The Thiripyitsaya Sky Bistro Restaurant

The Thiripyitsaya Sky Bistro Restaurant

The Thiripyitsaya Sky Bistro Restaurant သည် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊

ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဆာကူရာတာဝါအပေါ်ဆုံး အထပ် ၂၀ တွင် တည်ရှိပါတယ်။

Sky Bistro Restaurant ၏ အပေါ်ဆုံးထပ်၊ အထပ် ၂၀ တွင် စည်းစိမ်ခံစားရင်း အရသာရှိတဲ့ အစားအသောက်များ သုံးဆောင်နိုင်ခြင်း၊ ၀န်ထမ်းများမှ ဧည့်ဝတ်ပျူငှာခြင်း၊ အံ့သြဖွယ်ကောင်းတဲ့ ရန်ကုန်မြို့၏ ရှုမျှော်ခင်းမြင်ကွင်းမျိုးစုံကိုလည်း ကြည့်ရှုနိုင်ပါတယ်။

Sky Bistro Restaurant တွင် အစည်းအဝေးပွဲများ၊ ကုမဏီမိတ်ဆုံစားပွဲများ၊ မွေးနေ့ပွဲများ၊ ညစာစားပွဲများနှင့် မင်္ဂလာပွဲများကို ကျင်းပနိုင်ပါတယ်။ စားသောက်ဆိုင်တွင် Wi-Fi ကိုလည်း ဖွင့်ပေးထားပါတယ်။

ယင်းစားသောက်ဆိုင်တွင် ဧည့်သည်အယောက် ၈၀ ခန့်ဆိုလျှင် ခန်းမကြေး တစ်နာရီ ၁ သိန်းနှင့် ကြက်ဆီထမင်း (သို့) ထောပတ်ထမင်း ဖြင့် တစ်ယောက်ကုန်ကျစရိတ် ၈၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ် ခန့်အထိ ရှိပါတယ်။ Sky Bistro Restaurant တွင် စုစုပေါင်း ဧည့်သည်အယောက် ၁၅၀ ဆန့်ပါတယ်။

Sky Bistro Restaurant ကို နံနက် ၉ နာရီမှ ည ၁၀ နာရီအထိ ပိတ်ရက်မရှိ တစ်ပတ်လုံး ဖွင့်လှစ်ပေးထား ပါတယ်။

Romantic ဆန်ဆန်ဖြင့် မင်္ဂလာဆောင်မည့်သူများ Sky Bristro တွင် မင်္ဂလာပွဲကို ကျင်းပနိုင်ပြီး The Thiripyitsaya Sky Bistro Restaurant တွင် ညစာစားပွဲကိုလည်း ကျင်းပနိုင်ပါတယ်။

ညစာစားပွဲတွင် Tom Yam ဟင်းချိုကို ပုစွန်၊ ကြက်နှင့် ငါးတို့နှင့် ရနိုင်ပြီး Chicken Pesto Pasta နှင့် Thai Spicy Seafood Salad တို့လည်း ရနိုင်ပါတယ်။

 

အမှတ် ၃၃၉၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ကျောက်တံတား၊ အထပ် ၂၀၊ ဆာကူရာတာဝါ။

၀၁-၂၅၅၂၅၅၊ ၀၁-၂၅၅၂၇၇

Read times Last modified on Tuesday, 18 September 2018 15:01
Rate this item
(4 votes)