ကလေးမယူခင် စုံတွဲတိုင်း အပြန်အလှန် စဉ်းစား၊ မေးမြန်းကြည့်သင့်တဲ့ အရာများ

ကလေးမယူခင် စုံတွဲတိုင်း အပြန်အလှန် စဉ်းစား၊ မေးမြန်းကြည့်သင့်တဲ့ အရာများ google.com

ကလေးယူတယ်ဆိုတာ ထင်သလောက်မလွယ်ပါဘူး။ မွေးပေးလိုက်ရုံနဲ့တင် မပြီးသွားပါဘူး။ မွေးပြီး ဘဝတလျှောက်လုံး တာဝန်ယူမှုတွေ အများကြီး ရှိလာပါပြီ။

ကလေးယူဖို့အတွက်နဲ့ ကြိုတင်တိုင်ပင်ထားခြင်း မရှိဘူးဆိုလျှင် နောက်ပိုင်းမှာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီတော့ အိမ်ထောင်ပြုလိုက်တာနှင့် လင်မယားအချင်းချင်း ဒီလိုမေးခွန်းတွေ အပြန်အလှန် မေးကြည့်သင့်ပါတယ်။

 

 

၁။ ကလေးရလာရင် ဘာတွေလုပ်ကြမယ်ဆိုတာမျိုး ဆွေးနွေးပါ။

 

ကလေးက မွေးပေးလိုက်ရုံနဲ့ ပြီးမသွားပါဘူး။ နောက်ဆက်တွဲ သူတို့လေးတွေကို ပြုစုပျိုးထောင်ဖို့ မိဘများမှာ အစီအစဉ်ကောင်းတွေ ရှိမှရပါမယ်။ သေချာတာကတော့ ကလေးရလာရင် လူလွတ်လို လုံးဝနေလို့မရတော့တဲ့အပြင် သင့်အတွက် အချိန်ဆိုတာလည်း နည်းသွားပါလိမ့်မယ်။ ဒါကို ကြိုစဉ်းစားထားဖို့ လိုအပ်သလို နှစ်ယောက်တည်းနေတဲ့ သူတွေဆိုလျှင်လည်း ကိုယ်ဝန်ရှိလာတဲ့အချိန်တည်းက အဖော်တစ်ယောက်လောက်တော့ ခေါ်ထားသင့်ပါတယ်။ မီးဖွားပြီးလျှင်လည်း အလုပ်ဆက်လုပ်မှာလား၊ မလုပ်ဘူးလား၊ ကလေးကို ဘယ်လိုထိန်းသိမ်းမလဲဆိုတာတွေ အများကြီး စဉ်းစားထားပြီးပါပြီလား။

 

 

၂။ဘယ်လိုမိဘမျိုး ဖြစ်ချင်ကြလဲဆိုတာ တိုင်ပင်ပါ။

 

သားသမီးအတွက် မိဘကောင်းဖြစ်ဖို့ အရမ်းအရေးကြီးပါတယ်။ ကိုယ်တိုင်လည်း ကိုယ့်မိဘရဲ့ သွန်သင်ဆုံးမမှုအောက်မှာ နေထိုင်လာခဲ့မှာဖြစ်တဲ့အတွက် ကိုယ့်မိဘရဲ့ ကောင်းသော၊ ဆိုးသော ဆုံးမပြောဆိုမှုများကို သင်ခန်းစာယူပြီး မိမိရဲ့ သားသမီးကို အကောင်းဆုံး ပြုပြင်လမ်းကြောင်း ဆုံးမနိုင်ဖို့ အရေးကြိးပါတယ်။ သားသမီးအတွက် မိဘကောင်းတွေ ဖြစ်နိုင်ဖို့ နှစ်ဦးသား ဆွေးနွေးတိုင်ပင်ပါ။

 

 

၃။ ရန်ဖြစ်စကားများတဲ့အခါ ဘယ်လိုပုံစံမျိုးနဲ့ ပြောင်းလဲဖြေရှင်းမလဲဆိုတာ စဉ်းစားပါ။

 

ကလေးရလာလျှင် အရင်တုန်းက စကားများ၊ ရန်ဖြစ်သလို လက်လွတ်စပါယ် ပြောဆို၊ ပြုမူလို့ မရတော့ပါဘူး။ မိဘနှစ်ပါးရဲ့ အပြုအမူ၊ အပြောအဆို ကြမ်းတမ်းမှုတွေက ကလေးတွေရဲ့စိတ်ကို ဒဏ်ရာလည်းရစေနိုင်သလို၊ အတုယူလွဲမှားမှုတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒါတွေကိုလည်း ကြိုတွေးထားဖို့ လိုပါတယ်။

 

 

၎။ ငွေရေးကြေးရေး ကိစ္စ ကြိုစဉ်းစားထားပါ။

 

 

ပိုက်ဆံမရှိလည်း မွေးနေကြတာပဲလို့တော့ အလွယ်မပြောစေချင်ပါဘူး။ သားသမီးကို support လုပ်ပေးနိုင်ဖို့၊ အကောင်းဆုံးတွေ ဖြစ်စေဖို့အတွက် မိမိတို့လက်ထဲမှာ လုံလောက်တဲ့ငွေကြေး၊ ကလေးရှေ့ရေးအတွက် ငွေကြေးတွေ ရှိထားသင့်ပါတယ်။ အကောင်းဆုံးကတော့ ကလေးယူမယ်လို့ ဆုံးဖြတ်လိုက်တာနှင့် ပိုက်ဆံကို သေချာစုဖို့ လိုပါပြီ။

 

 

၅။ ကလေးယူဖို့ နှစ်ဦးစလုံး လိုလိုလားလားရှိမှ ယူဖို့ဆုံးဖြတ်ပါ။

 

နှစ်ဦးသား အမှန်တကယ် ကလေးလိုချင်တယ်ဆိုတော့မှ ယူတာ အကောင်းဆုံးပါ။ တစ်ဦးတည်းရဲ့ ဆုံးဖြတ်ချက်နဲ့တော့ ယူဖို့ မဆုံးဖြတ်သင့်ပါဘူး။

 

 

Credit;Shweinnlay

Read times Last modified on Tuesday, 18 September 2018 16:08
Rate this item
(1 Vote)