နယူးလိုက်တာ မင်္ဂလာခန်းမ

နယူးလိုက်တာ မင်္ဂလာခန်းမ

နယူးလိုက်တာ မင်္ဂလာခန်းမသည် သာကေတမြို့နယ်၊ ၁ ဈေးအနီး၊ အနော်မာလမ်းတွင် တည်ရှိပါတယ်။

ယင်းခန်းမတွင် မင်္ဂလာဆောင်အတွက် အခန်းငှားခမှာ နှစ်နာရီလျှင် ကျပ် နှစ်သိန်း၊ သုံးနာရီဆိုလျှင် ကျပ် နှစ်သိန်းခွဲ ကျသင့်မှာဖြစ်ပါတယ်။

 

နယူးလိုက်တာမှ အခမ်းအနားမှူး၊ မင်္ဂလာကားငှားရမ်းခြင်းနှင့် ကားအလှဆင်ခြင်း၊ ဗွီဒီယို၊ ဓါတ်ပုံ၊ ပန်းကုံး၊ ကြဲပန်း၊ ရာသီပန်း (အစို)၊ ရေခဲမုန့်၊ ကော်ဖီ၊ အအေးနှင့် မုန့်၊ ဒံပေါက်၊ ထောပတ်ထမင်း၊ ကြက်ဆီထမင်း၊ ဖာလူဒါ တို့အား ခန်းမမှ မှာယူနိုင်ပါတယ်။

 

ခန်းမဆောင်အတွင်း စားပွဲထိုးလုပ်သား ငှားရမ်းလိုလျှင် ခန်းမမှ စီစဉ်ပေးပါတယ်။ ခန်းမဆောင်အတွင်းနှင့် စတိတ်စင်တို့တွင် ပန်းများ၊ ပန်းတိုင်များဖြင့် အလှဆင်လိုလျှင်လည်း ဒီဇိုင်းအမျိုးမျိုး၊ ဈေးနှုန်းအမျိုးမျိုးဖြင့် အလှဆင်ပေးကြောင်း သိရပါတယ်။

 

အကျွေးအမွေးအတွက် လူတစ်ယောက်စာကို ရေခဲမုန့် (ထူး) သီးစုံ + မုန့် ၃ မျိုး ဆိုရင် ၇၅၀ ကျပ် အထက်၊ ရေခဲမုန့် (ထူး) နို့၊ စတော်ဘယ်ရီ+ မုန့် ၃ မျိုး ဆိုရင် ၇၀၀ ကျပ် အထက်၊ ဖာလူဒါ (မုန့်မပါ) ၁၂၀၀ ကျပ်၊ ကော်ဖီ ၂၀၀ ကျပ် ကျသင့်မှာဖြစ်ပါတယ်။

 

ဒံပေါက်/ ထောပတ်ထမင်း ပွဲ ၂၀၀ အထက် ဆိုရင် ၂၂၀၀ ကျပ် (ငပိကြော်+အချဉ် ၂ မျိုး+ဟင်းချို+ လိုက်ပွဲ) ပါဝင်ပါမယ်။ ပွဲ ၂၀၀ မှာလျှင် အသဲအမြစ်နှင့်တွဲ၍ ပွဲ ၃၀ လက်ဆောင်ပေးပါတယ်။

 

ဒံပေါက် + ထူးရေခဲမုန့် (တစ်ယောက်စာ) အတွက် ၂၅၅၀ ကျပ်၊ ဒံပေါက် + ထူးရေခဲမုန့် (တစ်ယောက်စာ) အတွက် ၂၆၀၀ ကျပ်၊ ကြက်ဆီထမင်း (၁)ပွဲ အတွက် ၂၂၀၀ ကျပ်၊ ကြက်ဆီထမင်း+ ထူးရေခဲမုန့် (တစ်ယောက်စာ) အတွက် ၂၅၅၀/၂၆၀၀ ကျပ် (အချဉ်+ငပိ၊ ဟင်းချို+လိုက်ပွဲ) များပါဝင်ပါတယ်။ ဈေးနှုန်းကတော့ အနည်းငယ် အပြောင်းအလဲရှိနိုင်ပါတယ်။

 

ခန်းမငှားရမ်းပြီးလျှင် ခန်းမမှ အခမဲ့ ၀န်ဆောင်မှုများဖြစ်တဲ့ -

 

-       သတို့သား၊ သတို့သမီးတို့အား Air-Corn သီးသန့်ခန်းတွင် ပြင်ဆင်နားနေခွင့်ပြုခြင်း

 

-       စတိတ်စင်နှင့် ခန်းမအ၀င်ဝတွင် စာတမ်းရေးထိုးပေးခြင်း (ဘွဲ့မပါ)

 

-       စတိတ်စင်နှင့် လက်ဖွဲ့ကောင်တာတို့တွင် ပန်းအိုးများဖြင့် အလှဆင်ပေးခြင်း

 

-       စားပွဲဝိုင်းတိုင်းတွင် စတီးဘန်း၊ တစ်သျှူး၊ ရေသန့်ပါရေတံခေါင်း၊ ဖန်ခွက်များ စီစဉ်ပေးခြင်း

 

-       Air-Con: စီစဉ်ပေးခြင်း၊ မီးပျက်လျှင် မီးစက် စီစဉ်ပေးခြင်း

 

-       ငွေဖလား သုံးလုံး၊ စာရင်းရေးစာအုပ် ၂ အုပ်စီစဉ်ပေးခြင်း

 

-       မိမိတည်ခင်းဧည့်ခံမည့် အစားအသောက်တိုင်းအတွက် လိုအပ်သော ပန်းကန်များ စီစဉ်ပေးခြင်း

 

-       ဓာတ်ပုံ၊ ဗွီဒီယိုရိုက်ကူးခြင်းအတွက် အခမဲ့ မီးသုံးစွဲခွင့်ပြုခြင်း

 

-       မင်္ဂလာလျှောက်လမ်းခင်းထားပေးခြင်း၊ ပွဲစဉ် အစမှ အဆုံး သီချင်းဖွင့်ပေးခြင်း

 

-       ခန်းမမှ ပ န်းကန်ဆေးဝန်ထမ်းနှင့် သန့်ရှင်းရေးဝန်ထမ်းထည့်ပေးထားခြင်း

 

-       Photo Stand နှစ်ခု ပေးထားခြင်း

 

အစရှိတဲ့ ၀န်ဆောင်မှုများကိုတော့ ပေးထားပါတယ်။

 

ဆက်သွယ်ရမည့်လိပ်စာမှာ အနော်မာလမ်း၊ ၁ ဈေးအနီး၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့။

 

၀၉-၂၅၄၃၇၈၂၀၄၊ ၀၉-၇၉၁၄၄၁၈၇၈/၈၆၈၊ ၀၉-၅၀၁၀၈၁၄၊ ၀၉-၅၄၁၆၄၁၀

Read times Last modified on Tuesday, 18 September 2018 10:56
Rate this item
(3 votes)