ဘုန်းကြီးကျောင်းမှာ မင်္ဂလာပွဲ ပြုလုပ်မယ်ဆိုရင် ဘာတွေကျွေးရမလဲ

ဘုန်းကြီးကျောင်းမှာ မင်္ဂလာပွဲ ပြုလုပ်မယ်ဆိုရင် ဘာတွေကျွေးရမလဲ google.com

မြန်မာလူမျိုးတွေ အတွက်ကတော့ မင်္ဂလာရှိတဲ့အချိန်တွေတိုင်းမှာ ဘုန်းကြီးကျောင်းကို သတိရတတ်ပါတယ်။ ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်ရင်း မင်္ဂလာပွဲလေးကို ပြုလုပ်လို့ ရအောင်လို့၊ ဘုန်းကြီးကျောင်းတွေမှာ မင်္ဂလာခန်းမလေးတွေကိုပါ တွဲပြီး ပြုလုပ်လာကြတာ များပါတယ်။

အခုပြောပြပေးချင်တာကတော့ ဘုန်းကြီးကျောင်းမှာ မင်္ဂလာပွဲ ပြုလုပ်မယ်ဆိုရင် ဘာတွေ ကျွေးလို့ ရမလဲ ဆိုတဲ့အကြောင်းပဲ ဖြစ်ပါတယ်။ မင်္ဂလာပွဲလေးမှာ အစားအသောက်အတွက် ကုန်ကျစရိတ် ပြင်ဆင်ပုံလေးကိုလည်း ပြောပြထားပါတယ်နော်။

 

တစ်ယောက်စာ ကုန်ကျစရိတ်ကို (၃၀၀၀) အထက် ခန့်မှန်းထားတယ်ဆိုရင်

 

သီးစုံထောပတ်ထမင်း

ကြက်ဆီထမင်း

ဒံပေါက်ထမင်း စတာတွေကို အသား တစ်မျိုးက စပြီး အသား နှစ်မျိုး၊ သုံးမျိုးအထိ တိုးပြီး ကျွေးမွေးနိုင်ပါတယ်။ အချိုပွဲအနေနဲ့ ရေခဲမုန့်၊ ကျောက်ကျောနဲ့ လက်ဖက်ကိုလည်း ထပ်တိုး ပြင်ဆင်လိုက်လို့ ရပါတယ်။ ဒါကတော့ ကုန်ကျစရိတ်အတွက်တတ်နိုင်တဲ့ပမာဏနဲ့ လိုက်ပြီးပြင်ဆင်လိုက်တာမျိုးပဲ ဖြစ်ပါတယ်။

 

တစ်ယောက်စာ ကုန်ကျစရိတ်ကို (၃၀၀၀) အောက် ခန့်မှန်းထားတယ် ဆိုရင်တော့

 

ကြက်သားပလာတာ

ရွှေတောင် ခေါက်ဆွဲ

နန်းကြီးသုတ်

မုန့် သုံးမျိုး၊ လေးမျိုးနဲ့ လက်ဖက်ရည် (သို့) ကော်ဖီ တို့ကို ပြင်ဆင်လိုက်လို့ ရပါတယ်။ ဒီအစားအစာတွေမှာလည်း ရေခဲမုန့်နဲ့ လက်ဖက်ကိုလည်း တွဲဖက်ပြီး ပြင်ဆင်လို့ ရပါတယ်။

 

မင်္ဂလာပွဲလေးအတွက် အကုန်ကျခံမယ့် ကုန်ကျစရိတ်လေးတွေအပေါ်လိုက်ပြီး ဘယ်အစားအစာကို ကျွေးမွေးမလဲ ဆိုတာကို အကောင်းဆုံး ရွေးချယ်နိုင်ဖို့ပြောပြပေးလိုက်ပါတယ်။

 

 

Credit;Marry

Read times Last modified on Wednesday, 19 September 2018 09:55
Rate this item
(1 Vote)