မင်္ဂလာဧည့်ခံပွဲကျင်းပနိုင်တဲ့ မြောက်ဥက္ကလာ မြို့နယ်ခန်းမ

မင်္ဂလာဧည့်ခံပွဲကျင်းပနိုင်တဲ့ မြောက်ဥက္ကလာ မြို့နယ်ခန်းမ

မြောက်ဥက္ကလာ မြို့နယ်ခန်းမ သည် ရန်ကုန်မြို့၊ မြောက်ဥက္ကလာအ၀ိုင်း၊

သုဓမ္မာလမ်းနှင့် ခေမာသီလမ်းထောင့်တွင် တည်ရှိပါတယ်။

ယင်းခန်းမတွင် မွေးနေ့ပွဲများ၊ စေ့စပ်ပွဲများနှင့် မင်္ဂလာပွဲများကို ကျင်းပနိုင်ပါတယ်။

မင်္ဂလာအချိန်မှာ နံနက် ၉ နာရီမှ ၁၁ နာရီထိ တစ်ချိန်၊ နေ့လည် ၂ နာရီမှ ၄ နာရီထိတစ်ချိန်၊ ညနေ ၆ နာရီမှ ၈ နာရီထိတစ်ချိန် ကြိုက်နှစ်သက်ရာအချိန်တွင် ကျင်းပနိုင်ပါတယ်။

ယင်းခန်းမတွင် လူဦးရေ ၃၀၀ ဆန့်ပြီး ခန်းမကုန်ကျစရိတ်မှာ ၁၆၅၀၀၀ ကျပ် ဖြစ်ကြောင်း သိရပါတယ်။

မင်္ဂလာခန်းမတွင်း နောက်ခံစာတမ်းထိုးပေးခြင်း၊ ပန်းအလှဆင်ပေးခြင်းများအပါအ၀င်ဖြစ်ပါတယ်။

အကျွေးအမွေးကို မိမိကိုယ်တိုင် အပြင်မှမှာယူလျှင်လည်းရသလို ခန်းမမှလည်း အပြင်ကမှာယူပေးကြောင်း သိရပါတယ်။

သုဓမ္မာလမ်းနှင့် ခေမာသီလမ်းထောင့်၊ မြောက်ဥက္ကလာအ၀ိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

၀၁-၉၆၉၀၃၅၁

Read times Last modified on Tuesday, 18 September 2018 14:45
Rate this item
(1 Vote)