Yuzana Garden Hotel

Yuzana Garden Hotel

ယုဇနဂါးဒင်းဟိုတယ်သည် အလံပြဘုရားလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် တည်ရှိသည့် ကြယ်သုံးပွင့်အဆင့်ရှိ ဟိုတယ်တစ်ခုဖြစ်သည်။

ထိုဟိုတယ်သည် ၂၁ ရာစုနှစ် ကိုလိုနီခေတ်ပုံစံ ဆောက်လုပ်ထားပြီး ကြယ်သုံးပွင့်အဆင့်ရှိ ဟိုတယ်တစ်ခုဖြစ်သည်။ ဟိုတယ်ကို ၁၉၉၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုဆိုလျှင် အနှစ် ၂၀ မြောက်ရှိပြီဖြစ်သည်။

၂၀၁၆ ခုနှစ်တွင် မင်္ဂလာဆောင်ကြမည့် မင်္ဂလာဇနီးမောင်နှံများအတွက် အနှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် Lucky Draw ၁၀ ခုကိုလည်း ဖောက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ခန်းမ

ယင်းဟိုတယ်တွင် စေ့စပ်မင်္ဂလာအခမ်းအနားပွဲများ၊ လက်မှတ်ရေးထိုးပွဲအခမ်းအနားများ၊ လက်ထပ်မင်္ဂလာအခမ်းအနားများ၊ မင်္ဂလာနှစ်ပတ်လည်အခမ်းအနားများ၊ အစည်းအဝေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ ကုန်ပစ္စည်းမိတ်ဆက်ပွဲများ၊ အရောင်းမြှင့်တင်ရေးပွဲများ၊ ကံစမ်းမဲပေးအပ်ပွဲအခမ်းအနားများ၊ ကုမဏီနှစ်ပတ်လည်အခမ်းအနားများ၊ သတင်းစာရှင်းလင်းပွဲများနှင့် မွေးနေ့ပွဲများ အစရှိသော အခမ်းအနားအမျိုးမျိုးကို ၀န်ဆောင်မှုအမျိုးမျိုးဖြင့် စီစဉ်ဆောင်ရွက်ပေးလျှက်ရှိသည်။

ယုဇနဂါးဒင်းဟိုတယ်၏ မင်္ဂလာပွဲကျင်းပနိုင်သောအချိန်များမှာ နံနက် ၉ နာရီမှ ၁၀ နာရီခွဲအထိ၊ နေ့လည် ၁၂ နာရီမှ ၁ နာရီခွဲအထိ၊ ညနေ ၃ နာရီမှ ၄ နာရီခွဲအထိနှင့် ညနေ ၆ နာရီမှ ၇ နာရီခွဲအထိ ကြိုက်နှစ်သက်ရာ အချိန်တွင် ကျင်းပနိုင်ပါသည်။

ဧည့်သည်အယောက် ၂၀၀ မှ ၃၄၀ အထိဆိုရင် ခန်းမကြေး - ၅ သိန်း၊ ဧည့်သည်အယောက် ၃၅၀ မှ ၄၉၀ အထိ ဆိုရင် ခန်းမကြေး - ၄ သိန်း၊ ဧည့်သည်အယောက် ၅၀၀ နှင့် ၆၀၀ ဆိုရင် ခန်းမကြေး ပေးစရာမလိုပေ။

Wedding Package ကို ၃ မျိုး ခွဲခြားထားသည်။ Silver Elegant Wedding Package တွင် တစ်ယောက်ကုန်ကျစရိတ် ၁၂,၇၀၀ ကျပ်၊ Classic Gold Wedding Package တွင် တစ်ယောက်ကုန်ကျစရိတ် ၁၄,၅၀၀ ကျပ်၊ Royal Romance Wedding Package တွင် တစ်ယောက်ကုန်ကျစရိတ် ၁၇,၉၀၀ ကျပ် သတ်မှတ်ထားပါသည်။

ဟိုတယ်မှဝန်ဆောင်မှုများ

Silver Elegant Wedding Package တွင် မိတ်ကပ်နှင့် မင်္ဂလာဝတ်စုံပြင်ဆင်ရန်အခန်းအသုံးပြုခွင့်၊ လျှောက်လမ်းတွင် ကော်ဇောနီခင်းပေးခြင်း၊ စင်ပေါ်တွင် ပန်းအိုး (၅) လုံးနှင့် နောက်ခံစာတမ်း ထိုးပေးခြင်းတို့ ပါဝင်သည်။ လျှောက်လမ်းပန်းတိုင်မပါဝင်သည့်အတွက် တစ်တိုင်လျှင် ကျပ်တစ်သောင်းခွဲဖြင့် အကုန်အကျခံကာ ၀ယ်ယူနိုင်ပါသည်။

Classic Gold Wedding Package တွင် တွင် မိတ်ကပ်နှင့် မင်္ဂလာဝတ်စုံပြင်ဆင်ရန်အခန်းအသုံးပြုခွင့်၊ လျှောက်လမ်းတွင် ကော်ဇောနီခင်းပေးခြင်း၊ စင်ပေါ်တွင် ပန်းအိုး (၅) လုံး၊ လျှောက်လမ်းပန်းတိုင် (၆) တိုင် နှင့် နောက်ခံစာတမ်းထိုးပေးခြင်းတို့ ပါဝင်သည်။

Royal Romance Wedding Package တွင် မိတ်ကပ်နှင့် မင်္ဂလာဝတ်စုံပြင်ဆင်ရန်အခန်းအသုံးပြုခွင့်၊ လျှောက်လမ်းတွင် ကော်ဇောနီခင်းပေးခြင်း၊ စင်ပေါ်တွင် ပန်းအိုး (၅) လုံး၊ လျှောက်လမ်းပန်းတိုင် (၈) တိုင် နှင့် နောက်ခံစာတမ်းထိုးပေးခြင်းတို့ ပါဝင်သည်။

အစားအသောက်

စဉ် အမျိုးအစား တစ်ယောက်ကုန်ကျစရိတ်
မုန့် ၄ မျိုး၊ ကော်ဖီ၊ ရေခဲမုန့်၊ လက်ဖက်၊ စံပယ်ရေနွေးကြမ်း ၁၂,၇၀၀ ကျပ်
မုန့် ၅ မျိုး၊ ကော်ဖီ၊ ရေခဲမုန့်၊ လက်ဖက်၊ စံပယ်ရေနွေးကြမ်း ၁၄,၅၀၀ ကျပ်
ထောပတ်ထမင်း (သို့) ဒံပေါက်၊ ကြက်သားနှင့် အခြားဟင်းအရံများ၊ လိမ္မော်ဖျော်ရည်၊ ရေခဲမုန့်၊ လက်ဖက်၊ စံပယ်ရေနွေးကြမ်း ၁၇,၉၀၀ ကျပ်

မင်္ဂလာပွဲကျင်းပမည့်နေ့ရက်နှင့် အချိန်ကို ဟိုတယ်တွင် စရံငွေ ၁၀ သိန်း ပေးသွင်းပြီး ခန်းမနေရာအတွက် ကြိုတင်စာရင်းပေးသွင်းထားနိုင်သည်။ မင်္ဂလာပွဲကျင်းပမည့် နေ့ရက်နှင့် အချိန် ပြန်လည်ပြောင်းရွှေ့လိုလျှင် (သို့မဟုတ်) မင်္ဂလာပွဲကျင်းပရန် ပျက်ကွက်လျှင် စရံငွေပြန်အမ်းမည်မဟုတ်ပါ။ မင်္ဂလာပွဲကုန်ကျစရိတ်များကို မင်္ဂလာပွဲမတိုင်မီ (၁) လကြိုတင်၍ ပေးချေနိုင်ပါသည်။

အမှတ် ၄၄၊ အလံပြဘုရားလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - ၀၁-၂၄၉၅၆၁၊ ၀၁-၂၄၉၅၆၂၊ ၀၁-၂၄၈၉၄၄၊ ၀၁-၂၄၈၉၄၁

Read times Last modified on Tuesday, 18 September 2018 15:02
Rate this item
(1 Vote)