တကယ်ချစ်တယ်ဆိုရင်ချစ်သူအပေါ် ရိုးသားပြီးပွင့်လင်းပါ

တကယ်ချစ်တယ်ဆိုရင်ချစ်သူအပေါ် ရိုးသားပြီးပွင့်လင်းပါ google.com

Relationship တစ်ခုမှာ ရွှေလက်တွဲမြဲဖို့ဆိုတာက တစ်ဦးနဲ့တစ်ဦး ချစ်နေရုံတစ်ခုထဲနဲ့မပြည့်စုံသေးပါဘူး။

လူတိုင်းကတော့ ကိုယ်တကယ်ချစ်တဲ့သူနဲ့ပဲ သက်ဆုံးတိုင်ပေါင်းဖက်ချင်ကြတာမှန်ပေမယ့်တကယ့်လက်တွေ့မှာတော့ သဘောထားချင်းမတိုက်ဆိုင်ပဲလမ်းတစ်ဝက်မှာတင်ကျောခိုင်းလမ်းခွဲလိုက်ရတဲ့ချစ်သူစုံတွဲအရေအတွက်က ပိုများပါတယ် ။ အထူးသဖြင့် ချစ်သူသက်တမ်းကြာလာတာနဲ့အမျှစုံတွဲတွေမကြာခဏစကားများ ရန်ဖြစ်နေရတဲ့အကြောင်းရင်းကတော့တစ်ဦးနဲ့တစ်ဦးနားလည်မှုမရှိတာနဲ့ပွင့်လင်းမှုတွေမရှိတာပါ။

 

လူတစ်ယောက်ကို တကယ်ချစ်တဲ့အခါသူ့အပေါ်ကိုယ့်ရဲ့စိတ်နေစိတ်ထား ၊ အပြုအမူတွေက ရိုးသားပွင့်လင်းနေဖို့တော့ လိုပါတယ်။ ဒီလိုမှမဟုတ်ရင်ချစ်သူဘဝမှာသာမကအိမ်ထောင်သည်ဘဝရောက်ချိန်မှာပါ အပျက်ပျက်နဲ့နှာခါင်းသွေးထွက်တဲ့အဖြစ်မျိုးကြုံရပါလိမ့်မယ် ။ ချစ်သူရည်းစားဘဝမှာထဲက ကိုယ့်ရဲ့အားနည်းချက် ၊ အားသာချက်တွေ ၊ ကိုယ့်ရဲ့ဘဝရပ်တည်မှုတွေကို ပွင့်ပွင့်လင်းလင်း ပြောပြထားမှသာ နောင်တစ်ချိန်မှာ နောင်တရစရာမလိုသလိုချစ်သူရဲ့ယုံကြည်မှုကိုလည်းရရှိမှာဖြစ်ပါတယ်။

 

ကိုယ်က ကိစ္စအသေးအမွှားလေးတစ်ခုလို့ထင်ပြီး ဖွင့်မပြောထားမိရာက တစ်နေ့နေ့မှာအမှတ်မထင်ပဲ သူသိသွားပြီဆိုရင်တော့ နောက်ဆက်တွဲနေ့ရက်တွေမှာ သံသယတွေနဲ့သာ မကြာခဏစကားများရန်ဖြစ်ရတတ်ပါတယ်။ဒါကြောင့် ချစ်သူစုံတွဲတွေအိမ်ထောင်သည်တွေ အနေနဲ့မိမိတို့ရဲ့ချစ်သူ ၊ အိမ်ထောင်ဖက်အပေါ်ရိုးသားပြီး ပွင့်ပွင့်လင်းလင်းပြောဆိုနေထိုင်သင့်ပါတယ်နော်။ ချစ်သူစုံတွဲ ၊အိမ်ထောင်ရှင်တွေတိုင်း ရိုးမြေကျပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ကြပါစေ။

 

 

Credit;Akhayar

Read times Last modified on Tuesday, 18 September 2018 16:10
Rate this item
(1 Vote)