Western Park Ruby – People’s Park

Western Park Ruby – People’s Park

Western Park Ruby ဆိုင်သစ်ကို ပြည်သူ့ရင်ပြင်တွင် ၁၀.၁.၂၀၁၇ တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း

သိရပါတယ်။

ယင်းဆိုင်တွင် မွေးနေ့ပွဲ၊ ကုမဏီမိတ်ဆုံစားပွဲ၊ စေ့စပ်ပွဲများ၊ မင်္ဂလာပွဲကို ကျင်းပနိုင်ကြောင်း သိရပါတယ်။

Western Park Ruby တွင် မင်္ဂလာပွဲကို မြက်ခင်းပြင် အပေါ်တွင်လည်းကောင်း၊ မြက်ခင်းပြင်အောက်တွင် လည်းကောင်း၊ ခန်းမထဲတွင်လည်းကောင်း ကျင်းပနိုင်ကြောင်း သိရပါတယ်။

မြက်ခင်းပြင်အပေါ်တွင် မင်္ဂလာပွဲကျင်းပလျှင် ဧည့်သည်အယောက် ၈၀၀ ဆန့်၊ မြက်ခင်းပြင်အောက်တွင် မင်္ဂလာပွဲကျင်းပလျှင် ဧည့်သည်အယောက် ၂၀၀ ဆန့်ပြီး ခန်းမထဲတွင် ဧည့်သည်အယောက် ၁၀၀ ဆန့်သည့် ခန်းမ ၂ ခန်းရှိကြောင်းသိရပါတယ်။ မိမိကြိုက်နှစ်သက်ရာနေရာကို ရွေးချယ်၍ ပွဲလုပ်နိုင်ပါတယ်။

မြက်ခင်းပြင်တွင် မင်္ဂလာပွဲကျင်းပလျှင် နေရာခပေးစရာမလိုဘဲ ခန်းမတွင်း မင်္ဂလာပွဲကျင်းပလျှင် ကျပ် ငါးသောင်းပေးရမည်ဖြစ်ကြောင်း သိရပါတယ်။

အကျွေးအမွေးအတွက် ၁၀ ယောက်ဝိုင်းတစ်ဝိုင်းကို ၁၉၀,၀၀၀ ကျပ် နှင့် ၁၅% ကို အခွန်နှင့် ၀န်ဆောင်ခထပ်ပေးဆောင်ရမည်ဖြစ်ကြောင်း သိရပါတယ်။ အချိုရေနှင့် ရေသန့်ကို သီးခြား ထပ်ပေးရမည်ဖြစ်ကြောင်း သိရပါတယ်။

မင်္ဂလာပွဲအခမ်းအနားအပြင်အဆင်အတွက်ကို မိမိကိုယ်တိုင်အပြင်မှ ခေါ်ယူပြင်ဆင်လျှင်လည်းကောင်း၊ ဆိုင်မှ ခေါ်ယူပေးခြင်းလည်း ၀န်ဆောင်မှုပေးပါတယ်။

မင်္ဂလာပွဲလာရောက်သည့် ဧည့်သည်များ ပြည်သူ့ရင်ပြင်သို့ ၀င်ကြေးပေးစရာမလိုပါ။ ကားပါကင်အတွက်လည်း စိတ်ပူစရာမလိုဘဲ နေရာကျယ်ဝန်းကြောင်း သိရပါတယ်။

ပြည်သူ့ရင်ပြင်နှင့်ပြည်သူ့ဥယျာဉ်ဝင်းအတွင်း၊ ပြည်လမ်းဝင်ပေါက်မှ ၀င်ရန်။

၀၉-၄၄၄၄၃၇၂၂၃၊ ၀၉-၄၄၄၄၃၇၂၂၄၊ ၀၉-၄၄၄၄၃၇၂၂၅၊ ၀၉-၄၄၄၄၃၇၂၂၆

Read times Last modified on Tuesday, 18 September 2018 14:44
Rate this item
(5 votes)