မိုးရွာတဲ့နေ့တွေမှာ ရိုမန်တစ်ဆန်ဆန် ဒိတ်လုပ်နိုင်တဲ့ နည်းလမ်းများ

မိုးရွာတဲ့နေ့တွေမှာ ရိုမန်တစ်ဆန်ဆန် ဒိတ်လုပ်နိုင်တဲ့ နည်းလမ်းများ google.com

မိုးတွေ အရမ်းရွာနေရင် အပြင်မထွက်ချင်တာ သဘာဝပါ။ အပြင်မှာ မိုးတွေ အရမ်းရွာနေတာမို့ ဒိတ်လုပ်မယ့် အစီအစဉ်ကိုတော့ မဖျက်လိုက်ပါနဲ့။ မိုးတွေရွာနေလို့ ဘယ်သွားပြီး၊ ဘယ်မှာ ဒိတ်ရမလဲ စဉ်းစားရခက်နေတဲ့ သူတွေ အတွက် မိုးရာသီမှာ ကိုယ်ချစ်ရတဲ့ ချစ်သူလေးနဲ့ ရိုမန်တစ်ဆန်ဆန် ဒိတ်လုပ်လို့ရတဲ့နည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

ဒီနေရာမှာ တော့ ရွေးစရာနှစ်ခု ရှိပါ တယ်။ မိုးစိုမခံချင်ဘူး Indoor မှာပဲ အေးအေးဆေးဆေး ဒိတ်လုပ်ချင်သူတွေအတွက် နည်းလမ်းနဲ့ မိုးရေစက်တွေကြားမှာမှ ရိုမန်တစ်ဆန်ဆန် ဒိတ်လုပ်ချင်သူတွေ အတွက် နည်းလမ်း၊ ဘယ်မှာ မသွားပဲနဲ့ အိမ်ထဲမှာပဲ ရိုမန်တစ်ဆန်ဆန် ဒိတ်လုပ်နိုင်တဲ့ နည်းလမ်းဆိုပြီး () နည်း ရှိပါတယ်။ မိုးစို မခံ ချင်ပဲ Indoor မှာ ဒိတ်လုပ်ချင်တွေအတွက် ကတော့…….

 

 

()ကော်ဖီဆိုင်ကိုသွားပါ

 

ဒီလိုမိုးရွာနေတဲ့ အချိန်ဟာ ကော်ဖီဆိုင်မှာ ကြည်နူးစရာ ဒိတ်လေးတစ်ခု အကောင်အထည်ဖော်လို့ အကောင်းဆုံးအချိန်ပါ။မိုးရာသီမှာ ချစ်သူလေးနဲ့မှ ကော်ဖီဆိုင်မှာ ဒိတ်လုပ်တာကလဲ စုံတွဲတိုင်း မဖြစ်မနေကို လုပ်ကြည့်သင့်တဲ့ အရာပါ။ မိုးအေးအေးလေး၊ ကော်ဖီပူပူလေးနဲ့ ချစ်ရတဲ့သူ ဘေးမှာရှိနေတဲ့ အခိုက်အတန့်လေးက တကယ့်ကို ကြည်နူးစရာ အခိုက်အတန့်လေးပါ။ ကော်ဖီဆိုင် ကောင်းကောင်းလေးမှာ ဒိတ်လုပ်ကြည့်နော်..

 

 

()ပြတိုက်တွေကို သွား

 

နောက်ထပ် အကြံပြုချင်တဲ့ နေရာကတော့ ပြတိုက်တွေကို သွားပါ။ ပန်းချီပြပွဲတွေ ဘာတွေ ရှိရင်လဲ အနုပညာပြပွဲတွေကို အတူ သွားကြည့်ပါ။ အနုပညာပြတိုက်တွေကိုတော့ ပိုသွားသင့်ပါတယ်။

 

 

()Shopping ထွက်

 

နောက်တစ်ခုကတော့ Shopping ထွက်ပါ။ အစားအစာ တွေ၊ စာအုပ်တွေ…တခြား ကိုယ်နဲ့ ကိုယ့်ချစ်သူ သဘောကျတဲ့ ပစ္စည်းလေးတွေကို အတူသွားဝယ်ရင်း Shopping Date လေး လုပ်ကြည့်ပါ။ ဒီနေရာမှာတော့ မိန်းကလေးတွေ အနေနဲ့ အထူးသတိပြုရမှာက ကိုယ်ကြိုက်တဲ့ အ၀တ်အစားတွေ အတွက်နဲ့ပဲ ချစ်သူရဲ့ အချိန်တွေကို အများကြီး မယူမိပါစေနဲ့။(မိန်းကလေး တစ်ယောက်ရဲ့ အ၀တ်အစားဝယ်တဲ့အချိန်က အရမ်းကို ကြာတတ်လို့ပါ)

 

 

()ဘားတို့၊ ချွေးထုတ်ခန်းတို့ကို သွားပါ

 

Bar တွေကို အတူသွားပါ။ အရမ်းတွေ ဆူညံကခုန်နေတဲ့ Bar မျိုးထက် အေးအေးဆေးဆေးလေးနဲ့ ထိုင်လို့ ကောင်းတဲ့ Bar မျိုးကို ရွေးပါ။နောက်တစ်နေရာကတော့ ချွေးထုတ်ခန်းလို နေရာမျိုး ကိုလဲ ရွေးချယ်သင့်ပါတယ်။အပြင်မှာ မိုးအေးအေးလေးဖြစ်နေချိန်မှာ ချွေးထုတ်ခန်းမှာ သွားပြီး အေးအေး ဆေးဆေး အနားယူတာကလဲ တကယ်ကောင်းတဲ့ စိတ်ကူးပါ။

 

 

()စားသောက်ဆိုင်ကို သွားပါ

 

မိုးရွာနေတဲ့ ရက်တွေမှာ စားသောက်ဆိုင်တွေမှာ ဒိတ်လုပ်တာကလည်း တကယ်ကောင်းတဲ့ စိတ်ကူးပါ။ စားသောက်ဆိုင်မှာမှာ Hot-Pot ဆိုင်၊ အကင်ဆိုင်တို့လို ဆိုင်မျိုးကို ပိုပြီး ရွေးချယ်သင့်ပါတယ်။ မိုးအေးအေးလေးနဲ့ Hot-Pot စား၊ အကင်စားရတဲ့ အရသာလေးတွေကလည်း အရမ်းကိုကောင်းတဲ့ စိတ်ကူးလေးပါ။

 

မိုးရေစက်တွေကြားမှာမှ ရိုမန်တစ်ဆန်ဆန် ဒိတ်လုပ်ချင်သူတွေဆိုရင်တော့………….

 

 

()မိုးရေစက်တွေကြား ဓါတ်ပုံရိုက်

 

မိုးရေတွေကြားမှာ ဓါတ်ပုံရိုက်ပါ။ ဒီလို အခွင့်အရေးမျိုးက နှစ်ခါ မရပါဘူး။ မိုးရေတွေထဲမှာ Location ကောင်းကောင်းလေးမှာ သွားပြီး ဓါတ်ပုံရိုက်ပါ။ သဘာဝကျကျ ဓါတ်ပုံလှလှလေးတွေ ထွက်လာမှာ သေချာပါတယ်။ ရေစိုခံတဲ့ဖုန်း၊ ကင်မရာမျိုးနဲ့ ရိုက်ဖို့တော့ မမေ့ပါနဲ့။ မဟုတ်ရင် မိုးရေစိုပြီး ပျက်သွားပါလိမ့်မယ်။

 

 

()ပန်းခြံထဲမှာ လမ်းလျှောက်ပါ

 

မိုးရေစက်တွေကြားထဲမှာ ရိုမန်တစ်ဆန်ဆန် ဒိတ်လုပ်ချင်တယ်ဆိုရင်တော့ ပန်းခြံထဲမှာ ချစ်သူလေးနဲ့ လမ်းလျှောက်ထွက်ရင်း ဒိတ်လုပ်ကြည့်ပါ။ ထီးလေးတစ်ချောင်းကို အတူဆောင်းပြီး မိုးရေတွေကြားမှာ တစ်ခါလောက်တော့ ဒိတ်လုပ်ကြည့်ဖူးသင့်ပါတယ်။

အိမ်ထဲကနေ အိမ်ပြင်ကို မထွက်ချင်ဘူးဆိုရင်တော့ ဒီလိုလေး ပျော်စရာ ဒိတ်လေးကို ဖန်တီးလို့ ရပါတယ်။

 

()အမှတ်တရပုံလေးတွေကို စီပါ

 

သူနဲ့ ကိုယ်နဲ့ အတူရိုက်ထားတဲ့ အမှတ်တရ ဓါတ်ပုံလေးတွေ၊ အမှတ်တရ ပစ္စည်းလေးတွေကို နှစ်ယောက်အတူ သေချာ ပြန်စီ၊ပြန်သိမ်းပါ။ ပုံလေးတွေကို နှစ်ယောက်အတူ ဓါတ်ပုံအယ်ဘမ်ထဲမှာ သိမ်းရင်း အဲ့ဒီတုန်းက အမှတ်တရလေးတွေကိုလဲ ပြန်ပြောရင်း ပျော်စရာ အမှတ်တရလေးေ တွကို ဖန်တီးလို့ရပါတယ်။

 

 

()စာအုပ်အတူဖတ်၊ အတူဇာတ်ကားကြည့်

 

အိမ်ထဲမှာပဲ စာအုပ်တွေကို အတူဖတ်ရင်း၊ ရုပ်ရှင်ဇာတ်ကားတွေ အတူကြည့်ရင်း ပျော်စရာ အချိန်ေ လးတွေကို ဖန်တီးလို့ရပါတယ်။ စာအုပ်တွေ အတူဖတ်ရင်း၊ ကိုယ်ဖတ်တဲ့ စာအုပ်တွေအကြောင်း၊ အရင်ကြည့်ဖူးတဲ့ ဇာတ်ကားတွေ အကြောင်းအတူ ပြောဆိုဖလှယ်လို့လဲ ရပါတယ်။

 

 

(၁၀)အတူဂိမ်းဆော့

 

အတူတူ ဂိမ်းဆော့လို့ရပါတယ်။ ကွန်ပျူတာ၊ Lap top နဲ့ပဲ ဆော့ဆော့ ၊ နောက်ဆုံး Monopoly ပဲ ကစား ကစား ပျော်စရာကောင်းတဲ့ အချိန်လေးကို သေချာပေါက် ပိုင်ဆိုင်ရမှာတော့ သေချာပါတယ်။

 

 

(၁၁)အတူတူဟင်းချက်စား

 

အတူတူ တစ်ခုခု ချက်ပြုတ်စားလို့လဲ ရပါတယ်။ အရမ်းကြီး Heavy တွေ ချက်ပြုတ်တာမျိုး မဟုတ်ပဲ ဒီအတိုင်း ပေါ့ပေါ့ပါးပါး မုန့်လုပ်စားတာ၊ ထမင်းဟင်းတွေ အတူတူ ချက်ပြုတ်စားသောက်တာမျိုးလဲ လုပ်လို့ရပါတယ်။

 

 

Credit;AuntyMay

Read times Last modified on Wednesday, 19 September 2018 09:53
Rate this item
(1 Vote)