မင်းကွန်းတိပိဋကနိကာယ

မင်းကွန်းတိပိဋကနိကာယ

မင်းကွန်းတိပိဏ္ဍကနိကာယ ဘုန်းကြီးကျောင်းသည် ရန်ကုန်တိုင်းဒေသကြီး၊

ဒဂုံမြို့နယ်တွင် တည်ရှိပါတယ်။

 

ယင်းဘုန်းကြီးကျောင်းတွင် မင်္ဂလာဦးဆွမ်းကျွေးဧည့်ခံပွဲများ၊ မွေးနေ့မင်္ဂလာပွဲများ ကျင်းပပြုလုပ်သည့် နေရာတစ်ခုလည်း ဖြစ်ပါတယ်။

 

မင်းကွန်းတိပိဏ္ဍကနိကာယကျောင်းတွင် ရွှေရတုခန်းမနှင့် ငွေရတုခန်းမဟူ၍ ခန်းမ ၂ ခန်း ရှိပါတယ်။

 

ရွှေရတုခန်းမတွင် လူဦးရေ အယောက် ၄၀၀ ဆန့်ပြီး အ၀င်အထွက်ဆိုလျှင် ၇၅၀ မှ ၈၀၀ အထိဆန့်ကြောင်း သိရပါတယ်။ ယင်းခန်းမ၏ မင်္ဂလာအချိန်မှာ နံနက် ၉ နာရီမှ ၁၁ နာရီအထိ တစ်ချိန်၊ မွန်းတည့် ၁၂း၃၀ မှ ၂း၃၀ နာရီအထိတစ်ချိန်၊ ညနေ ၄ နာရီမှ ၆ နာရီအထိ တစ်ချိန် ကြိုက်နှစ်သက်ရာအချိန်တွင် မင်္ဂလာပွဲ ကျင်းပနိုင်ပါတယ်။

 

ငွေရတုခန်းမတွင် လူဦးရေ အယောက် ၃၀၀ ဆန့်ပြီး အ၀င်အထွက်ဆိုလျှင် ၄၅၀ မှ ၅၀၀ အထိဆန့်ကြောင်း သိရပါတယ်။ ယင်းခန်းမ၏ မင်္ဂလာအချိန်မှာ နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ တစ်ချိန်၊ မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိတစ်ချိန်၊ ညနေ ၄ နာရီမှ ၆ နာရီအထိ တစ်ချိန် ကြိုက်နှစ်သက်ရာအချိန်တွင် မင်္ဂလာပွဲ ကျင်းပနိုင်ပါတယ်။

 

မင်္ဂလာဦးဆွမ်းကျွေးဧည့်ခံရန်အတွက်ရွှေရတုမင်္ဂလာခန်းမဈေးနှုန်းမှာ ၄ သိန်းဖြစ်ပြီး ငွေရတုမင်္ဂလာ ခန်းမဈေးနှုန်းမှာ ၃ သိန်းဖြစ်ပါတယ်။

 

အကျွေးအမွေးအနေဖြင့် သီးစုံထောပတ်ထမင်း (သို့) ဒံပေါက်နှင့် ရေခဲမုန့် ဆိုလျှင် တစ်ယောက်ကုန်ကျစရိတ် ၃၅၀၀ ကျပ် ဖြစ်ပြီး ကြက်သားပလာတာနှင့် ရေခဲမုန့် ဆိုလျှင် တစ်ယောက်ကုန်ကျစရိတ် ၂၅၀၀ ကျပ် နှင့် မုန့် ၃ မျိုး၊ ကော်ဖီနှင့် ရေခဲမုန့်ဆိုလျှင် ၂၅၀၀ ကျပ် ကျသင့်မည်ဖြစ်ကြောင်း သိရပါတယ်။

 

ဝန်ဆောင်မှုများအနေဖြင့် နောက်ခံစာသားရေးထိုးပေးခြင်းနှင့် အစားအသောက်ကို ဘုန်းကြီးကျောင်းမှ အားလုံးစီစဉ်ဆောင်ရွက် ချက်ပြုတ်၊ ကျွေးမွေးဧည့်ခံခြင်းဖြင့် ၀န်ဆောင်မှုပေးကြောင်း သိရပါတယ်။

 

ယင်းအပြင် မင်္ဂလာမောင်နှံအလှပြင်ဖို့အတွက် အခန်းကိုလည်း ၀န်ဆောင်မှု ပေးထားပါတယ်။

 

ကျောင်းတွင် မိတ်ကပ်၊ အခမ်းအနားမှူး၊ ပန်းအလှပြင်နှင့် ဓာတ်ပုံတို့ကိုလည်း ချိတ်ဆက်ပေးထားပါတယ်။

 

မှတ်ချက်။   ဈေးနှုန်းများကတော့ အပြောင်းအလဲရှိနိုင်ပါတယ်။

 

လိပ်စာ       - အမှတ် ၁၆၊ စကားဝါလမ်း၊ ဒဂုံ။

 

ဖုန်းနံပါတ်   - ၀၁-၂၂၂၂၇၉၊ ၀၉-၄၂၀၀၄၀၄၉၂

 

 

Read 3121 times Last modified on Tuesday, 18 September 2018 14:43
Rate this item
(1 Vote)