စုံတွဲလေးတွေအတွက် အပြည့်စုံဆုံး Wedding Plan

စုံတွဲလေးတွေအတွက် အပြည့်စုံဆုံး Wedding Plan google.com

ဘယ်လောက်လောက် ငွေအကုန်အကျခံပြီး မင်္ဂလာပွဲကို ကျင်းပမလဲ ဆိုတာရယ်၊ ဘယ်သူက ဘယ်ကုန်ကျစရိတ်တွေကို ကျခံမလဲ ဆိုတာရယ်ကို နှစ်ဦးသဘောတူ တိုင်ပင်ဆုံးဖြတ်ပါ။

 

ချစ်သူနှစ်ဦးက တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး ဘဝခရီးရှည်ကြီးကို အတူဖြတ်သန်းကြဖို့ ဆုံးဖြတ်ချက်တွေ ခိုင်မာသွားပြီ ဆိုတဲ့အချိန်မှာ လက်ထပ်ကြဖို့စပြီး စဉ်းစားရပြီလေ။ ဒီတော့ လက်ထပ်မင်္ဂလာပွဲတစ်ခုကို အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့ လိုအပ်ချက်တွေ၊ ကြိုတင် ပြင်ဆင်ရမယ့် အရာတွေလည်း ရှိလာပြီပေါ့နော်။ သတို့သားလောင်း၊ သတို့သမီးလောင်းလေးတွေကို ပြောပြပေးချင်တာက မင်္ဂလာဆောင်ဖို့အတွက် နှစ်ဦးသား သဘောတူ တိုင်ပင်ပြီးကြပြီဆိုရင် ဘာတွေကို စလုပ်ရမလဲ ဆိုတာကိုပါ။

 

 

() မင်္ဂလာပွဲအတွက် အစီအစဉ် စဆွဲပြီဆိုရင် တစ်နှစ် သို့မဟုတ် ဆယ်လလောက် အချိန်ယူဖို့ လိုအပ်ပါတယ်။ နှစ်ဦးသဘောတူ လက်ထပ်ဖို့ သဘောတူညီပြီးသွားပြီဆိုရင် ပထမဦးဆုံးအဆင့်က နှစ်ဖက်မိဘ အသိုင်းအဝိုင်းကို မင်္ဂလာသတင်း အသိပေးဖို့ပါ။ စေ့စပ်ပွဲ လုပ်လိုတဲ့သူတွေကတော့ ဒီအချိန်မှာ စေ့စပ်ပွဲကျင်းပပြီး အသိမိတ်ဆွေတွေကို မင်္ဂလာပွဲသတင်းပေးဖို့ လိုအပ်ပါတယ်။

 

() ဘယ်လောက်လောက် ငွေအကုန်အကျခံပြီး မင်္ဂလာပွဲကို ကျင်းပမလဲ ဆိုတာရယ်၊ ဘယ်သူက ဘယ်ကုန်ကျစရိတ်တွေကို ကျခံမလဲဆိုတာရယ်ကို နှစ်ဦးသဘောတူ တိုင်ပင်ဆုံးဖြတ်ပါ။

 

() ဖိတ်ကြားမယ့် ဧည့်သည် စာရင်းကို အတည်ပြု စာရင်းလုပ်ပါ။

 

() ပြက္ခဒိန်ကြည့်ပြီး ရက်ကောင်းရက်သာ ရွေးပါ။ ဗေဒင်ဆရာတွေဆီ မေးမြန်းတာတို့ နှစ်ဖက် အသိုင်းအဝိုင်းက လူကြီးမိဘတွေနဲ့ တိုင်ပင် ညှိနှိုင်းတာတို့ ပြုလုပ်ရပါမယ်။

 

() မင်္ဂလာပွဲ ကျင်းပမယ့် ပုံစံကို ရွေးချယ်ပါ။ ဧည့်ခံပွဲ၊ ဆွမ်းကျွေးပွဲ၊ ညစာစားပွဲ အစရှိတာမျိုးကို ပြောတာပါ။ မင်္ဂလာပွဲကို တစ်ပွဲပဲကျင်းပတဲ့ စုံတွဲတွေ ရှိသလို နှစ်ပွဲ သုံးပွဲ ကျင်းပချင်တဲ့ စုံတွဲတွေလည်း ရှိပါတယ်။ နံပါတ် () အချက်မှာ သဘောတူခဲ့တဲ့ ငွေကြေး ပမာဏအပေါ် မူတည်ပြီး အခု မင်္ဂလာပွဲ ကျင်းပမှုပုံစံကို စဉ်းစားရမှာပါနော်။

 

() အင်တာနက် ၊ ဝဘ်ဆိုဒ်တွေ ကြည့်ပြီး မင်္ဂလာပွဲအတွက် အကြံဥာဏ်တွေ ရယူပါနော်။

 

 

() မင်္ဂလာပွဲ ကျင်းပပြီးသွားတဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေ ဖုန်းဆက်ပါ။ မင်္ဂလာပွဲနဲ့ ပတ်သတ်တဲ့ အတွေ့အကြုံတွေကို စပ်စုပါ။

 

() မင်္ဂလာဆောင် ဓာတ်ပုံတွေ ကြည့်ပါ။ မင်္ဂလာဆောင် ဝတ်စုံ ဒီဇိုင်းတွေကို ကြည့်ပါ။

 

() ဟန်းနီးမွန်းကို ဘယ်နေရာသွားမလဲ ကြိုတင် စဉ်းစား ရွေးချယ်ပါ။ အဲ့ဒေသမှာ ရှိတဲ့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ အကြောင်း စုံစမ်းပါ။

 

(၁၀) မင်္ဂလာ ဧည့်ခံပွဲ ကျင်းပဖို့ ရွေးချယ်ထားတဲ့ ဟိုတယ် (သို့မဟုတ်) ခန်းမကို မရောက်ဖူးဘူး ဆိုရင် ကိုယ်တိုင် တစ်ခေါက်သွားကြည့်ပါ။

 

မင်္ဂလာပွဲအတွက် ဘယ်ကစလို့စရမယ်မှန်း မသိဖြစ်နေရင်တော့ အခုပြောပြထားတဲ့ အတိုင်းသာလုပ်ပါနော်။

 

 

Credit;Marry

Read times Last modified on Friday, 12 October 2018 16:17
Rate this item
(1 Vote)