Outdoor Wedding Places - 2

Outdoor Wedding Places - 2

တစ်ဦးနှင့်တစ်ဦး အကြိုက်ချင်းမတူညီကြပါ။ မင်္ဂလာခန်းမထဲတွင် မိမိစိတ်ကြိုက်အခမ်းအနားအပြင်အဆင်နှင့်

ပုံစံအမျိုးမျိုး ဖော်ကြသလိုပဲ လေဟာပြင်တွင်လည်း ပူဖောင်းကလေးများဖြင့် အခမ်းအနားအပြင်ကိုလည်း ကြိုက်နှစ်သက်သည့်သူများလည်း ရှိပါတယ်။ အောက်တွင် လေဟာပြင်တွင် ကျင်းပလို့ရနိုင်တဲ့ နေရာများကို ဖော်ပြပေးလိုက်ပါတယ်။

Inya Lake Hotel

ညစာစားပွဲအတွက် International Buffet ဆိုလျှင် တစ်ယောက်ကုန်ကျစရိတ် ဒေါ်လာ ၃၀ မှ ၃၅ အထိရှိပြီး Chinese Buffet ဆိုလျှင် တစ်ယောက်ကုန်ကျစရိတ် ဒေါ်လာ ၃၅ မှ ၄၀ အထိရှိပါတယ်။

ဟိုတယ်၏ ၀န်ဆောင်မှုများမှာ မင်္ဂလာခန်းမအပြင်အဆင်၊ နောက်ခံစာတမ်းရေးထိုးခြင်း၊ wedding cake ပြုလုပ်ပေးခြင်းနှင့် နံနက်စာဘူဖေးအပါအ၀င် တစ်ညတာတည်းခိုခွင့်ပေးခြင်းတို့ကို ဟိုတယ်မှ စီစဉ်ဆောင်ရွက် ပေးကြောင်း သိရပါတယ်။

အခွန်အနေနဲ့ ၀ီစကီတစ်လုံးကို ၁၀ ဒေါ်လာ၊ ၀ိုင်တစ်ပုလင်းကို ၁၂ ဒေါ်လာ

Soft Drink Package အနေနဲ့ ၂ နာရီအတွင်း အချိုရည် အခမဲ့ တစ်ဦးလျှင် ၃ ဒေါ်လာ

Soft Drink Package ကို ယူပါက ယမကာအတွက် အခွန်ပေးစရာမလိုပါ။

အမှတ် ၃၇၊ ကမ္ဘာအေးဘုရားလမ်းမကြီး၊ ရန်ကုန်မြို့။

၀၁-၉၆၆၂၈၆၆၊ ၀၁-၉၆၆၂၈၅၇

Boat Club

မြန်မာနိုင်ငံ လှေလှော်ရွက်တိုက်အသင်းတွင် ၀င်ကြေးကို ဧည့်သည်တစ်ယောက်လျှင် ၅၀၀၀ ကျပ် ပေးရမှာဖြစ်ပါတယ်။ Member ဆိုလျှင် အခမဲ့ဝင်နိုင်ပါတယ်။

အစားအသောက်အနေနဲ့ကတော့ အပြင်မှ ကိုယ်ကြိုက်နှစ်သက်ရာ မှာယူရမှာပါ။ လေဟာပြင် မြက်ခင်း နှစ်မျိုးခွဲခြားထားပါတယ်။

တစ်ခုမှာ လူအယောက် ၅၀ ဆန့်ပြီး နောက်တစ်ခုက လူအယောက် ၁၀၀ အထိဆန့်ပါတယ်။

Alcohol အတွက်အနေနဲ့ ၄၀% ကို အခွန်အဖြစ်ပေးဆောင်ရပါတယ်။

အမှတ်(၁၃၂/က)၊ အင်းယားလမ်း၊ ရန်ကုန်မြို့။

၀၁-၅၂၆၀၅၂၊ ၀၁-၅၁၃၈၉၉

စိမ်းလန်းစိုပြေဥယျာဉ်

စိမ်းလန်းစိုပြေဥယျာဉ်၏ မြက်ခင်းပြင် (၁) တွင် လူအယောက် ၁၀၀ ဆန့် ၊ လူအယောက် ၁၀၀ မပြည့်လျှင် ၂ သိန်း ကျပ် ပေးရပါမယ်။

စိမ်းလန်းစိုပြေဥယျာဉ်၏ မြက်ခင်းပြင် (၂) တွင် လူအယောက် ၁၅၀ ဆန့်၊ လူအယောက် ၁၀၀ မပြည့်လျှင် ၁ သိန်း ကျပ် ပေးရပါမယ်။

စိမ်းလန်းစိုပြေဥယျာဉ်၏ မြက်ခင်းပြင် (၃) တွင် လူအယောက် ၃၀၀ ဆန့် ၊ လူအယောက် ၁၀၀ မပြည့်လျှင် ၃ သိန်း ပေးရပါမယ်။

ညစာစားပွဲ အစားအသောက်အနေနဲ့ တစ်ယောက်လျှင် ဘူဖေး ၁၆၀၀၀ ကျပ်၊ တရုတ်အစားအစာအနေနဲ့ ၁၀ ယောက်ဝိုင်း ၁၆၀၀၀၀ ကျပ် ကုန်ကျပါမယ်။

အင်းယားလမ်း၊ စိမ်းလန်းစိုပြေဥယျာဉ်၊ လှိုင်မြို့နယ်။

၀၁-၅၀၂၇၂၀၊ ၀၉-၈၅၆၈၆၂၂

Read times Last modified on Wednesday, 19 September 2018 17:51
Rate this item
(0 votes)