Hotel Marvel Mandalay

Hotel Marvel Mandalay

ယနေ့တင်ပြမည့်အကြောင်းအရာကတော့ မန္တလေးမြို့လယ်က ဘူတာကြီးအပေါ်ထပ်မှာရှိတဲ့

Hotel Marvel အကြောင်းပဲဖြစ်ပါတယ်။

Hotel Marvel ဟာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်၊ ၇၈ လမ်းနှင့် ၃၀ လမ်းထောင့်တွင်၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

ခန်းမ

ဟိုတယ်တွင် မင်္ဂလာပွဲဧည့်ခံပွဲများ၊ စေ့စပ်ပွဲများ၊ ကုန်ပစ္စည်းမိတ်ဆက်ပွဲများ၊ အစည်းအဝေးပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများ၊ ဧည့်ခံပွဲအမျိုးမျိုးနှင့် ပွဲလမ်းသဘင်အမျိုးမျိုးတို့ကို လက်ခံကျင်းပပေးလျှက်ရှိပါတယ်။

ဧည့်ခံကျွေးမွေးမယ့် Coffee/Tea Break Menu များ၊ Set Menu နှင့် Buffet Menu များအတွက်လည်း စိတ်ကြိုက် Meals Rate များရွေးချယ်နိုင်ပါသေးတယ်။ တစ်ယောက်ကုန်ကျစရိတ် Tea Break ကို ၃၅၀၀ ကျပ်နှင့် Lunch Buffet ၁၀၀၀၀ ကျပ်နှင့် Dinner Buffet ၁၂၀၀၀ ကျပ် ကျသင့်မှာဖြစ်ပါတယ်။

ညနေခင်း Dinner ပွဲကလေးတွေ စီစဉ်ချင်သူများအတွက်လည်း Marvel Outdoor Restaurant မှာ ညလေညှင်းခံရင်း ပြုံးပျော်ကြည်နူးနိုင်တဲ့အပြင်၊ သူငယ်ချင်းအပေါင်းအသင်းများနဲ့အတူ Bachelor night Party ဆင်နွှဲနိုင်မယ့် Karaoke Room တွေလည်းရှိတာမို့ ဧည့်သည်တော်များအနေနဲ့ မိမိတို့ကျင်းပမယ့် ပွဲအတွက်ခေါင်းခဲ၊ စိတ်ရှုပ်စရာမလိုဘဲ Hotel Marvel Mandalay မှ ၀န်ဆောင်မှုအပြည့်အ၀ပေးပါတယ်။

ကားပါကင်နေရာလည်း ကျယ်ကျယ်ဝန်းဝန်းရှိတဲ့အတွက် ဧည့်ခံပွဲများအတွက် အဆင်အပြေဆုံးနေရာတစ်ခု ဖြစ်ပါတယ်။

ဝန်ဆောင်မှုများ

ဟိုတယ်မှ မင်္ဂလာခန်းမ ၀န်ဆောင်မှုအပြည့်အစုံအပြင် ချစ်သူမောင်နှံများအတွက် အထူးလက်ဆောင်အဖြစ် ခန်းမအတွင်းရှိ နောက်ခံဆိုင်းဘုတ် Backdrop အတွက် LED Board, Wedding ကိတ်နှင့် Hotel Marvel ရဲ့ Deluxe အမျိုးအစားအခန်းမှာ တစ်ညတာတည်းခိုခွင့်တို့ကိုလည်း လက်ဖွဲ့ပေးဦးမှာဖြစ်ပါတယ်။

ကော်ဇောနီထက်ကနေ ဘ၀သစ်တစ်ခုဆီ လျှောက်လမ်းကြမယ့် မင်္ဂလာမောင်နှံတို့အတွက် မန္တလေးရွှေမြို့တော်ကြီးမှာရှိတဲ့ Hotel Marvel Mandalay ရဲ့ အမရပူရ ခန်းမဆောင်ကြီးက သင့်အတွက် အဆင်သင့်စောင့်ကြိုနေပါတယ်။

ဒီနှစ် ၀ါကျွတ်ကာလလေးမှာတော့ အထူးအစီအစဉ်အဖြစ် Hotel Marvel Mandalay ရဲ့ Amarapura Ballroom မှာ မင်္ဂလာခန်းမ အတွက် ပထမဦးဆုံး ဘိုကင်လုပ်တဲ့ မင်္ဂလာစုံတွဲ သုံးတွဲ ကို Amazing Group ရဲ့ Property တစ်ခုဖြစ်တဲ့ Amazing Ngapali Resort ရဲ့ Sea View Deluxe မှာ (၂)ညအိပ် (၃)ရက် တည်းခိုခွင့် (Room Only with Breakfast နှင့် သံတွဲလေဆိပ် အကြိုအပို့) ကို မင်္ဂလာဦးလက်ဆောင်အဖြစ် ထပ်လောင်းလက်ဖွဲ့ပေးသွားမှာ ဖြစ်ပါတယ်။

၇၈ လမ်း x လမ်း ၃၀ ကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။

09 9779 23775, 02 67466/77/99

Read times Last modified on Tuesday, 18 September 2018 14:57
Rate this item
(1 Vote)