မင်္ဂလာပွဲကျင်းပနိုင်တဲ့ My Garden Restaurant

မင်္ဂလာပွဲကျင်းပနိုင်တဲ့ My Garden Restaurant

My Garden Restaurant သည် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်ဝင်းအတွင်း၊

အလုံမြို့နယ်တွင် တည်ရှိပါတယ်။

ယင်းနေရာတွင် မွေးနေ့ပွဲများ၊ မိတ်ဆုံစားပွဲများ၊ ညစာစားပွဲ၊ စေ့စပ်ပွဲများနှင့် မင်္ဂလာပွဲကိုလည်း ကျင်းပနိုင်ပါတယ်။

မင်္ဂလာအချိန်ကို နေ့လည် ၁၂ နာရီမှ ၂ နာရီထိ၊ နေ့လည် ၂ နာရီမှ ညနေ ၄ နာရီအထိ မိမိကြိုက်နှစ်သက်ရာအချိန်ကို ညှိနှိုင်း၍ ကျင်းပနိုင်ပါတယ်။ ညစာစားပွဲကို ၆ နာရီနောက်ပိုင်းတွင် ကျင်းပနိုင်ပါတယ်။

My Garden Restaurant တွင် လူဦးရေ ၆၀ ဆန့် အခန်း ၂ ခန်း၊ လူဦးရေ ၁၅၀ ဆန့် အခန်းတစ်ခုနှင့် လူဦးရေ ၂၀၀ ကျော်ဆန့် အခန်းလည်းရှိကြောင်းသိရပါတယ်။ ဖိတ်ကြားထားသည့် လူဦးရေပေါ်တွင် မူတည်ပြီး ကြိုက်နှစ်သက်ရာအခန်းကို ယူနိုင်ပါတယ်။

မင်္ဂလာပွဲ နောက်ခံစာတမ်းရေးထိုးခြင်းနှင့် အခမ်းအနားအပြင်ကိုတော့ မိမိစိတ်ကြိုက်အပြင်မှ ခေါ်ယူ၍ ပြင်ဆင်နိုင်ကြောင်း သိရပါတယ်။

မင်္ဂလာပွဲအတွက် လူအယောက် ၁၅၀ ဆန့် ခန်းမကြေး တစ်နာရီလျှင် ၁၅၀,၀၀၀ ကျပ် ဖြင့် နှစ်နာရီအတွက် ၃၀၀,၀၀၀ ကျပ် ကုန်ကျမည်ဖြစ်ကြောင်း သိရပါတယ်။

ညစာစားပွဲအတွက် လူဦးရေ ၂၀၀ ကျော်ဆန့် ခန်းမကြေးအတွက် ၁,၃၅၀,၀၀၀ ကျပ် ကုန်ကျမည်ဖြစ်ကြောင်းသိရပါတယ်။

အကျွေးအမွေးတွင် နေ့လည်ဘက်မင်္ဂလာပွဲအတွက် တစ်ယောက်ကုန်ကျစရိတ် မုန့် ၃ မျိုး၊ ကော်ဖီ၊ ရေခဲမုန့် အတွက် ၅၀၀၀ ကျပ် ကျသင့်မှာဖြစ်ကြာင်း သိရပါတယ်။

ညစာစားပွဲအတွက် Chinese Set Menu ဖြင့် ၆ ယောက်ဝိုင်းတစ်ဝိုင်းအတွက် ကုန်ကျစရိတ်မှာ ၅၈,၀၀၀ ကျပ်မှ ၆၂,၀၀၀ ကျပ်အထိ အစားစား ရှိကြောင်း သိရပါတယ်။

ဆိုင်တွင် Unplugged နှင့် ကာရာအိုကေသီဆိုခြင်းတို့အတွက်ကိုလည်း သီးသန့်ပေးဆောင်ရမည်ဖြစ်ကြောင်း သိရပါတယ်.

မင်္ဂလာပွဲလာရောက်သည့် ဧည့်သည်များအတွက် ကားပါကင်လည်း အဆင်ပြေကြောင်း သိရပါတယ်။

ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်ဝင်း၊ အလုံလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။

၀၁-၃၇၂၈၂၂၊ ၀၉-၄၂၀၀၄၈၀၃၇

Read times Last modified on Tuesday, 18 September 2018 14:45
Rate this item
(1 Vote)