Panda Hotel

Panda Hotel

Panda Hotel သည် ရန်ကုန်မြို့၊ ၀ါးတန်းလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်၊ လမ်းမတော်မြို့နယ်တွင် တည်ရှိသည့်

ဟိုတယ်တစ်ခုဖြစ်သည်။

ဟိုတယ်အပေါ်စီးမှကြည့်လျှင် ရန်ကုန်မြို့၏ ရင်သပ်ရှုမောဖွယ်မြင်ကွင်းများနှင့် ရွှေတိဂုံဘုရားကိုလည်း ဖူးမျှော်နိုင်ပါသည်။

ဟိုတယ်တွင် စေ့စပ်မင်္ဂလာပွဲများ၊ လက်မှတ်ရေးထိုးပွဲများ၊ မင်္ဂလာဧည့်ခံပွဲများ၊ ညစာစားပွဲများ၊ မင်္ဂလာနှစ်ပတ်လည်ပွဲများ။ အစည်းအဝေးပွဲများ၊ ကုန်ပစ္စည်းမိတ်ဆက်ပွဲများ၊ အရောင်းမြှင့်တင်ရေးပွဲများ အစရှိသည့် အခမ်းအနား အမျိုးမျိုးကိုလည်း ကျင်းပနိုင်ပါသည်။

မင်္ဂလာအချိန်များမှာ နံနက် ၉ နာရီမှ ၁၀ နာရီခွဲ၊ နံနက် ၁၀ နာရီခွဲမှ ၁၁ နာရီခွဲ၊ နေ့လည် ၁ နာရီမှ ၂ နာရီခွဲ၊ နေ့လည် ၂ နာရီမှ ၃ နာရီခွဲ နာရီအထိ ကြိုက်နှစ်သက်သည့်အချိန်ယူနိုင်ပါသည်။

ခန်းမ

Panda Hotel တွင် မင်္ဂလာခန်းမ ၂ ခုရှိပါသည်။ ၎င်းတို့မှာ ပုလဲခန်းမနှင့် ပတ္တမြားခန်းမဟူ၍ဖြစ်သည်။ ပတ္တမြားခန်းမသည် ၁၂ လွှာတွင်ရှိပြီး ပုလဲခန်းမသည် ၁၃ လွှာတွင် ရှိပါသည်။

ပုလဲခန်းမတွင် ဧည့်သည်အယောက် ၄၀၀ ကျော် ဆန့်ပြီး ပတ္တမြားခန်းမတွင် ဧည့်သည်အယောက် ၅၀၀ ဆန့်ကြောင်း သိရသည်။

ခန်းမဈေးနှုန်းမှာ လူဦးရေ ၂၅၀ အောက်ဆိုလျှင် ကျပ် ၃ သိန်းပေးရမည်ဖြစ်သည်။ လူဦးရေ ၂၅၀ အထက်ဆိုလျှင် ခန်းမကြေး ပေးစရာမလိုပေ။ စရံငွေအဖြစ် ၅ သိန်းကို အရင်ပေးချေရမည်ဖြစ်သည်။

ဟိုတယ်တွင် နောက်ခံစာတမ်းရေးထိုးခြင်းအတွက် ကုန်ကျစရိတ်မှာ ကျပ် ၃ သောင်းဖြစ်ပြီး ပန်းအိုးတစ်လုံးနှုန်းမှာ ကျပ် ၃ သောင်း ဖြစ်ပါသည်။ ကက်ဆက်ဖွင့်ပေးခြင်း (သို့) လျှပ်စစ်မီးသုံးစွဲခမှာလည်း ၃ သောင်းကျပ် ကျသင့်မည်ဖြစ်သည်။

အစားအသောက်

စဉ် အမျိုးအစား တစ်ယောက်ကုန်ကျစရိတ်
မုန့် ၄ မျိုး၊ ကော်ဖီ၊ ရေခဲမုန့် ၄၉၀၀ ကျပ်
မုန့် ၅ မျိုး၊ ကော်ဖီ၊ ရေခဲမုန့် ၅၄၀၀ ကျပ်
Dim Sum ၄ မျိုး၊ ကော်ဖီ၊ ရေခဲမုန့်၊ ရေသန့်၊ ထမင်းကြော် (သို့) ခေါက်ဆွဲကြော် ၅၅၀၀ ကျပ်
Dim Sum ၅ မျိုး၊ ကော်ဖီ၊ ရေခဲမုန့်၊ ရေသန့်၊ ထမင်းကြော် (သို့) ခေါက်ဆွဲကြော် ၅၈၀၀ ကျပ်
ထောပတ်ထမင်း (သို့) ဒံပေါက် (လိုက်ပွဲပါ)၊ ကြက်သားဟင်း၊ ဘာလချောင်ကြော်၊ ဟင်းချို၊ အချဉ်၊ အချိုရည်၊ ရေသန့် ၅၉၀၀ ကျပ်
ထောပတ်ထမင်း (သို့) ဒံပေါက် (လိုက်ပွဲပါ)၊ ကြက်သားဟင်း၊ ဘာလချောင်ကြော်၊ ဟင်းချို၊ အချဉ်၊ ရေခဲမုန့်၊ ရေသန့် ၆၃၀၀ ကျပ်

ညစာစားပွဲအတွက် ဟင်းအမျိုးပေါင်း ၈ မျိုး၊ အချိုပွဲ၊ အချိုရည်၊ ရေသန့်၊ ရေသန့်ရေခဲနှင့် တစ်ဝိုင်းနှုန်းကို ကျပ် တစ်သိန်းခွဲ မှ တစ်သိန်းခြောက်သောင်း ကျသင့်မည်ဖြစ်သည်။

ဟိုတယ်မှ ၀န်ဆောင်မှုဖြစ်အဖြစ် မိတ်ကပ်ပြင်ဆင်ရန်အခန်းနှင့် နားနေခန်းတို့ကို အခမဲ့ ၂ နာရီ သုံးစွဲခွင့်ပေးမည်ဖြစ်သည်။

အထက်ပါဈေးနှုန်းများသည် ပုံသေမဟုတ်ဘဲ ဈေးနှုန်းအနည်းငယ်အပြောင်းအလဲရှိမည်ဖြစ်ကြောင်း သိရသည်။

အမှတ် ၂၀၅၊ ၀ါးတန်းလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။

၀၁-၂၁၂၈၅၀~၃၊ ၀၁-၂၂၉၃၅၈~၆၁

Read times Last modified on Tuesday, 18 September 2018 15:02
Rate this item
(1 Vote)