မင်္ဂလာဆောင်နေရာရွေးချယ်ရန် အချက်များ

မင်္ဂလာဆောင်နေရာရွေးချယ်ရန် အချက်များ

မင်္ဂလာနေရာမရွေးခင် အောက်ပါအချက်များကို သိထားရန်လိုအပ်ပါတယ်။

ဧည့်သည်နှင့် ကုန်ကျစရိတ်ကို ခန့်မှန်းတွက်ချက်ထားပါ

 

အကြမ်းဖျင်းအားဖြင့် လူဘယ်နှစ်ယောက်ဖိတ်မယ် ငွေကြေးဘယ်လောက်သုံးမယ် ဆိုတာကိုတော့ သိဖို့ လိုအပ်ပါတယ်။

 

            

ဘယ်လိုပုံစံနှင့် မင်္ဂလာဆောင်မလဲ ဆုံးဖြတ်ပါ

 

အနောက်တိုင်းပုံစံလား၊ ဓလေ့ထုံးတမ်းစဉ်လာအတိုင်းလား။ ရပ်ကွက် ဘုန်းကြီးကျောင်း၊ ဟိုတယ်နှင့် စားသောက်ဆိုင်များတွင် မင်္ဂလာပွဲများကျင်းပနိုင်ပါတယ်။ တကယ်လို့ ရိုးရာယဉ်ကျေးမှုမဟုတ်တဲ့နေရာမှာ ပါတီပွဲလုပ်စရာမလို။ ဟိုတယ်များမှာ ဧည့်ခံဖို့ နေရာထိုင်ခင်း အဆင်သင့် ရှိပါတယ်။ အိမ်မှာ ကျင်းပမယ်ဆိုရင်တော့ စားပွဲ၊ ကုလားထိုင်၊ နေရာထိုင်ခင်းတို့ ငှားရမ်းတဲ့နေရာအများကြီးရှိပါတယ်။

 

နေရာထိုင်ခင်းကို သွားရောက်လေ့လာထားပါ

 

မင်းစိတ်ကူး ရည်ရွယ်ပြီးသား နေရာကို တစ်ခါလောက်သွားလေ့လာသင့်တယ်။ ဒါမှ နေရာထိုင်ခင်း ဧည့်သည်အ၀င်အဆန့်နဲ့ ဧည့်ခံရမယ့်အနေအထားကို သိရှိမှာဖြစ်ပါတယ်။

 

အကျယ်မချဲ့ပါနဲ့

 

ဧည့်သည်တွေလိုအပ်တာထက် ပိုဖိတ်မိတာတွေ၊ ဖိတ်စာကဒ်ပြား တန်ဖိုးကြီးတာတွေ၊ မလိုအပ်ဘဲ ဇီဇာချဲ့ တာတွေ ရှောင်ပါ။

 

ဘာကျွေးမလဲ စဉ်းစားထားပါ

 

အစားအသောက်လိုအပ်ချက်တွေကိုစဉ်းစားရပါမယ်။ အိမ်မှာ ချက်ပြုတ်ကျွေးမွေးရင် ပိုပြီး ကထိကထများ တတ်ပါတယ်။ ပန်းကန်ခွက်ယောက် အပိုသုံးရမယ့်အစားအသောက်မျိုးရှောင်ပါ။

 

မင်္ဂလာကျင်းပမယ့် နေရာသေချာရွေးချယ်ပါ

 

ကျင်းပဖို့ရွေးချယ်ထားတဲ့ နေရာထိုင်ခင်း နှစ်ခု၊ သုံးခုထဲက တစ်ခုကို တစ်ခါထက်ပိုပြီးလေ့လာသင့် ပါတယ်။ ဘယ်နေရာက ကျင်းပဖို့သင့်သလဲ ဘယ်နေရာက ခန်းနားထည်ဝါသလဲ။ သက်တောင့်သက်သာ ရှိသလား။ ဧည့်သည်တွေကို သက်တောင့်သက်သာဧည့်ခံဖို့ နေရာထိုင်ခင်းရွေးချယ်ပါ။

 

မင်္ဂလာပွဲကျင်းပမည့်နေရာကို မိတ်ဆွေများနှင့် ဆွေးနွေးတိုင်ပင်ပါ

 

ကျင်းပဖို့ရွေးချယ်ထားတဲ့နေရာတွေထဲက လူတိုင်းလာဖို့နေရာကိုရွေးချယ်ပါ။ မင်္ဂလာပွဲကျင်းပမည့် နေရာဟာ သွားလာရေးလွယ်ကူတဲ့ နေရာများဖြစ်ရပါမယ်။

 

ဒီနေရာမှာ အရင်က မင်္ဂလာဆောင်ဖူးတဲ့သူများကို စုံစမ်းပါ

 

အစားအသောက်အဆင်ပြေရဲ့လား၊ ၀န်ဆောင်မှုကောင်းရဲ့လား၊ နေရာထိုင်ခင်းကဘယ်လိုလဲဆိုတာ တွေကို ဒီနေရာမှာ လက်ထပ်ပြီးသားစုံတွဲတွေကို အသေးစိတ် မေးမြန်းစုံစမ်းထားပါ။

Read times Last modified on Wednesday, 19 September 2018 15:11
Rate this item
(1 Vote)