Asia Plaza Hotel

Asia Plaza Hotel

Asia Plaza Hotel ဟာ ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ၃၈ လမ်းထိပ်၊

ကျောက်တံတားမြို့နယ်တွင် တည်ရှိပါတယ်။

ယင်းဟိုတယ်တွင် မင်္ဂလာပွဲများ၊ မွေးနေ့ပွဲများ၊ ကုန်ပစ္စည်းမိတ်ဆက်ပွဲများ၊ လုပ်ငန်းခွင်မိတ်ဆုံစားပွဲများ၊ မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများနှင့် တွေ့ဆုံစားသောက်ပွဲများကို ပြုလုပ်လေ့ရှိသည့် နေရာတစ်ခုလည်းဖြစ်ပါတယ်။

ခန်းမ

ဟိုတယ်တွင်ရှိသော ခန်းမများမှာ စိန်နှင့်မြ ခန်းမ၊ ပုလဲ ခန်းမ၊ ပတ္တမြား ခန်းမ၊ ကျောက်စိမ်း ခန်းမနှင့် နီလာ ခန်းမ တို့ရှိပါတယ်။

စိန်နှင့်မြ ခန်းမ ဆိုလျှင် အကျယ်အ၀န်း ၈၅၇၀ စတုရန်းပေ ကျယ်ဝန်းပြီး ဧည့်သည် အယောက် ၇၀၀ ဆန့်ပါတယ်။

ပုလဲ ခန်းမ ဆိုလျှင် အကျယ်အ၀န်း ၂၃၁၀ စတုရန်းပေ ကျယ်ဝန်းပြီး ဧည့်သည် အယောက် ၁၃၀ ဆန့်ပါတယ်။

ပတ္တမြား ခန်းမ ဆိုလျှင် အကျယ်အ၀န်း ၁၄၆၀ စတုရန်းပေ ကျယ်ဝန်းပြီး ဧည့်သည် အယောက် ၈၀ ဆန့်ပါတယ်။

ကျောက်စိမ်း ခန်းမ ဆိုလျှင် အကျယ်အ၀န်း ၃၉၆ စတုရန်းပေ ကျယ်ဝန်းပြီး ဧည့်သည် အယောက် ၂၀ ဆန့်ပါတယ်။

နီလာ ခန်းမ ဆိုလျှင် အကျယ်အ၀န်း ၄၂၈ စတုရန်းပေ ကျယ်ဝန်းပြီး ဧည့်သည် အယောက် ၂၀ ဆန့်ပါတယ်။

ခန်းမဈေးနှုန်းသည် လူဦးရေ ၂၀၀ အထက်ဆိုလျှင် ခန်းမဈေးနှုန်း ၄ သိန်း ဖြစ်ပါတယ်။ ဟိုတယ်တွင် မင်္ဂလာဆောင်ဖို့ဆုံးဖြတ်ပြီးပြီဆိုရင်ဖြင့် စရံအဖြစ် ၅ သိန်းကို အရင်ပေးချေထားရမှာဖြစ်ပါတယ်။

အခမဲ့ဝန်ဆောင်မှုများအနေဖြင့် လျှပ်စစ်မီးနှင့် လေအေးပေးစက်သုံးစွဲခွင့်၊ စတိတ်စင်နှင့် အခမ်းအနားအပြင်အဆင် ပြင်ဆင်ထားခြင်း၊ စားပွဲနှင့် ထိုင်ခုံများကို ပိတ်စများဖြင့် အလှဆင်ပေးခြင်း၊ ဧည့်သည်လိုအပ်သည့် ထိုင်ခုံအစီအစဉ်များကို စီစဉ်ပေးခြင်း၊ အသံစနစ်နှင့် မိုက်များကို သုံးစွဲခွင့်ပေးခြင်း၊ VCD Player, White Board with Market Pen, Projector Screen တို့မှ နှစ်သက်ရာ ၂ ခုအား ရွေးချယ်သုံးစွဲခွင့် ပေးထားကြောင်း သိရပါတယ်။

ဝန်ဆောင်မှု

လူဦးရေ ၃၅၀ မှ ၄၀၀ နှင့်အထက်ဆိုလျှင် ခန်းမကြေး၊ နောက်ခံစာတမ်း၊ မင်္ဂလာကိတ်၊ စင်မြင့်ပန်းအိုးကြီး၊ စားပွဲတိုင်းတွင် ၁ ပွင့်ပန်းများနှင့် Asia Plaza Hotel တွင် Buffet Breakfast အပါအ၀င် တစ်ညတာတည်းခိုခွင့် လက်ဆောင်ပေးမှာဖြစ်ပါတယ်။

လူဦးရေ ၂၀၀ မှ ၃၅၀ နှင့်အထိဆိုလျှင် ခန်းမကြေး၊ မင်္ဂလာကိတ်၊ စင်မြင့်ပန်းအိုးကြီး၊ စားပွဲတိုင်းတွင် ၁ ပွင့်ပန်းများ လက်ဆောင်ပေးမှာဖြစ်ပါတယ်။

ဟိုတယ်တွင် ပန်းအလှအိုး၊ လျှောက်လမ်းပန်းစင်များ၊ အောင်စပယ်ပန်းကုံးများ၊ တီးဝိုင်း၊ နောက်ခံစာတမ်း၊ အခမ်းအနားမှူး၊ ဓာတ်ပုံဗီဒီယို အစရှိသည့် ၀န်ဆောင်များကိုလည်း သင့်တင့်သော ၀န်ဆောင်ခများဖြင့် ဆောင်ရွက်ပေးပါတယ်။

အစားအသောက်

စဉ် အမျိုးအစား တစ်ယောက်ကုန်ကျစရိတ်
မုန့် ၄ မျိုး၊ ကော်ဖီ၊ လက်ဖက်ရည်၊ ရေခဲမုန့် ၆၀၀၀ ကျပ်
မုန့် ၅ မျိုး၊ ကော်ဖီ၊ လက်ဖက်ရည်၊ ရေခဲမုန့် ၇၀၀၀ ကျပ်
ဒံပေါက်ထမင်း (သို့) ထောပတ်ထမင်း၊ ရေခဲမုန့် ၉၀၀၀ ကျပ်

အထက်ပါဈေးနှုန်းများသည် ၂၀၁၆ ခုနှစ်အတွက်သာဖြစ်ပြီး နောက်နှစ်များတွင် ဈေးနှုန်းအတက်အကျရှိနိုင် ပါတယ်။

 

အမှတ် ၂၇၇၊ ဗိုလ်ချုပ်လမ်း၊ ကျောက်တံတား။

၀၁-၃၉၁၀၇၀၊ ၀၁-၃၉၁၁၀၅~၆ -လိုင်းခွဲ ၁၀၁၂၊၁၀၂၄

Read times Last modified on Tuesday, 18 September 2018 14:56
Rate this item
(1 Vote)