မင်္ဂလာပွဲလာ ရွှေဧည့်သည်များရှောင်ရန် - ၃

မင်္ဂလာပွဲလာ ရွှေဧည့်သည်များရှောင်ရန် - ၃

မင်္ဂလာပွဲဆိုတာ အပျော်တွေနဲ့ဖန်တီးထားတဲ့ပွဲမျိုးဆိုတာကို သင်သိထားလို့ သင့်လက်ထဲကို

မင်္ဂလာဖိတ်စာရောက်လာတဲ့အခါ ပျော်မိမှာပါ။

မင်္ဂလာပွဲမှာ ခင်းကျင်းဧည့်ခံတဲ့အစားအသောက်ကောင်းတွေ သုံးဆောင်နိုင်မှာဖြစ်သလို၊ မိတ်ဆွေသူငယ်ချင်းဟောင်းတွေနဲ့ တွေ့ဆုံရနိုင်တဲ့ အခွင့်အရေးပါပဲ။

ထို့အပြင် ဒီလိုပွဲမျိုးက သင်သိတဲ့သူနှစ်ဦး နှစ်ကိုယ်တူချစ်ကြင်ကြပြီး ဘဝတစ်သက်တာရွှေလက်တွဲဖို့ ဆုံးဖြတ်ကြတဲ့ လှပတဲ့အခမ်းအနားလည်းဖြစ်ပါတယ်။

မင်္ဂလာပွဲမှာ လွတ်လွတ်လပ်လပ်ပါဝင်ဆင်နွဲလို့လည်းရပါတယ်။ မင်္ဂလာာပွဲမှာ မျက်နှာပျက်စရာတွေမဖြစ်စေဖို့ ဧည့်သည်တွေအနေနဲ့ အောက်ဖော်ပြပါ အမှားများကို ရှောင်ကြဉ်ကြဖို့ လိုအပ်ပါတယ်။

ဓါတ်ပုံရိုက်ရာတွင် လျှပ်တပြက်မီး (Flash) ကို မသုံးပါနဲ့

စင်ပေါ်က မင်္ဂလာမောင်နှံနဲ့ အစီအစဉ်ဦးဆောင်သူတွေကို အနှောင့်အယှက်မဖြစ်စေဖို့ ဓါတ်ပုံရိုက်တဲ့အခါ အတတ်နိုင်ဆုံး လျှပ်တပြက်မီး ( Flash )ကို ပိတ်ပြီးမှ ဓာတ်ပုံရိုက်သင့်ပါတယ်။

ပွဲမပြီးခင် ပြန်သွားတာမျိုး မလုပ်ပါနဲ့

ပွဲမပြီးခင် ပြန်သွားမယ်ဆိုရင် မင်္ဂလာပွဲကို သင်တက်ရောက်ခဲ့မှန်း ဘယ်သူမှသိမှာမဟုတ်ပါ။ ဒါ့အပြင် ပွဲရဲ့ အရေးကြီးဆုံးအပိုင်းကိုလည်း သင်လွတ်သွားနိုင်ပါတယ်။

ပွဲဘယ်လောက်ပဲကြာကြာ အချိန်ပေး တက်ရောက်သင့်ပြီး ပွဲပြီးသွားရင်  ပါတီဆက်လက်ရှိကောင်းရှိ နေနိုင်ပါသေးတယ်။

မင်္ဂလာပွဲမတိုင်ခင် အဆာပြေမစားခြင်း မလုပ်ပါနဲ့

သင့်အနေနဲ့ မင်္ဂလာပွဲချိန်အတွင်း ဆာလောင်မှုမရှိစေဖို့ အဆာပြေတစ်ခုခုစားသွားသင့်ပါတယ်။သို့မှသာ အစီအစဉ်၊ ကျမ်းသစ္စာဆိုချိန် ဘယ်လောက်ပဲကြာကြာ သင့်အစာအိမ်အတွက် ပြဿနာ ကင်းဝေးနိုင်မှာဖြစ်ပါတယ်။

မင်္ဂလာပွဲမတိုင်ခင် ယမကာအရမ်းသောက်ခြင်း မလုပ်ပါနဲ့

မင်္ဂလာပွဲမှာ သောက်စရာယမကာတွေနဲ့ အချိန်အတော်ကြာ စားပွဲသောက်ပွဲ ခင်းကျင်းသုံးဆောင်ဖို့ရှိတာမို့ မင်္ဂလာပွဲမတိုင်ခင် ယမကာသောက်သုံးရင် မင်္ဂလာပါတီပွဲအတွက် ချိန်ဆပြီးသောက်သင့်ပါတယ်။

ကိုယ်နှင့် ဓါတ်မတည့်တဲ့ အစားအစာကို မစားပါနဲ့

သင့်အနေနဲ့ ဓါတ်မတည့်တဲ့ အစားအသောက်အချို့ရှိရင် ကြိုတင်၍ ပြောထားသင့်ပါတယ်။ သို့မှသာ သင့်လိုလူတွေအတွက် သင့်တော်မယ့် အစားအသောက် ကြိုတင်သီးသန့်စီစဉ်ပေးထားမှာဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 17:49
Rate this item
(0 votes)