မင်္ဂလာဆောင်မယ့်နေ့အလိုက်သုံးသင့်တဲ့ပန်းများ

မင်္ဂလာဆောင်မယ့်နေ့အလိုက်သုံးသင့်တဲ့ပန်းများ google.com

အတိတ်ကောင်း နမိတ်ကောင်းတွေနဲ့ ရှေ့လျှောက် ဘဝခရီးလမ်းကိုချောမွေ့အဆင်ပြေအောင် တစ်ဖက်တစ်လမ်းကပံ့ပိုးပေးနိုင်တဲ့ပန်းမျိုးဖြစ်ဖို့အရေးကြီးပါတယ်။

မင်္ဂလာပွဲတစ်ပွဲရဲ့လှပတင့်တယ်မှုနဲ့ ခမ်းနားထည်ဝါမှုတွေအတွက်ပန်းအပြင်အဆင်လေးတွေက အရေးပါလှတဲ့အစိတ်အပိုင်းတစ်ခုပါ။ ဒါကြောင့် ကိုယ့်ရဲ့မင်္ဂလာပွဲပန်းအပြင်အဆင်မှာထည့်သွင်းအသုံးပြုတဲ့ ပန်းအမျိုးအစားတွေက အသင့်တော်ဆုံး အမျိုးအစားတွေ ဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါပြင့်အတိတ်ကောင်း နမိတ်ကောင်းတွေနဲ့ ရှေ့လျှောက်ဘဝခရီးလမ်းကို ချောမွေ့အဆင်ပြေအောင် တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးနိုင်တဲ့ ပန်းမျိုး ဖြစ်ဖို့အရေးကြီးပါတယ်။ အဲ့ဒိအတွက်မင်္ဂလာဆောင်မယ့် နေ့ရက်၊ အချိန်အခါ စတာတွေကိုလိုက်ပြီး သုံးသင့်တဲ့ပန်းအမျိုးအစားတွေလည်း ရှိပါတယ်။ ဒါကြောင့်မင်္ဂလာဆောင်မယ့် နေ့ရက်ပေါ်မူတည်ပြီး သုံးသင့်တဲ့ မင်္ဂလာပန်းတွေအကြောင်း ဝေမျှပေးချင်ပါတယ်။

 

 

တနင်္ဂနွေနေ့မှာ မင်္ဂလာဆောင်မယ် ဆိုရင်

 

တနင်္ဂနွေနေ့မှာ ပွဲကျင်းပမယ့် မောင်နှံတွေ အနေနဲ့ ကံ့ကော်ပန်းကို မင်္ဂလာပန်းအဖြစ် သုံးရပါမယ်။

 

 

တနင်္လာနေ့မှာ မင်္ဂလာဆောင်မယ် ဆိုရင်

 

တနင်္လာနေ့မှာ ပွဲကျင်းပမယ့် မောင်နှံတွေ အနေနဲ့ နှင်းဆီပန်းကို မင်္ဂလာပန်းအဖြစ် သုံးရပါမယ်။

 

 

အင်္ဂါနေ့မှာ မင်္ဂလာဆောင်မယ် ဆိုရင်

 

အင်္ဂါနေ့မှာ ပွဲကျင်းပမယ့် မောင်နှံတွေ အနေနဲ့ ဇလပ်ပန်းကို မင်္ဂလာပန်းအဖြစ် သုံးရပါမယ်။

 

 

ဗုဒ္ဓဟူးနေ့မှာ မင်္ဂလာဆောင်မယ် ဆိုရင်

 

ဗုဒ္ဓဟူးနေ့မှာ ပွဲကျင်းပမယ့် မောင်နှံတွေ အနေနဲ့ စံပယ်ပန်းကို မင်္ဂလာပန်းအဖြစ် သုံးရပါမယ်။

 

 

ကြသပတေးနေ့မှာ မင်္ဂလာဆောင်မယ် ဆိုရင်

 

ကြသပတေးနေ့မှာ ပွဲကျင်းပမယ့် မောင်နှံတွေ အနေနဲ့ သဇင်ပန်း၊ သစ္စာပန်း စတဲ့ပန်းတွေကို မင်္ဂလာပန်းအဖြစ် သုံးရပါမယ်။

 

 

သောကြာနေ့မှာ မင်္ဂလာဆောင်မယ် ဆိုရင်

 

သောကြာနေ့မှာ ပွဲကျင်းပမယ့် မောင်နှံတွေ အနေနဲ့ ဒန်းပန်း၊ နှင်းပန်းကို မင်္ဂလာပန်းအဖြစ် သုံးရပါမယ်။

 

 

စနေနေ့မှာ မင်္ဂလာဆောင်မယ် ဆိုရင်

 

စနေနေ့မှာ ပွဲကျင်းပမယ့် မောင်နှံတွေ အနေနဲ့ အုန်းပန်းကို မင်္ဂလာပန်းအဖြစ် သုံးရပါမယ်။

 

 

Credit;Marry

Read times Last modified on Thursday, 20 September 2018 16:50
Rate this item
(2 votes)