဲ့ပတ်သက်တဲ့ အနာဂတ် အစီအစဉ်တွေ ဘယ်လိုစဉ်းစားထားတဲ့ အကြောင်းပြောပြဖို့ပါပဲ။ မဖြစ်နိုင်လောက်တဲ့ ကြီးကြီးမားမားတွေကို မပြောဘဲ တကယ်လက်တွေ့ကျတဲ့ စိတ်ကူးလေးတွေကိုပဲ ပြောသင့်ပါတယ်။

 

Myanmar Wedding Guide

 

Credit;Aunty May

Read times Last modified on Wednesday, 19 September 2018 09:59
Rate this item
(1 Vote)