Mg Aung Min Khaing & Ma Htet Htet Linn

Mg Aung Min Khaing & Ma Htet Htet Linn

အခုတင်ပြမယ့် မင်္ဂလာဆောင်အကြောင်းကတော့ နယ်တွင်တစ်ကြိမ်၊ ရန်ကုန်တွင်တစ်ကြိမ် မြန်မာစတိုင်ဖြင့်

မင်္ဂလာပွဲ နှစ်ပွဲကျင်းပခဲ့တဲ့ သတို့သား မောင်အောင်မင်းခိုင်နှင့် သတို့သမီး မထက်ထက်လင်း အကြောင်းပဲဖြစ်ပါတယ်။  

သတို့သားနှင့် သတို့သမီးအကြောင်း

မောင်အောင်မင်းခိုင်နှင့် မထက်ထက်လင်းတို့ဟာ အလုပ်တွင် မိတ်ဆွေတစ်ယောက်မှ မိတ်ဆက်ပေးရင်းနဲ့ စပြီး သိကျွမ်းခဲ့ပါတယ်။ ချစ်သူသက်တမ်း ၄ နှစ်အကြာတွင် နှစ်ယောက်တိုင်ပင်ပြီး လက်ထပ်ဖြစ်ခဲ့ကြသူနှစ်ဦးပါ။

နှစ်ဦးနှစ်ဘက်မိဘများအားချစ်သူနှစ်ဦးကအသိပေး၍ ဒီနှစ်ပိုင်းအတွင်း မင်္ဂလာဆောင်ရန် စတင်စီစဉ် ခဲ့ပါတယ်။ မင်္ဂလာဆောင်ရန် စတင်စီစဉ်ခဲ့ရာ တွင် မြန်မာ့ရိုးရာ စတိုင်ပုံစံဖြင့် နှစ်ဦးသဘောတူခဲ့ပြီး ရင်းနှီးသော မိတ်ဆွေသူငယ်ချင်းများနှင့် တိုင်ပင်၍ ၂၀၁၆ ခုနှစ်တွင် မင်္ဂလာပွဲ ပြုလုပ်ရန်အတွက် စစ်ကိုင်းရွှေဟင်္သာစံကျောင်း (ရန်ကုန်)နှင့် နယ်တွင်တစ်ကြိမ် (စစ်ကိုင်း) ကျင်းပပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။

02

မင်္ဂလာဝတ်စုံနှင့် ဒီဇိုင်း

မင်္ဂလာဆောင်ရန်အတွက် ငယ်သူငယ်ချင်းများ၊ နှစ်ဘက်မိဘဆွေမျိုးများ အယောက် ၂၀၀ ဖိတ်ရန် ဆုံးဖြတ်ခဲ့ပြီးဖိတ်စာကို ၂၀၀ ပြုလုပ်ခဲ့ပါတယ်။ ဖိတ်စာကို ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ဆင်ရေတွင်းမှတ်တိုင်အနီးရှိ မင်္ဂလာဖိတ်စာအမျိုးမျိုးပြုလုပ်သည့်ဆိုင်တွင် ဖိတ်စာကို ရိုက်နှိပ်ခဲ့ပါတယ်။ ဒီဇိုင်းနှင့်ဈေးနှုန်းကို ချိန်ပြီးအပ်ခဲ့ပါတယ်။

မင်္ဂလာဝတ်စုံကို ဗိုလ်ချုပ်ဈေးက နယူးဒေါ်လာမြင့်အောင်ဆီမှာအပ်ပါတယ်။ ကိုယ်တိုင်းနဲ့ပုံစံကျအောင် ချုပ်ဝတ်ပါတယ်။

ရန်ကုန်မင်္ဂလာပွဲတွင် သတို့သားနဲ့သတို့သမီးက ခရမ်းရောင်ဆင်တူဝတ်စုံကိုဝတ်ပြီး၊ နယ်မင်္ဂလာပွဲတွင် လိမ္မော်ရောင် တူညီဝတ်စုံကို ၀တ်ဆင်ခဲ့ပါတယ်။

မင်္ဂလာအကြိုဓာတ်ပုံများကို Aroma တွင် အနောက်တိုင်းစတိုင်ဖြင့် ၂ မျိုး၊ မြန်မာစတိုင်ဖြင့် ၁ မျိုးဝတ်ဆင်၍ ရိုက်ကူးခဲ့ပါတယ်။

သတို့သမီး မိတ်ကပ်အလှပြင်ဆင်သူကတော့ ပြည့်ပြည့်နဲ့ပြင်ပြီး ပန်းကိုတော့ နှစ်ပွဲစလုံး ပန်းအစစ်ပဲ ပန်ဖြစ်ပါတယ်။ ရန်ကုန်ပွဲတွင် နှင်းဆီပန်းနှင့် နယ်ပွဲတွင် သစ်ခွပန်းတို့ ပန်ဖြစ်ပါတယ်။

မင်္ဂလာဝတ်စုံကိုတော့ ရွှေကံ့ကော်ပိုးထည်ဆိုင်တွင် ချိတ်ဝယ်ပြီး ဆိုင်မှာအပ်တာ အပြီးအစီး ၂ သိန်းနီးပါးကုန်ကျ ခဲ့ပါတယ်။

မင်္ဂလာအခမ်းအနားအပြင်ဆင်ကိုတော့ ဘုန်းကြီးကျောင်းမှ ပြင်ဆင်ပေးပါတယ်။ ဓာတ်ပုံဆရာ မော်နီကျော်နဲ့ မင်္ဂလာဆွမ်းကျွေးပွဲနေ့တွင် ရိုက်ခဲ့ပါတယ်။

မင်္ဂလာအချိန်ကတော့ နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ ကျင်းပခဲ့ပါတယ်။ ရန်ကုန်ဧည့်ခံပွဲတွင် ကြက်ဆီထမင်း၊ ရေခဲမုန့်ဖြင့် တည်ခင်းကျွေးမွေးခဲ့ပါတယ်။ စစ်ကိုင်းဧည့်ခံပွဲတွင် ဒံပေါက်ဖြင့် တည်ခင်းကျွေးမွေးခဲ့ပါတယ်။

03

မင်္ဂလာမောင်နှံမှ ဧည့်သည်တော်ဝိုင်း တစ်ဝိုင်းချင်းစီကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ခြင်း၊ နှုတ်ဆက်ခြင်း များပြုလုပ်ခဲ့ပါတယ်။ သုံးဆောင်ပြီးသော ဧည့်သည်တော်များမှ မင်္ဂလာမောင်နှံအား နှုတ်ဆက်ကာ အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။

ဟန်းနီးမွန်းခရီးစဉ်ကိုတော့ နှစ်ယောက်စလုံးမှ အေးအေးဆေးဆေးအနားယူအပန်းဖြေချင်သည့် အတွက်ကြောင့် ပြင်ဦးလွင်ကို သွားရန်ဆုံးဖြတ်ခဲ့ကြပါတယ်။ ပြင်ဦးလွင်ရှိ Pyin Oo Lwin Resort တွင် တည်းခိုခဲ့ပါတယ်။

မင်္ဂလာပွဲ အစမှအဆုံးထိ စုစုပေါင်း ၃၅ သိန်း ကုန်ကျခဲ့ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:12
Rate this item
(8 votes)