၂၀၁၈ အတွက်ခေတ်အစားဆုံး စေ့စပ်လက်စွပ်ဒီဇိုင်းများ

၂၀၁၈ အတွက်ခေတ်အစားဆုံး စေ့စပ်လက်စွပ်ဒီဇိုင်းများ google.com

ကိုယ့်ချစ်သူနဲ့ရွှေလက်တွဲဖို့ ပထမအဆင့်လို့ဆိုနိုင်တဲ့စေ့စပ်ပွဲလေးလုပ်တော့မယ်၊ စေ့စပ်လက်စွပ်လေးဝယ်တော့မယ်ဆိုရင် အလှဆုံးခေတ်အမီဆုံးဒီဇိုင်းလေးတွေရွေးချယ်ချင်ကြပါတယ်။

အခုဆိုရင် Pinterest ကနေပြီး ၂၀၁၈ အတွက်ခေတ်အစားဆုံး Engagement Ring Trends တွေကိုဖော်ပြထားတာတွေ့ရပါတယ်။ ကိုယ့်ချစ်သူကို ပူဆာလို့ရလိုရငြားပေါ့၊ ကိုယ့်အကြိုက်နဲ့ကိုက်ညီ မညီ ကြည့်ကြည့်လိုက်ပါဦးနော်။

 

diamond ring 3

 

ဒီနှစ်အတွက် ခေတ်အစားဆုံးကတော့ စိန်ကို ပတ္တမြား ဒါမှမဟုတ် နီလာနဲ့ရံထားတဲ့ လက်စွပ်ဒီဇိုင်းတွေဖြစ်ပါတယ်တဲ့။

 

ring

 

ဒီ ဒီဇိုင်းလေးကတော့ ရှေးရိုးဆန်သလို ခမ်းနားတယ်လို့လည်းဆိုနိုင်ပါတယ်။ မိုးရေစက်ပုံထိဆက်နေတဲ့ ဒီ ဒီဇိုင်းလေးတွေကိုလည်း လူကြိုက်များနေပါတယ်။

 

ring1

 

စိန်ကို ဘဲဥပုံလေးဖြတ်ထားတာမို့ တစ်မျိုးလေးဆန်းသစ်လှပပါတယ်။ စိန်လက်စွပ်ဆိုရင် အဝိုင်းတွေပဲရွေးနေမယ့်အစား ဘဲဥပုံလေးကိုအပြောင်းအလဲအနေနဲ့ ရွေးချယ်လာကြတာဖြစ်ပါတယ်။

 

ring2

 

လက်လေးတစ်ချက်ဝေ့လိုက်တာနဲ့ လက်ဖြာသွားစေမယ့်ဒီ ဒီဇိုင်းမျိုးကတော့ ဘယ်တော့မှရိုးမသွားဘဲ လူကြိုက်များနေဆဲပါ။

 

ring3

 

ဒါကတော့ ကိတ်မစ်ဒယ်တန်ဆင်မြန်းခဲ့ဖူးတဲ့ လက်စွပ်လေးပါ။ တင့်တယ်ခမ်းနားမှုတွေအပြည့်ဆိုတာကတော့ ငြင်းမရပါဘူးနော်။

 

ring4

 

Silicon Carbide လို့သိကြတဲ့ Moissanite Gems တွေကလည်း အရမ်းခေတ်စားနေပါတယ်။ သူကစိန်လိုပဲတောက်ပနေတာမို့ တော်တန်ရုံဆိုစိန်နဲ့မကွာဟသလို ထင်ရစေပါတယ်။

 

ringg

 

ဈေးကတော့တော်တော်လေးကွာပါတယ်။ ဒါပေမဲ့ လူကြိုက်များပါတယ်။

 

ring6

 

ဒီလို Art deco ဒီဇိုင်းနဲ့ Vintage ဒီဇိုင်းလေးတွေကလည်း လက်ရှိမှာရွေးချယ်မှုတွေများနေပါတယ်တဲ့။

 

ring 7

 

ကဲ…ကိုယ်ကြိုက်တဲ့ဒီဇိုင်းလေးတွေ ရွေးကြည့်လိုက်ပါဦး။ ကြိုက်တာလေးတွေတွေ့ရင် ဒီဇိုင်းချည်းသီးသန့်အပ်လို့ရတာပေါ့။ တကယ်လို့မဝယ်ဖြစ်ခဲ့ရင်လည်း စိတ်ကူးနဲ့ရွေးတာက ပိုက်ဆံမပေးရဘူးလေနော်။

 

Credit;Akhayar

Read times Last modified on Wednesday, 19 September 2018 09:52
Rate this item
(4 votes)