ပိဋကသုံးပုံနိကာယ်စာသင်တိုက်

ပိဋကသုံးပုံနိကာယ်စာသင်တိုက်

ပိဋကသုံးပုံ နိကာယ်စာသင်တိုက်သည် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်တွင်

တည်ရှိသည့် ဘုန်းကြီးကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။

နိကာယ်ကျောင်းတိုက်ရှိ ရွှေရတုမင်္ဂလာခန်းမတွင် မွေးနေ့ပွဲများ၊ မင်္ဂလာဧည့်ခံပွဲများ စသဖြင့် အလှူပွဲအမျိုးမျိုးကိုလည်း ဤကျောင်းတိုက်နေရာကျင်းပနိုင်ပါတယ်။

နိုင်ငံကျော် မင်းသမီးများ၊ တေးသံရှင်များ မင်္ဂလာဦးဆွမ်းကျွေးပွဲပြုလုပ် လေ့ရှိကြတဲ့ ကျောင်းတိုက်လည်းဖြစ်ပါတယ်။

ကျောင်းတိုက်တွင် မင်္ဂလာအချိန်ကို မနက် ၁၀ နာရီမှ ၁၂ နာရီအထိ တစ်ချိန်၊ နေ့လည် ၁ နာရီမှ ၃ နာရီ တစ်ချိန်၊ ညနေ ၄ နာရီမှ ၆ နာရီထိတစ်ချိန် ကျင်းပနိုင်ပါတယ်။

ကျောင်းတွင် သံဃာအပါး ၃၆၁ ပါး ရှိပါတယ်။ ကျောင်းရှိ သံဃာအားလုံးဆွမ်းကပ်ချင်လို့ပဲဖြစ်ဖြစ်၊ သံဃာ (၅) ပါး ဆွမ်းဆက်ကပ်ချင်လို့ပဲဖြစ်ဖြစ်၊ သံဃာ (၁၀) ပါး ဆွမ်းဆက်ကပ်ချင်လို့ပဲဖြစ်ဖြစ် မိမိသဒ္ဒါတရား စိတ်အားထက်သန်စွာဖြင့် ဆက်ကပ်လှူဒါန်းနိုင်ပါတယ်။

03

ယင်းကျောင်းတွင် မင်္ဂလာခန်းမကြေးအတွက် ကျပ် ၁ သိန်းခွဲနှင့် ကုသိုလ်ဖြစ်ဆေးခန်းအတွက် ဆေးပဒေသာပင်ကြေး ကျပ် ၁ သိန်းကို လှူဒါန်းရမှာဖြစ်ပါတယ်။ စုစုပေါင်း နှစ်သိန်းခွဲ ကုန်ကျမှာဖြစ်ပါတယ်။ ခန်းမတွင် လူဦးရေ ၂၆၀ ခန့် တစ်ပြိုင်ထဲဆန့်ပြီး အ၀င်အထွက်ဆိုလျှင် ဧည့်သည် ၈၀၀ ခန့် ဆန့်ကြောင်း သိရပါတယ်။

နိကာယ်စာသင်တိုက် တွင် တစ်ယောက်ကုန်ကျစရိတ် ၃၃၀၀ ကျပ် ဖြင့် မိမိကြိုက်နှစ်သက်ရာ ထောပတ်ထမင်း (သို့) ဒံပေါက် နှင့် ရေခဲမုန့်တို့ကိုလည်း ကျွေးမွေးနိုင်ရန်အတွက် ကျောင်းမှ စီစဉ်ဆောင်ရွက်ပေးပါတယ်။

ကျောင်းမှ ကျွေးမွေးဧည့်ခံရေးတွင် ပြုလုပ်ပေးမည့်သူများနှင့် နောက်ခံစာတမ်းရေးထိုးခြင်း၊ ပန်းအလှဆင်ပေးခြင်းတို့ကိုလည်း အပြီးအစီးပြုလုပ်ပေးပါတယ်။ ထပ်မံပေးဆောင်စရာမလိုပါ။

ကားပါကင်အတွက်လည်း ဘာမှစိတ်ပူစရာမလိုပါ။ နေရာကျယ်ဝန်းပါတယ်။

မှတ်ချက်။   မင်္ဂလာပွဲနေ့တွင် လက်ဖွဲ့ပစ္စည်းမှတ်ဖို့ စာအုပ်နှင့် ဘောပင် ယူလာဖို့ပဲလိုပါတယ်။

ယောက်ကော်မှတ်တိုင်၊ ပန်းခြံလမ်း၊ တောင်ဒဂုံ။

၀၉-၇၃၀၄၁၆၀၆

Read times Last modified on Tuesday, 18 September 2018 14:48
Rate this item
(1 Vote)