သတို့သမီးလေးလှဖို့မင်္ဂလာဝတ်စုံအပြင်ဘာတွေလိုအပ်သလဲ

သတို့သမီးလေးလှဖို့မင်္ဂလာဝတ်စုံအပြင်ဘာတွေလိုအပ်သလဲ google.com

သတို့သမီးလေးလှဖို့ မင်္ဂလာဝတ်စုံအပြင် ဘာတွေလိုအပ်သလဲ ဆိုတာ အလှဆုံး ဖြစ်ဖို့ ကြိုးစားနေတဲ့ သတို့သမီးလေးတွေသိအောင်ပြောပြပေးချင်ပါတယ်။

မိန်းကလေးတွေက သာမန်အပြင်သွားဖို့အတွက်တောင် ဘာဝတ်ရမလဲ၊ ၀တ်မယ့် ၀တ်စုံနဲ့ ဘယ်လို Accessories လေးတွေ လိုက်ဖက်လဲ၊ ဘယ်လက်ကိုင်အိတ် ကိုင်ရမလဲ၊ ဘာဖိနပ် စီးသွားရမလဲ ဆိုတာရယ်ကို ခေါင်းပူအောင် စဉ်းစားတတ်သူတွေ မဟုတ်လား။ ဒီတော့ ကိုယ့်ရဲ့ မင်္ဂလာပွဲနေ့ အတွက်ဆိုရင် နတ်သမီးလေးတွေလို ကမ္ဘာပေါ်မှာ အလှဆုံး မိန်းကလေး ဖြစ်ချင်မှာ သေချာပါတယ်။ မင်းသမီးလေးလို လှနေဖို့ မိတ်ကပ်၊ ဆံပင် အပြင်အဆင်နဲ့ အဝတ်အစားတွေက အရေးကြီးဆုံး ဆိုပေမယ့် အလှအပလိုအပ်ချက်လေးတွေကို ဖြည့်စွက်ပေးမယ့် Accessoris လေးတွေရဲ့ အရေးပါမှုတွေကိုလည်း တကယ့်ကို လိုအပ်ပါတယ်။ သတို့သမီးလေးရဲ့ အလှကို ဆပွါးတိုးစေမယ့် Accessories လေးတွေက ဘာတွေများလဲဆိုတာပြောပြပေးချင်ပါတယ်။

 

ပုဝါ – ဗမာ ဝတ်စုံနဲ့ပဲ ဆောင်ဆောင်၊ အနောက်တိုင်း ဝတ်စုံနဲ့ပဲဆောင်ဆောင် ပုဝါလိုအပ်ပါတယ်။

 

အတွင်းဝတ် – အတွင်းခံအဝတ်အစားကခန္ဓာကိုယ်ကိုပိုလှအောင် ပြုပြင်ပေးလို့ပါ။

 

ဆံပင်အလှဆင်ပစ္စည်း – ပန်းလေးတွေ၊ ကလစ်လေးတွေ၊ သရဖူလေးတွေ၊ ဘီးကုတ်လေးတွေက ထုံးထားတဲ့ ဆံထုံးလေးကို ပိုလှစေမှာပါ။

 

ဖိနပ် – ဝတ်စုံနဲ့လိုက်ဖက်တဲ့ ဖိနပ်လှလှလေးက သတို့သမီးလေးရဲ့ ခြေလှမ်းတွေကို ပိုလှစေမှာပါ။

 

ရေမွှေး – သင်းပျံ့တဲ့မွှေးရနံ့လေးကြောင့် ကိုယ်ကိုယ်တိုင်ရော ဘေးနားကသတို့သားလေးရော၊ ကိုယ့်ကို ပွေ့ဖက်နှုတ်ဆက်ကြတဲ့ ဧည့်ပရိတ်သတ်တွေပါစိတ်ကြည်လင်သွားမှာပါ။

 

လက်ကိုင်ပန်း – တချို့ကောင်မလေးတွေရဲ့ အလှချို့ယွင်းချက်တွေကို လက်ကိုင်ပန်းစည်းလေးက ဖျောက်ပေးနိုင်တယ်ဆိုတာယုံလိုက်ပါနော်။

 

လက်ကိုင်အိတ် – လက်ကိုင်ပန်း မကိုင်တဲ့ သတို့သမီးလေးတွေအတွက် လက်ကိုင်အိတ်လေးတော့ လိုအပ်ပါတယ်။

 

လည်ဆွဲဘယက် – ဝတ်စုံရဲ့ရင်ဘတ်ဒီဇိုင်းနဲ့ လိုက်ဖက်တဲ့လည်ဆွဲဘယက်ကသတို့သမီးလေးရဲ့အလှကိုပိုခမ်းနားစေပါတယ်။

 

နားကပ် – ထုံးထားတဲ့ဆံထုံးနဲ့ဝတ်ထားတဲ့ ဝတ်စုံကြားကလစ်ဟင်းနေတဲ့ နေရာလေးကို နားကပ်ကလေးနဲ့ ဖြည့်လိုက်ပါနော်။

 

အခြားလက်ဝတ်ရတနာ – လက်ကောက် ၊ လက်စွပ်၊ ရင်ထိုးစတဲ့ လက်ဝတ်ရတနာတွေကိုတော့ ကိုယ်နဲ့လိုက်တာတွေကို ရွေးဝတ်သင့်တယ်နော်။

 

အခုပြောပြခဲ့တဲ့ Accessories လေးတွေမှာ မသုံးမဖြစ် သုံးသင့်တဲ့Accessories လေးတွေ ပါသလို မသုံးဘဲ ချန်ခဲ့လို့ရတဲ့ Accessories လေးတွေလည်း ပါပါတယ်။ အလှဆုံး သတို့ သမီးလေး ဖြစ်ဖို့အတွက်ကတော့ ကိုယ်နဲ့ လိုက်တဲ့၊ ကိုယ့်ရဲ့ အလှတွေကို ပိုပြီး ၀င့်ကြွားစေမယ့် Accessories လေးတွေကို မမေ့ခဲ့ဖို့လိုအပ်ပါတယ်နော်။

 

 

Credit;Marry

Read times Last modified on Tuesday, 18 September 2018 16:05
Rate this item
(1 Vote)