သောက်သောက်စားစားနေတတ်တဲ့စုံတွဲတွေအချစ်ရေးပိုမိုခိုင်မြဲနိုင်

သောက်သောက်စားစားနေတတ်တဲ့စုံတွဲတွေအချစ်ရေးပိုမိုခိုင်မြဲနိုင် google.com

အရက်၊ ဘီယာသောက်တာက ကျွန်တော်တို့ရဲ့ စိတ်ဖိစီးမှု၊ အပူအပင်၊ ပင်ပန်းဆင်းရဲတာတွေကို ခေတ္တမေ့လျောသွားစေတယ်ဆိုတာ အားလုံးလည်း သိပြီးဖြစ်မှာပါ။

 

ဒီတစ်ခါ လေ့လာတွေ့ရှိမှုတွေအရ မကြာခဏ အတူတူ သောက်စားတတ်တဲ့ ချစ်သူစုံတွဲတွေက relationship မှာ ပိုမိုပျော်ရွှင် စိတ်ကျေနပ်မှုရရှိကြပြီး ရေရှည်ခိုင်မြဲမှုပိုတယ်လို့ သိရပါတယ်။ ဒါကို Dr.Greogory Homish က ဆယ်စုနှစ်ကြာအောင် လေ့လာခဲ့တာပဲ ဖြစ်ပါတယ်။

 

ဒါဟာ အကျင့်စရိုက်ချင်းတူညီတဲ့ ချစ်သူစုံတွဲများက ပိုမိုပျော်ရွှင်ရတာကို မြင်တွေ့ရတာဖြစ်ပြီး အကျင့်စရိုက်ချင်း ကွဲပြားကြတဲ့ ချစ်သူစုံတွဲများကတော့ လုံလောက်တဲ့ နားလည်မှုမရှိနိုင်ဘဲ ပျော်ရွှင်မှုရနိုင်မှာမဟုတ်ဘူးဆိုတာပါပဲ။

 

Alcohol ဟာ လူ့စိတ်ကို ညှိုးငယ်ထိုင်းမှိုင်းမဖြစ်စေတာကြောင့် ယင်းကဲ့သို့ စုံတွဲများ မူးရူးနေအောင် အရက်သောက်တဲ့အခါ စိတ်ပျော်ရွှင်မှုများ လျော့နည်းသွားလိမ့်မည်ဟု ခန့်မှန်းကြသော်လည်း လေ့လာမှုကတော့ ယင်းခန့်မှန်းချက်ကို ငြင်းဆိုထားပါတယ်။

 

နောက်ထပ်လေ့လာမှုတစ်ခုမှာလည်း လက်ထပ်ပြီး အတူတူနေတဲ့ အိမ်ထောင်သည်တွေထက် လက်တွဲညီညီ သောက်စားတဲ့ အကျင့်ချင်းတူတဲ့ စုံတွဲတွေက ပိုပြီးပျော်ရွှင်ရတယ်ဆိုတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။

 

 

Credit;Shweinnlay

Read times Last modified on Wednesday, 19 September 2018 09:54
Rate this item
(1 Vote)