အမျိုးသားတွေကို ဆွဲဆောင်နိုင်တဲ့ မိန်းကလေးတွေရဲ့ လက္ခဏာရပ်တွေ

အမျိုးသားတွေကို ဆွဲဆောင်နိုင်တဲ့ မိန်းကလေးတွေရဲ့ လက္ခဏာရပ်တွေ google.com

ကိုယ့်ကို ယောက်ျားလေးတစ်ယောက် မြင်မြင်ချင်းမှာ သတိထားမိနေစေပြီး ဆွဲဆောင်နိုင်ဖို့အတွက် မိန်းကလေးတစ်ယောက်ရဲ့သွင်ပြင်ကသိပ်ကိုအရေးပါလှပါတယ်။

ဘယ်လိုပုံစံမျိုးကို သဘောကျသလဲလို့မေးရင်တော့အများအာဖြင့် ရင်သား၊ တင်၊ အပြုံး၊ ခန္ဓာကိုယ်အချိုးအစာတွေလို အများအားဖြင့် ဖြေကြမှာပါ။ဒါပေမယ့် တခြားအရာတွေလည်းရှိနေပါသေးတယ်။ ဘယ်လိုအရာတွေက ဆန့်ကျင်ဘက် အမျိုးသားကို ဆွဲဆောင်နိုင်တာလဲဆိုတာ ကြည့်လိုက်ရအောင်နော်။

 

၁။ ဆံပင်ရှည်ရှည်လေး

 

ဆံပင်ရှည်တဲ့ မိန်းကလေးတွေကို အမျိုးသားတွေ သဘောကျလေ့ရှိကြပါတယ်။ လှပတဲ့ဆံနွယ်လေးတွေက ဆွဲဆောင်မှုတစ်ခုပါပဲ။

 


၂။ ကိုယ်သင်းရနံ့


အမျိုးသမီးတို့ရဲ့ ကိုယ်သင်းရနံ့ သင်းပျံ့မှုကလည်း ဆွဲဆောင်မှုတစ်ခုပါပဲ။ ကိုယ်သင်းရနံ့ ကောင်းမွန်တဲ့ အမျိုးသမီးတစ်ယောက်နားကဘယ်သူခွာချင်မှာလဲနော်။

 


၃။ ရှင်းသန့်နေတဲ့ မျက်နှာ


သင့်မျက်နှာမှာ ဘာအပြစ်အနာဆာမှမရှိဘဲ ရှင်းသန့်နေတာဟာလည်း ဆွဲဆောင်မှုတစ်မျိုးပါပဲ။

 


၎။ သွားလေးတွေရဲ့အရောင်


ဖြူဖွေးပြီး သန့်နေတဲ့သွားလေးတွေ၊ ညီညာနေတဲ့ သွားလေးတွေက ပြုံးလိုက်တိုင်း ဆွဲဆောင်မှုတစ်ခုဖြစ်စေမှာဖြစ်ပြီး အမျိုးသားတွေကို အပြုံးလေးတစ်ချက်နဲ့ ဆွဲဆောင်နိုင်မှာသေချာပါတယ်။

 


၎။ ခန္ဓာကိုယ်အချိုးအစား


လှပတဲ့ ခန္ဓာကိုယ်အချိုးအစား၊ အချိုးကျလှတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ မမတွေကအားသာချက်တစ်ခုပါပဲနော်။

 


၅။ အနီရောင်


အနီရောင်ကလည်း အမျိုးသမီးတွေကိုဆွဲဆောင်မှုပိုစေတဲ့အရာပါပဲ။ အနီရောင်ကိုဝတ်ဆင်တဲ့ အမျိုးသမီးတွေရဲ့အလှကထင်းခနဲပေါ်လွင်ပြီး ဆွဲဆောင်မှုအပြည့်ရှိစေမှာဖြစ်ပါတယ်။

 


Credit;MyStyle Myanmar

Read times Last modified on Wednesday, 19 September 2018 09:51
Rate this item
(2 votes)