Hotel Shwe Pyi Thar (Mandalay)

Hotel Shwe Pyi Thar (Mandalay)

Hotel Shwe Pyi Thar ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် မန္တလေးမြို့တွင် ကြယ်ငါးပွင့်အဆင့်မီ

ဟိုတယ်ကို ဖွင့်လှစ်ခဲ့ကြောင်းသိရပါတယ်။

ဟိုတယ်၏ တည်နေရာသည် ခမ်းနားထည်ဝါလှတဲ့ မေမြို့အတက်လမ်းမှာရှိတဲ့အတွက်လည်း သွားရောက်ရာတွင် လွယ်ကူကြောင်း သိရပါတယ်။

ဟိုတယ်တွင် ကုမဏီဧည့်ခံပွဲများ၊ မွေးနေ့ပွဲများ၊ ပါတီပွဲများ၊ စေ့စပ်ပွဲများနှင့် မင်္ဂလာပွဲများကိုလည်း ကျင်းပနိုင်ပါတယ်။

မင်္ဂလာအချိန်ကို နံနက် ၉ နာရီမှ စတင်၍ ကြိုက်နှစ်သက်ရာအချိန်တွင် ကျင်းပနိုင်ကြောင်း သိရပါတယ်။

ဟိုတယ်ရှိ မင်္ဂလာခန်းမတွင် မင်္ဂလာပွဲကျင်းပလျှင် လူဦးရေ ၂၅၀ ဆန့်ပြီး အ၀င်အထွက်ဆိုလျှင် လူ ၄၀၀ ဆန့်ကြောင်း သိရပါတယ်။

ဟိုတယ်ရှိ မြက်ခင်းပြင်တွင် မင်္ဂလာပွဲကျင်းပလျှင် လူအယောက် ၁၀၀၀ အထိ ကျင်းပနိုင်ကြောင်း သိရပါတယ်။

မင်္ဂလာပွဲတွင် တစ်ယောက်ကုန်ကျစရိတ် 10$, 13$ နှင့် 15$ ကုန်ကျမည်ဖြစ်ပါတယ်။

10 $ တွင် မုန့် (၃)မျိုး၊ ကော်ဖီ၊ 1kg ကိတ်နှင့် တစ်ညတာတည်းခိုခွင့် ပါဝင်မည်ဖြစ်ပြီး ခန်းမအသုံးပြုခွင့် ၂ နာရီအချိန်ရပါတယ်။

13$ တွင် မုန့် (၃)မျိုး၊ ကော်ဖီ၊ လက်ဖက်ရည်၊ 1kg ကိတ်နှင့် တစ်ညတာတည်းခိုခွင့်ပါဝင်မည်ဖြစ်ပြီး ခန်းမအသုံးပြုခွင့် ၃ နာရီ အချိန်ရပါတယ်။

15$ တွင် မုန့် (၄)မျိုး၊ ကော်ဖီ၊ လက်ဖက်ရည်၊ 2kg ကိတ်နှင့် တစ်ညတာတည်းခိုခွင့်ပါဝင်မည်ဖြစ်ပြီး ခန်းမအသုံးပြုခွင့် ၃ နာရီ အချိန်ရပါတယ်။

ဝန်ဆောင်မှုအနေဖြင့် နောက်ခံစာတမ်းထိုးအတွက် စာလုံးရေနည်းလျှင် ပေးစရာမလိုဘဲ စာလုံးရေများလျှင် ကုန်ကျစရိတ်ပေးရကြောင်း သိရပါတယ်။ ခန်းမအပြင်အဆင်ကတော့ အနည်းငယ်သာပြုလုပ်ပေးကြောင်း သိရပါတယ်။

ညစာစားပွဲအတွက် တစ်ယောက်ကုန်ကျစရိတ်မှာ Set Menu ဆိုလျှင် $30 ကုန်ကျမည်ဖြစ်ပြီး Buffet ဆိုလျှင် တစ်ယောက်ကုန်ကျစရိတ် $35 ကုန်ကျမည်ဖြစ်ကြောင်းသိရပါတယ်။ လူဦးရေ အယောက် ၁၀၀ ဆိုလျှင် ခန်းမအသုံးပြုခွင့် ၁နာရီ၊ လူဦးရေ ၂၀၀ ဆိုလျှင် ခန်းမအသုံးပြုခွင့် ၂ နာရီနှင့် လူဦးရေ ၃၀၀ ဆိုလျှင် ခန်းမအသုံးပြုခွင့် ၃ နာရီ အသုံးပြုခွင့်ရကြောင်း သိရပါတယ်။

ဟိုတယ်သို့ လာရောက်ရာတွင်လည်း ကားပါကင်အတွက် စိတ်ပူစရာမလိုဘဲ စိတ်အေးချမ်းသာစွာဖြင့် ကားကို ရပ်နားနိုင်ကြောင်း သိရပါတယ်။


No. B-8 , Pyin Oo Lwin Road
Between 31st & 32nd St, Chan Aye Thar Zan Township, Mandalay.
Tel: 02-2844401~9, 02-74402-74409

Read times Last modified on Tuesday, 18 September 2018 14:43
Rate this item
(2 votes)