ညစာစားပွဲ ကျင်းပနိုင်တဲ့ Polo Club ရှိ Golden Duck Restaurant

ညစာစားပွဲ ကျင်းပနိုင်တဲ့ Polo Club ရှိ Golden Duck Restaurant

Golden Duck Restaurant သည် ရန်ကုန်မြို့၊ အရှေ့မြင်းပြိုင်ကွင်းလမ်းနှင့် လေးထောင့်ကန်လမ်းမကြီး၊

တာမွေမြို့နယ်တွင် တည်ရှိပါတယ်။

ယင်းစားသောက်ဆိုင်တွင် မင်္ဂလာညစာစားပွဲ၊ မွေးနေ့ပွဲ၊ ပါတီပွဲ၊ မိသားစု မိတ်ဆုံစားပွဲများကို ကျင်းပနိုင်ကြောင်း သိရပါတယ်။

Polo Club Asia Residence ၏ ၆လွှာနှင့် ၇ လွှာတွင် Golden Duck Restaurant ရှိပြီး ၆လွှာတွင် လူဦးရေ အယောက် ၃၃၀ ဆန့်ပြီး၊ ၇ လွှာတွင် လူဦးရေ အယောက် ၆၀၀ ဆန့်ကြောင်း သိရပါတယ်။

ယင်းစားသောက်ဆိုင်တွင် Chinese Set Menu အတွက် အကျွေးအမွေးကုန်ကျစရိတ်မှာ ၁၀ ယောက်ဝိုင်း တစ်ဝိုင်းအတွက် ၁၈၀,၀၀၀ ကျပ်၊ ၂၀၅,၀၀၀ ကျပ် နှင့် ၂၂၅,၀၀၀ ကျပ်အထိ အစားစားရှိကြောင်း သိရပါတယ်။

မင်္ဂလာခန်းမ၏ နောက်ခံစာတမ်းရေးထိုးခြင်းအတွက် ၃၅၀၀၀ ကျပ်နှင့် ခန်းမအပြင်အဆင်များကိုလည်း အပြင်မှ ခေါ်ယူ၍ ပြင်ဆင်နိုင်ကြောင်း သိရပါတယ်။

ယင်းနေရာသည် နေရာကျယ်ဝန်းသည့်အတွက် ကားပါကင်ကို ဘာမှစိတ်ပူစရာမလိုဘဲ အဆင်ပြေကြောင်း သိရပါတယ်။

အမှတ် ၅၁/A၊ အရှေ့မြင်းပြိုင်ကွင်းလမ်းနှင့် လေးထောင့်ကန်လမ်းမကြီး၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

၀၁-၈၆၀၄၆၂၂

Read times Last modified on Tuesday, 18 September 2018 14:44
Rate this item
(1 Vote)