Mg Han Bo Bo Soe and Ma Win Sandar Kyaw

Mg Han Bo Bo Soe and Ma Win Sandar Kyaw

အခုတင်ပြမယ့် မင်္ဂလာဆောင်အကြောင်းကတော့ Gandamar Grand Ballroom မှာ မြန်မာဆန်ဆန် မင်္ဂလာဆောင်ခဲ့တဲ့ သတို့သားမောင်ဟန်ဗိုလ်ဗိုလ်စိုးနှင့် သတို့သမီး မ၀င်းစန္ဒာကျော်တို့ အကြောင်းပဲ ဖြစ်ပါတယ်။

သတို့သားနှင့်သတို့သမီးအကြောင်း

မောင်ဟန်ဗိုလ်ဗိုလ်စိုးနှင့် မ၀င်းစန္ဒာကျော်တို့ဟာ အနောက်ပိုင်းတက္ကသိုလ် ဒုတိယနှစ်တက် နေတုန်းမှာ သူက သူ့သူငယ်ချင်းဆီလာလည်တုန်း စတွေ့ခဲ့ကြတာပါ။ တက္ကသိုလ်အသီးသီးပြီးလို့ ဘွဲ့ရပြီးလုပ်ငန်းခွင်ထဲဝင်ချိန်တွင် ချစ်သူရဲ့ အိမ်ရှေ့မှာ လက်ထပ်ခွင့်ကို တောင်းခဲ့ပါတယ်။ ချစ်သူအဖြစ် ၈ နှစ်အကြာတွင် လက်ထပ်ခွင့်ကို တောင်းခဲ့ကြတဲ့သူ နှစ်ဦးပါ။

နှစ်ဦးနှစ်ဘက်မိဘများအားချစ်သူနှစ်ဦးကအသိပေး၍ လပိုင်းအတွင်းမင်္ဂလာဆောင်ရန် စတင်စီစဉ် ခဲ့ပါတယ်။ မင်္ဂလာဆောင်ရန်စတင်စီစဉ်ခဲ့ရာတွင် မြန်မာဆန်ဆန်ဆောင်ရန် နှစ်ဦးသဘောတူခဲ့ပြီးရင်းနှီးသော မိတ်ဆွေသူငယ်ချင်းများနှင့် တိုင်ပင်ပြီး မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၁၁) ရက် (တနင်္ဂနွေနေ့) တွင် မင်္ဂလာဧည့်ခံပွဲလုပ်ရန်အတွက် Gandamar Grand Ballroom, Level-3, Gandamar Wholesale, မရမ်းကုန်းမြို့နယ်တွင် မင်္ဂလာ ဧည့်ခံပွဲပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီဇိုင်းနှင့်အစီအစဉ်

မင်္ဂလာဆောင်ရန်အတွက် ငယ်သူငယ်ချင်းများ၊ နှစ်ဘက်မိဘဆွေမျိုးများ အယောက် ၃၈၀ ဖိတ်ရန် ဆုံးဖြတ်ခဲ့ပြီးဖိတ်စာကို ရန်ကုန်မြို့ အမှတ် ၅၄၊ ၃၁ လမ်း(အောက်)မှာရှိတဲ့ လရောင် မင်္ဂလာဖိတ်စာအမျိုးမျိုး၊ ယပ်တောင်နှင့် စာအိတ်ဖြန့်ချိရေး အော့ဖ်ဆက်တွင် မျက်နှာဖုံးရှေ့တွင် Handmade ဒီဇိုင်း၊ ကာဗာကို ငွေရောင်ဖြင့် စာလုံးထိုးထားပြီး အတွင်းကို ဖယောင်း စက္ကူပေါ်တွင် စာသားကိုအနက်ရောင်ကွန်ပျူတာဖြင့် ဒီဇိုင်းဆင်ထားပါတယ်။

ကိုယ်ကြိုက်တဲ့ ဒီဇိုင်းကိုလိုက်ရှာပြီး ဈေးနှုန်းသင့်တင့်တယ်၊ ဆက်ဆံရေးလဲ ကောင်းလို့ ဒီဆိုင်မှာ ဖိတ်စာလုပ်ဖြစ်ပါတယ်။

Pre-wedding photo ကို Love Diary တွင် ရိုက်ကူးပြီး ၀တ်စုံ ၃ စုံ package အတွက် ၇ သိန်းခွဲ ကုန်ကျပြီး ဓာတ်ပုံအပိုယူသည့်အတွက် တစ်သိန်းခွဲထပ်မံကျကာ စုစုပေါင်း ၉ သိန်းကျပါသည်။

Prewedding

မင်္ဂလာဝတ်စုံကို မြန်မာ့ထုံးတမ်းအစဉ်အလာနှင့်ကိုက်ညီသော ရွှေရောင်ပေါ်တွင် ကျောက်များဖြင့် ခြယ်သထားတဲ့ ထိုင်မသိမ်းဝတ်စုံကို ငှားရမ်းဝတ်ဆင်ခဲ့ပါတယ်။ မင်္ဂလာဝတ်စုံကို ကိုဘိတ် ဆီမှ ပန်းကြဲ၊ ဗန်းကိုင်၊ သတို့သား၊ သတို့သမီးနှင့် အရံနှစ်တွဲအတွက် Package အလိုက် ငှားရမ်းဝတ်ဆင်ခဲ့ပါတယ်။

မိတ်ကပ်အလှပြင်ဆင်သူကလည်း ကိုဘိတ် ဆီမှာပဲ သတို့သား၊ သတို့သမီး၊ အရံများ၊ မိဘများအတွက် Package အလိုက်ဖြစ်ပြီး ပန်းအစစ်ကိုပဲ ဆင်မြန်းထားပါတယ်။ မင်္ဂလာဝတ်စုံများနှင့် မိတ်ကပ် ပြင်ဆင်မှုအတွက် ၉ သိန်း ကုန်ကျပါတယ်။

မင်္ဂလာဆောင်ပွဲ

မင်္ဂလာအခမ်းအနားအပြင်ဆင်ကိုတော့ Gandamar မှ လူဦးရေအယောက် ၃၀၀ Package  ဖြစ်လို့ နောက်ခံစာတန်းရေးထိုးခြင်း၊ ပန်းအိုးငါးလုံး၊ လျှောက်လမ်းကော်ဇော၊ မင်္ဂလာကိတ်၊ VIP – 10 ၀ိုင်း၊ ပန်းအိုး စတာတွေကို မေတ္တာလက်ဆောင်အဖြစ် အခမ်းအနားအပြင်အဆင်ကို လုပ်ပေးပါတယ်။

ဓာတ်ပုံနှင့် ဗွီဒီယိုရိုက်ကူးရေးကို လှည်းတန်းမှ လင်းပျံ့ကို ဗွီဒီယိုရိုက်ကူးရေးကို ငှားရမ်း၍ ရိုက်ကူးစေခဲ့ပါတယ်။ မင်္ဂလာအချိန်ကတော့ နံနက် ၉း၀၀ နာရီ မှ ၁၁း၀၀ နာရီအထိ၂နာရီကြာ ကျင်းပခဲ့ပါတယ်။

ပွဲစထွက်တဲ့အချိန်ကတော့ ၉း၄၅ မှာ စတင်ထွက်ခဲ့ပါတယ်။ မင်္ဂလာတေးသီချင်းကို အန်တီစိမ်းမို့မို့ မှ အခါတော်ပေးသီဆိုပြီး မင်္ဂလာအခမ်းအနားမှူးအဖြစ် ကိုကျော်သူလင်း က ဧည့်သည်တော်များအား မင်္ဂလာသြဘာဖတ်ကြားပေးပြီး မင်္ဂလာပန်းကုံးနှင့် မင်္ဂလာလက်စွပ်ကို ဂုဏ်သရေရှိလူကြီးစုံတွဲမှ ဆင်မြန်းပေးကာမင်္ဂလာ အထမြောက် သွားကြောင်း ကြေညာခဲ့ပါတယ်

။ Wedding ceremony

မင်္ဂလာအကျွေးအမွေးကိုတော့ ကြက်ဆီထမင်း၊ ရေခဲမုန့်တို့ဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပါတယ်။ မင်္ဂလာခန်းမနဲ့ အကျွေးအမွေးကုန်ကျစရိတ်က သိန်း ၃၀ ဖြစ်ပြီး မင်္ဂလာမောင်နှံမှ ဧည့်သည်တော်ဝိုင်း တစ်ဝိုင်းချင်းစီကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ခြင်း၊ နှုတ်ဆက်ခြင်းများပြုလုပ်ခဲ့ပါတယ်။ သုံးဆောင်ပြီးသော ဧည့်သည်တော်များမှ မင်္ဂလာမောင်နှံအား နှုတ်ဆက်ကာအခမ်းအနား အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါတယ်။

မင်္ဂလာပွဲ အစမှအဆုံးထိ စုစုပေါင်း သိန်း ၇၀ နီးပါးကုန်ကျခဲ့ပါတယ်။

ဟန်းနီးမွန်း

ဟန်းနီးမွန်းခရီးစဉ်ကိုတော့ နှစ်ယောက်စလုံးမှ ပင်လယ်ကမ်းခြေသွားရတာကြိုက်တဲ့အတွက်ကြောင့် ငွေဆောင်ကို ၂ ညအိပ် ၃ ရက်ခရီးသွားဖြစ်ခဲ့ပါတယ်။ ငွေဆောင် Ngwe Saung Yacht Club & Resorts တွင် ဟန်းနီးမွန်း Package ယူ၍ အပန်းဖြေခဲ့ပါသည်။  ဟန်းနီးမွန်း package တွင် အောက်ပါပုံအတိုင်း မှို့ယာပေါ်တွင် ငန်းရုပ်လေး ၂ ကောင်ဖြင့် အသဲပုံစီထားပြီး နာမည်ပါ ထိုးပေးထားပါသည်။  

Honeymoon

 

Read times Last modified on Tuesday, 18 September 2018 15:15
Rate this item
(7 votes)