Summit Parkview Hotel

Summit Parkview Hotel

Summit Parkview Hotel သည် ရန်ကုန်မြို့၊ အလုံလမ်းတွင် တည်ရှိသည့် ဟိုတယ်တစ်ခုဖြစ်ပြီး

ဟိုတယ်၏ အနီးအနားတွင် သံရုံးများ၊ ရှော့ပင်းစင်တာများ၊ စားသောက်ဆိုင်များ၊ အ မျိုးသားပြတိုက်နှင့် ပြည်သူ့ရင်တို့လည်း တည်ရှိပါသည်။

ခန်းမ

ဟိုတယ်တွင် စေ့စပ်မင်္ဂလာပွဲများ၊ လက်မှတ်ရေးထိုးပွဲများ၊ မင်္ဂလာဧည့်ခံပွဲများ၊ မင်္ဂလာနှစ်ပတ်လည်ပွဲများ။ အစည်းအဝေးပွဲများ၊ ကုန်ပစ္စည်းမိတ်ဆက်ပွဲများ၊ အရောင်းမြှင့်တင်ရေးပွဲများ အစရှိသည့် အခမ်းအနား အမျိုးမျိုးကို ကျင်းပနိုင်ပါသည်။

မင်္ဂလာအချိန်များမှာ နံနက် ၉ နာရီမှ နေ့လည် ၁၁ နာရီ၊ နေ့လည် ၁ နာရီမှ ညနေ ၃ နာရီ၊ ညနေ ၄ နာရီခွဲမှ ည ၆ နာရီခွဲအထိ ကြိုက်နှစ်သက်သည့်အချိန်ယူနိုင်ပါသည်။ ညစာစားပွဲအချိန်မှာ ည ၆ နာရီမှ ည ၉ နာရီအထိ ကျင်းပနိုင်ပါသည်။ မင်္ဂလာခန်းမသည် ဧည့်သည်အယောက် ၃၃၀ ဆန့်ပါသည်။

ဧည့်သည်အယောက် ၃၀၀ အောက်၊ လူအယောက် ၅၀ လျော့တိုင်းတွင် တစ်ယောက်ကုန်ကျစရိတ် ၁၀၀၀ ကျပ် ပိုပေးရမည်ဖြစ်သည်။

အစားအသောက်

စဉ် အမျိုးအစား တစ်ယောက်ကုန်ကျစရိတ်
မုန့် ၄ မျိုး၊ ကော်ဖီ၊ လက်ဖက်ရည်နှင့် ရေခဲမုန့် ၁၃,၀၀၀ ကျပ်
မုန့် ၅ မျိုး၊ ကော်ဖီ၊ လက်ဖက်ရည်နှင့် ရေခဲမုန့် ၁၄,၀၀၀ ကျပ်
ထောပတ်ထမင်း (သို့) ဒံပေါက် နှင့် ကြက်သားဟင်း၊ ရေခဲမုန့်နှင့် အချိုရည် ၂၀,၀၀၀ ကျပ်

ညစာစားပွဲတွင် Chinese Set ဘူဖေးဖြင့်ဧည့်ခံလျှင် တစ်ယောက်ကုန်ကျစရိတ် $ 30 ကုန်ကျမည်ဖြစ်သည်။ ဧည့်သည်အယောက် ၈၀ ကျော်လျှင် ခန်းမကြေးပေးစရာမလိုပေ။

ဟိုတယ်မှ ၀န်ဆောင်မှုများ

ဟိုတယ်တွင် ဧည့်သည်အယောက် ၃၀၀ ဦးဆိုလျှင် မင်္ဂလာခန်းကြေး အခမဲ့သုံးစွဲခွင့်၊ မြန်မာ (သို့) အင်္ဂလိပ်ဘာသာ စကားတို့ဖြင့် နောက်ခံစာတန်းပြင်ဆင်ပေးခြင်း၊ လန်းဆန်းလှပသည့် အပန်းအစစ်များဖြင့် အလှဆင်ပေးခြင်း၊ မင်္ဂလာကိတ်လှီးရန် ငါးထပ်ဆင့် မင်္ဂလာကိတ်၊ မင်္ဂလာမောင်နှံအတွက် ၂ ပေါင်ရှိသော မင်္ဂလာကိတ်လက်ဆောင်၊ နောက်ခံတေးသံသာဖျော်ဖြေခြင်း၊ ဂုဏ်သရေရှိ ဧည့်သည်တော်များအတွက် Chinese Tea (လူဦးရေ ၆၀) ဖြင့် ဧည့်ခံပေးခြင်း၊ မုန့်များကို ရွေးချယ်ရန်အတွက် လူဦးရေ ၆ ယောက်စာ အခမဲ့သုံးစွဲခွင့်နှင့် မင်္ဂလာမောင်နှံအတွက် တစ်ညတာတည်းခိုခွင့်နှင့်အတူ ညစာနှင့် နံနက်စာ အခမဲ့ သုံးဆောင်နိုင်ခွင့်ရှိပါသည်။

အမှတ် ၃၅၀၊ အလုံလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်။

၀၁-၂၁၁၈၈၈၊ ၀၁-၂၁၁၉၆၆

Read times Last modified on Tuesday, 18 September 2018 15:02
Rate this item
(3 votes)