Lion City Chinese Restaurant

Lion City Chinese Restaurant

Lion City Chinese Restaurant သည် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊

ရွှေစံပယ်ရိပ်မွန်နှင့် ရွှေမာလာရိပ်မွန်ကြားတွင် တည်ရှိပါတယ်။

Lion City ၌ တိုင်လုံးဝမပါဘဲ Granite အပြည့်ခင်းထားသော ခန်းမကြီးထဲတွင် နောက်ဆုံးပေါ် Sound System များ ထည့်သွင်းထား၍ မင်္ဂလာ ဧည့်ခံပွဲ၊ စေ့စပ်ပွဲ၊ မွေးနေ့ဧည့်ခံပွဲ၊ မိတ်ဆွေများတွေ့ဆုံပွဲ၊ လုပ်ငန်းအစည်းအဝေးပွဲများ၊ ကံစမ်းမဲဖွင့်ပွဲ၊ သင်တန်းဆင်းပွဲ၊ ရုပ်ရှင်နှင့်ဗီဒီယို ကန်တော့ပွဲ၊ ရိုက်ကူးရေး၊ Fashion Show, Stage Show & Live Show, Dinner အစရှိတဲ့ အခမ်းအနားများကို အဆင့်မြင့်မြင့် စိတ်တိုင်းကျ စီစဉ်ဆောင်ရွက်ပေးကြောင်း သိရပါတယ်။

မင်္ဂလာအချိန်မှာ နံနက် ၉ နာရီမှ ၁၀ နာရီခွဲတစ်ချိန်၊ နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲတစ်ချိန်၊ နေ့လည် ၃ နာရီမှ ၃ နာရီခွဲတစ်ချိန်၊ ည ၆ နာရီမှ ၉ နာရီတစ်ချိန် အစရှိသဖြင့် ကြိုက်နှစ်သက်ရာအချိန်ကို ယူနိုင်ပါတယ်။

Lion City တွင် လူဦးရေ ၇၀၀ အထိ ဆန့်တဲ့ နေရာဖြစ်ပါတယ်။ ဧည့်သည်အယောက် ၃၀၀ နှင့် အထက်ဆိုလျှင် ခန်းမကြေး ၁၅၀,၀၀၀ ကျပ် ပေးရမှာဖြစ်ပြီး ဧည့်သည်အယောက် ၃၀၀ အောက်ဆိုလျှင် ခန်းမကြေး ၂၀၀,၀၀၀ ကျပ် ပေးရမှာဖြစ်ပါတယ်။

မင်္ဂလာခန်းမပြင်ဆင်ရန်အတွက် ပန်းအိုးတစ်အိုးလျှင် ကျပ် ၃ သောင်းခွဲ၊ စာတမ်းရေးထိုးခမှာ ကျပ် ၄ သောင်းတို့ အသီးသီးကုန်ကျမှာဖြစ်ပါတယ်။

ညစာစားပွဲအတွက် Chinese Food ဖြင့် ဟင်း ၉ မျိုး၊ အချို ၁ မျိုး၊ ရေသန့်နှင့်အချိုရည်ကို တစ်ယောက် ကုန်ကျစရိတ် ၁၂,၀၀၀ ကျပ်၊ ၁၄,၀၀၀ ကျပ်၊ ၁၆,၀၀၀ ကျပ် ကုန်ကျမှာဖြစ်ပါတယ်။

ကားပါကင်နေရာကျယ်ဝန်းသဖြင့် လာရောက်သည့် ဧည့်သည်များအတွက်လည်း အဆင်ပြေစွာ ကားရပ်နားနိုင်ကြောင်း သိရပါတယ်။

အစားအသောက်

စဉ် အမျိုးအစား တစ်ယောက်ကုန်ကျစရိတ်
မုန့် ၄ မျိုး၊ ကော်ဖီနှင့် ရေခဲမုန့် ၄၅၀၀ ကျပ်
မုန့် ၅ မျိုး၊ ကော်ဖီနှင့် ရေခဲမုန့် ၅၀၀၀ ကျပ်
ထောပတ်ထမင်း (သို့) ဒံပေါက်၊ ရေခဲမုန့် ၆၅၀၀ ကျပ်

အခါအားလျော်စွာ ဈေးနှုန်းအပြောင်းအလဲရှိကြောင်းလည်း သိရပါတယ်။

 

ရွှေစံပယ်ရိပ်မွန်နှင့် ရွှေမာလာရိပ်မွန်ကြား၊ ဘုရင့်နောင်လမ်းမကြီး၊ အမှတ် (၄) ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။

၀၁-၅၁၅၀၄၈၊ ၀၁-၅၁၂၁၆၄ လိုင်းခွဲ (၂၀၀၊ ၂၀၃)၊ ၀၁-၅၁၅၁၃၂

Read times Last modified on Tuesday, 18 September 2018 14:47
Rate this item
(1 Vote)