ဇနီးသည်ကိုစိတ်ပျက်စေတဲ့ခင်ပွန်းသည်ရဲ့အပြုအမူများ

ဇနီးသည်ကိုစိတ်ပျက်စေတဲ့ခင်ပွန်းသည်ရဲ့အပြုအမူများ google.com

အခုခေတ်မှာတွေ့ရတဲ့ယောကျာ်းလေးတွေက sensitive ဖြစ်တယ်၊ သူတို့ရဲ့ခံစားချက်ပေါ်မူတည်ပြီး ဂရုစိုက်တယ်။ ဒါပေမယ့် သင့်ချစ်တဲ့ ဇနီးသည်ကို ကာကွယ်ချင်ရင်တော့ sensitive ဖြစ်တာက မကောင်းပါဘူး။ Sensitive ဖြစ်လွန်းရင် သင့်ဇနီးသည်ကို ကာကွယ်ရာမရောက်သလို သင့် အိမ်ထောင်ရေးကိုလည်း ထိခိုက်လာစေပါတယ်။ သင်ဟာ သင့်အိမ်ထောင်ရေးကို ပြိုကွဲလာအောင် လုပ်နေမိပြီးလား ဆိုတာ သိနိုင်မယ့်အချက်တွေကို မျှဝေပေးလိုက်ပါတယ်။

 

() မိသားစုကို ထောက်ပံ့မပေးဘူး

 

သင်ဟာ ယောကျာ်းအနေနဲ့၊ ခင်ပွန်းကောင်းတစ်ယောက်အနေနဲ့ သင့်မိသားစုအတွက် ထောက်ပံ့ပေးရမှာ သင့်တာဝန်ပဲဖြစ်တယ်။ အိမ်ထောင်ရေးသာယာအောင်လုပ်ဖို့က သင့်ဇနီးသည်ရဲ့တာဝန်တစ်ခုတည်းမဟုတ်ပါဘူး။ သင့်အလုပ် အချိန်ပိုလုပ်တာက သင့်ကလေးတွေကို ပြည့်စုံအောင်ထားနိုင်တယ်။ သင့်သူဌေးက မကောင်းရင်တောင် ဇနီးသည်နဲ့ ကလေးတွေ ပျော်ဖို့ ကြိတ်မှိတ်အလုပ်လုပ်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သင့်မိသားစုကို ပျော်ရွင်အောင်ထားနိုင်ဖို့လိုလို့ပါ။ ဒီလို မိသားစုအတွက် အလုပ်လုပ်တာက တန်ပါတယ်။ ဒါပေမယ့် မိသားစုကို ထောက်ပံ့မပေးနိုင်တဲ့ခင်ပွန်းကို ဇနီးတိုင်း စိတ်ပျက်လာကြတယ်။

 

 

() အဆိုးမြင်တတ်တယ်

 

ခင်ပွန်းကောင်းတစ်ယောက်ဖြစ်စေချင်တဲ့ သင့်ဇနီးက သင့်ကို အကောင်းမြင်တတ်စေချင်တယ်။ ခင်ပွန်းသည်နဲ့ ဇနီးဟာ စိန်ခေါ်ပွဲတွေ၊ ကျရှုံးမူတွေ၊ နာကျင်စရာတွေ၊ ကျန်းမာရေးပြသနာတွေကို အတူတူ ရင်ဆိုင်ဖြတ်သန်းဖို့လိုပါတယ်။ သင်ဇနီးသည်ကတော့ ၀မ်းနည်းရင် ချော့ဖို့တစ်စုံတစ်ယောက်ကိုလိုတာမဟုတ်ပါဘူး။ ငိုဖို့အတွက် သင့်ပခုံးတစ်စုံပဲလိုချင်ပါတယ်။ အဆိုးချည်းပဲမြင်နေတတ်တဲ့ ခင်ပွန်းကို ဇနီးသည်တွေက စိတ်ပျက်တတ်တယ်။

 

 

() နွေးထွေးမှုမပေးဘူး

 

ဇနီးသည်တိုင်းလိုချင်ကြတာ သူတို့ခင်ပွန်းရဲ့နွေးထွေးကြင်နာမှုတွေကိုပဲဖြစ်တယ်။ သင်အလုပ်မသွားခင် သင့်ဇနီးသည်ကို ဖက်သွားတာတို့၊ ဈေးဝယ်ထွက်ရင် လက်ကိုင်ထားတာတို့၊ တီဗီတူတူကြည့်ရင် နီးနီးကပ်ကပ်ဖက်ပြီးကြည့်တာတို့ကို လုပ်ပေးပါ။ အိမ်ထောင်သက်ကြာလာတာနဲ့ နွေးထွေးမှုတွေ မပေးလာတော့တဲ့ ခင်ပွန်းကို ဇနီးသည်တွေက စိတ်ပျက်လာတတ်ပါတယ်။

 

 

() တခြားအရာတွေက ပိုအရေးစိုက်တတ်တယ်

 

သင့် ဘယ်လောက်ပဲရည်းစားများခဲ့များခဲ့ နောက်ဆုံး သင့်ဘ၀ထွက်သက်ထိ ကုန်ဆုံးသွားချင်တဲ့သူက သင့်ဇနီးတစ်ယောက်ပဲဖြစ်တယ်။ ဒါကိုတော့ သင့်ဇနီးသိဖို့လိုပါတယ်။ အပြင်သွားတိုင်း ဖုန်းကိုပဲသုံးနေမယ်၊ အလုပ်နောက်ကျတိုင်း ဖုန်းမဆက်ဘူးဆိုရင်တော့ သင်ဇနီးက သင့်အတွက် အရေးမပါလို့ပဲဖြစ်ပါတယ်။ သင့်ဇနီးက သင့်တို့လက်ထပ်တုန်းကလောက် ဂရုစိုက်သေးလားဆိုတာကို သိချင်တယ်။ သင့်အလုပ်ကလည်း အရေးကြီးသလို သင် ဘာအတွက်လုပ်နေတယ်ဆိုတာတော့ မမေ့ပါနဲ့။

 

 

() ဂရုမစိုက်တတ်ဘူး

 

သင့်ဇနီးက သင်ချစ်တာကို ခံနေရတယ်ဆိုတာသိဖို့လိုပါတယ်။ နေ့တိုင်းအလုပ်သွားတာနဲ့ပဲ သင့်တာဝန်က ပြီးသွားတာမဟုတ်ပါဘူး။ သင့်လုပ်ပေးရမှာက ဒီထက်မကကို လုပ်ပေးရမှာပါ။ သင့်ဇနီး အတွက် သင့်အချစ်တွေ၊ ဂရုစိုက်မူတွေကို ရချင်တာပဲဖြစ်တယ်။ ဒါကြောင့် သင့်ဇနီးအတွက် အချိန်ပေးပြီး ထူးခြားတာလေးတွေကို လုပ်ပေးလိုက်ပါ။ ဂရုမစိုက်တတ်တဲ့ခင်ပွန်းတွေကိုပဲ ဇနီးသည်တွေက စိတ်ပျက်လာတာပါ။

 

 

Credit;Auntymay

Read times Last modified on Wednesday, 19 September 2018 09:52
Rate this item
(1 Vote)