Royal Hinthar Hotel

Royal Hinthar Hotel

Royal Hinthar Hotel သည် မော်လမြိုင်မြို့၊ မြို့ရှောင်လမ်းမကြီး၊ မြေနီကုန်းရပ်ကွက်တွင် တည်ရှိတဲ့

ဟိုတယ်တစ်ခုဖြစ်ပါတယ်။

ယင်းဟိုတယ်တွင် အစည်းအဝေးပွဲများ၊ ကုမဏီမိတ်ဆုံစားပွဲများ၊ မွေးနေ့ပွဲများ၊ စေ့စပ်ပွဲများ၊ ညစာစားပွဲများနှင့် မင်္ဂလာပွဲများကို ကျင်းပနိုင်ပါတယ်။

ဟိုတယ်ရှိ Ballroom တွင် ဧည့်သည်အယောက် ၃၀၀ ဆန့်ပြီး အ၀င်အထွက်ဆိုလျှင် ဧည့်သည်အယောက် ၅၀၀ ဆန့်ပါတယ်။

ခန်းမ

ခန်းမကြေးကို ဧည့်သည်အယောက် ၅၀၀ နှင့်အထက်ဆိုလျှင် ခန်းမကြေး ပေးစရာမလိုပါ။ ဧည့်သည်အယောက် ၅၀၀ အောက်ဆိုလျှင်ဖြင့် ခန်းမကြေး (၁) နာရီလျှင် ကျပ် တစ်သိန်းခွဲ ပေးရပါမယ်။

ဟိုတယ်၏ မြက်ခင်းပြင် pool size တွင်လည်း မင်္ဂလာပွဲကျင်းပနိုင်ပါတယ်။ ဧည့်သည်အယောက် ၁၀၀ မှ ၁၅၀ အထိဆိုလျှင် ကျင်းပနိုင်ပါတယ်။

ဟိုတယ်၏ မြက်ခင်းပြင်တွင် ညစာစားပွဲ ကျင်းပလျှင် တစ်နာရီ နှစ်သိန်းကျပ် ကုန်ကျပါမယ်။ ညစာစားပွဲအတွက် Set Menu ကို Western, Thai, Asian အစားအစာများကို ရွေးချယ်နိုင်ပြီး တစ်ယောက်ကုန်ကျစရိတ် ၈,၀၀၀ ကျပ်၊ ၁၀,၀၀၀ ကျပ်နှင့် ၁၂,၀၀၀ ကျပ် အစားစားရှိပါတယ်။

ဝန်ဆောင်မှု

ဟိုတယ်မှ ၀န်ဆောင်မှုများကတော့ ဧည့်သည်အယောက် ၅၀၀ နှင့်အထက်ဆိုလျှင် မင်္ဂလာခန်းမအတွင်း ပန်းအလှပြင်ဆင်ပေးခြင်း၊ မင်္ဂလာစင်မြင့် အတွက် ပြင်ဆင်ပေးခြင်း၊ ဓာတ်ပုံ Stand ပေးခြင်း၊ သတို့သား၊ သတို့သမီးအတွက် အ၀တ်အစားလဲခန်းနှင့် မိတ်ကပ် ပြင်ဆင်ရန်အတွက် အခမဲ့အခန်းသုံးစွဲခွင့်ပေးခြင်း၊ မင်္ဂလာကိတ် လက်ဆောင်ပေးခြင်းနှင့် တစ်ညတာအခမဲ့တည်းခိုခွင့်တို့လည်း စီစဉ်ဆောင်ရွက်ခြင်းတို့ ပါဝင်ပါတယ်။

အစားအသောက်

စဉ် အမျိုးအစား တစ်ယောက်ကုန်ကျစရိတ်
မုန့် ၂ မျိုး၊ ကော်ဖီ၊ လက်ဖက်ရည်၊ ရေခဲမုန့် ၃,၅၀၀ ကျပ်
မုန့် ၃ မျိုး၊ ကော်ဖီ၊ လက်ဖက်ရည်၊ ရေခဲမုန့် ၄,၀၀၀ ကျပ်
ထောပတ်ထမင်း (သို့) ဒံပေါက်ထမင်း၊ ရေခဲမုန့် ၅,၀၀၀ ကျပ်

အမှတ် ၇၃၊ မြို့ရှောင်လမ်း၊ မြေနီကုန်းရပ်ကွက်၊ မော်လမြိုင်မြို့။

၀၉-၄၅၅၅၅၉၈၁၀~၁၅

Read times Last modified on Tuesday, 18 September 2018 14:49
Rate this item
(3 votes)