ကိုယ်ကြိတ် Crush နေရသူက ကိုယ့်ကို သေချာပေါက်ပြန်ချစ်လာစေမယ့် နည်းလမ်း(၆)မျိုး

ကိုယ်ကြိတ် Crush နေရသူက ကိုယ့်ကို သေချာပေါက်ပြန်ချစ်လာစေမယ့် နည်းလမ်း(၆)မျိုး google.com

တစ်ယောက်ယောက်ကို ကြိတ်ကြွေနေရတယ်ဆိုတာ ကြည်နူးစရာလည်းကောင်း၊ ရင်ခုန်စရာလည်း ကောင်းပေမယ့် သူဟာ ကိုယ်နဲ့သက်ဆိုင်သူ မဟုတ်သေးတဲ့အတွက် သူ့ဘက်ကရော ကိုယ်နဲ့ပတ်သက်ရင် ဘယ်လိုခံစားချက်မျိုးရှိသလဲ ဆိုတာ သေချာမသိရလို့ ခန့်မှန်းချေတွေနဲ့စိတ်ပင်ပန်းရတာကတစ်မျိုး၊

သူ တခြားသူတွေနဲ့ ပျော်ရွှင်နေတဲ့အချိန်မှာ ကိုယ်ပါဝင်ခွင့်မရှိရင်လည်း ဘာမှပြောခွင့်မရှိလို့ ၀မ်းနည်းရတာကတစ်မျိုး၊ ကိုယ့်ကိုဂရုမစိုက်ဘဲ တခြားသူကိုဂရုစိုက်လို့ သ၀န်တိုစိတ်တွေနဲ့ ပူလောင်ရတာတွေကတစ်မျိုးနဲ့ တစ်ဖက်သတ် ရှုပ်ထွေးနေရပါတယ်။ ဒါဆို အဲ့ဒီလိုတွေမဖြစ်ချင်တော့ဘူးဆိုရင် ကိုယ့် crush လေးနဲ့ သက်ဆိုင်သူတွေဖြစ်အောင် ကိုယ့်ဘက်က ဒီလိုမျိုးလေးတွေ ကြိုးစားအားထုတ်လိုက်တော့နော်။

 

 

() ယုံကြည်မှုရှိတဲ့ ပုံစံနဲ့နေပါ

 

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတာက နေရာတိုင်းမှာ အသုံးဝင်ရုံမက ဒီနေရာမှာလည်း အသုံးဝင်ပါတယ်။ crush ရှေ့ရောက်ရင် ကယောင်ကတမ်းတွေဖြစ်ပြီး ဘာတွေပြောလို့ပြောမိမှန်း မသိဘူးဆိုတာမျိုးက ဆွဲဆောင်မှုသိပ်မရှိပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့အခါ အရာရာမှာ အဆင်ပြေချောမွေ့နိုင်ပြီး သူနဲ့စကားစမြည်ပြောတဲ့အခါမှာလည်း စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာလေးတွေ ဖြစ်လာနိုင်ပြီး သူ့ကို ဆွဲဆောင်နိုင်မှာ သေချာပါတယ်။

 

 

() အမူအရာလေးတွေနဲ့ပြောဖို့ကြိုးစားပါ

 

အမူအရာလေးတွေက စကားလုံးတွေ အများကြီးထက် ပိုထိရောက်တယ်ဆိုတာ မယုံမရှိပါနဲ့။ တခြားသူတွေရော ရှိနေတဲ့အချိန်မှာ သူ့ဘက်ကို မျက်နှာလှည့်ပြီး စကားပြောတာမျိုး၊ စက္ကန့်အနည်းငယ် မျက်တောင်မခတ်ဘဲ စိုက်ကြည့်တာမျိုး၊ သူကိုယ့်ကို လှမ်းကြည့်တဲ့အချိန်တွေမှာ ချက်ချင်းမျက်နှာလွဲလိုက်သလိုမျိုးလေးတွေ လုပ်ပေးပါ။ အဲဒီအမူအရာလေးတွေက ကိုယ်သူ့ကိုစိတ်ဝင်စားနေတယ်ဆိုတာကို သေချာပေါက်ဖော်ပြပေးနိုင်ပါတယ်။

 

 

() မက်ဆေ့ပို့ဖို့ ၀န်မလေးပါနဲ့

 

ဒါကတော့ ပြောစရာတောင်လိုမယ် မထင်ပါဘူး။ မက်ဆေ့ကပို့လွန်းလို့ ခက်နေတာဆိုတာမျိုး မဟုတ်လား။ ဒါပေမယ့် အချိန်တိုင်းနီးပါး တောင်စဉ်ရေမရတွေလျှောက်ပို့နေမယ့်အစား ကိုယ့်ခံစားချက်ကို ကိုယ်စားပြုနိုင်တဲ့ စကားလုံးလေးတွေ၊ သူ့ကို အမှန်တကယ်စိတ်ပူကြောင်း ၊ သူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို အမှန်တကယ်စိတ်ဝင်စားတဲ့အကြောင်း ပြသနိုင်မယ့် မက်ဆေ့လေးတွေကို ပို့ပါ။ အဲ့ဒါမှ သူ့ဘက်ကလည်း ကိုယ့်ခံစားချက်တွေကို ခံစားမိသွားမှာပါ။ ရည်ရွယ်ချက်မရှိ လျှောက်ပို့နေတဲ့ မက်ဆေ့တွေက လုံးဝအသုံးမ၀င်ပါဘူးနော်။

 

 

() ပျော်စရာအချိန်လေးတွေ ဖန်တီးပါ

 

နှစ်ယောက်တည်း သပ်သပ်ချိန်းပြီး လျှောက်လည်မှ ပျော်စရာကောင်းတာမဟုတ်ပါဘူး။ အတူရှိခွင့်ရတဲ့ အချိန်လေးတွေကို ပျော်စရာကောင်းအောင်ဖန်တီးတတ်ဖို့ လိုပါတယ်။ ပြီးတော့ အဖွဲ့လိုက်သွားတဲ့ ခရီးလိုဟာမျိုးကလည်း သင်သာဖန်တီးတတ်ရင် နှစ်ယောက်တည်းသွားတဲ့ ခရီးလိုမျိုးဖြစ်သွားပြီး သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို အများကြီးတိုးတက်သွားစေနိုင်တယ်နော်။ ဒါပေမယ့် အထာပေးတာကလည်း အလွန်အကျွံ မဖြစ်ဖို့လိုသေးနော်။ မဟုတ်ရင် ဒီတိုင်းနေတော့အကောင်း အထာပေးကောင်းလို့ crush နဲ့မနီးဘဲ crush နဲ့ဝေးသွားပါဦးမယ်။

 

 

() သူ့လုပ်ရပ်တွေကို ချီးကျူးပါ

 

ချီးကျူးစကားဆိုတာ လူတွေရဲ့ သည်းခြေကြိုက်ပေါ့။ အဲ့ဒီလိုကြိုက်တဲ့အထဲမှာလည်း ယူတို့ရဲ့ crush လေးတွေလည်း ပါမှာ သေချာပါတယ်။ အောင်မြင်မှုကြီးကြီးမားမားရမှ ချီးကျူးရမှာမဟုတ်ပါဘူး။ အတန်းတွင်း exam result တိုးတက်မှုကအစ ၊ အားကစားလှုပ်ရှားမှုနဲ့ပတ်သက်တာအဆုံး အားလုံးကို ချီးကျူးလိုက်ပါ။

 

 

() ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ကိုယ်ပိုင်ဟန်ကို ပေါ်လွင်အောင်နေပါ

 

မိန်းကလေးတစ်ယောက်က ဘယ်လောက်ပဲ ကိုယ်ပိုင်စတိုင်ရှိရှိ တစ်ဖက်သတ်ကြွေရတဲ့ crush ရှိလာတဲ့အခါ သူဘယ်လိုပုံစံမျိုးကို ကြိုက်တာလဲဆိုတာကို မရမကစုံစမ်းပြီး အဲ့ဒီသူ့အကြိုက်ပုံစံမျိုး ပြောင်းလဲပစ်ဖို့ ကြိုးစားကြပါတော့တယ်။ အဲ့လိုမလုပ်ပါနဲ့။ သင့်ရဲ့ကိုယ်ပိုင်စတိုင် အစစ်အမှန်ကိုသာ သူကြွေသွားအောင် ကြိုးစားပါ။ ဘာလို့ဆို ကောင်လေးတွေက ကိုယ်ပိုင်ဟန်ရှိတဲ့ ကောင်မလေးတွေဆို ပိုပြီးကြွေတတ်ကြလို့ပါ။ ဒါကြောင့် ကိုယ်ကြိတ်ကြွေနေရတဲ့ သူလေးအတွက် ကိုယ့်ကိုယ်ကိုမပြောင်းလဲပါနဲ့လို့။

 

 

Credit;Aunty May

Read times Last modified on Wednesday, 19 September 2018 09:51
Rate this item
(2 votes)