Wai Wai Yu @ Orchid - MC

Wai Wai Yu @ Orchid - MC

MC ကို ဘယ်အချိန်ကစပြီး လုပ်ဆောင်ခဲ့ပါသလဲ။

၂၀၁၁ ခုနှစ်တွင် 5 Network မှာ Presenter အလုပ်ကို စတင်ဝင်ရောက်ခဲ့ပါတယ်။

MC လုပ်ရတဲ့ ရည်ရွယ်ချက်လေး သိချင်ပါတယ်။

MC လုပ်ရတာ ၀ါသနာအရမ်းပါပြီး အရမ်းပျော်ဖို့ကောင်းပါတယ်။ အများပြည်သူရဲ့ပွဲတွေမှာ ကူညီပေးလို့ ပွဲအောင်မြင်သွားရင် အရမ်းကျေနပ်ဖို့ ကောင်းပါတယ်။ အဲဒီခံစားချက်လေးကို သဘောကျ နှစ်သက်မိလို့ပါ။

wwy 5

 

MC အနေနဲ့ ဘယ်နှစ်ပွဲလောက်လုပ်ဖြစ်ခဲ့ပြီးပြီလဲ။

၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ် အချိန်ကာလအတွင်းမှာဆိုတော့ ပွဲတော်တော်လေးများနေပါပြီ။

MC လုပ်တဲ့ အတွေ့အကြုံလေးသိချင်ပါတယ်။

အတွေ့အကြုံကတော့ အများကြီးပါပဲ။ ရီစရာတွေရော၊ ငိုစရာတွေရောပေါ့။ လွယ်လွယ်နဲ့တော့ ဒီနေရာထိ မရခဲ့ပါဘူး။

အခမ်းအနားပွဲတွေက တစ်ပွဲနှင့်တစ်ပွဲ ဘယ်လိုမျိုးကွာခြားချက်တွေရှိပါသလဲ။

ပွဲတွေက အမျိုးမျိုး၊ idea လေးတွေက အမျိုးမျိုးဆိုတော့ တစ်ပွဲနှင့်တစ်ပွဲ ကွာခြားချက်လေးတွေရှိပါတယ်။

အခမ်းအနားပွဲ ဖိတ်ရင် လူရွေးပြီးသွားသလား။ နေရာအနီးအဝေးအပေါ်မူတည်ပြီးတော့ ပွဲကို သွားသလား။

ကိုယ့်ကို အခမ်းအနားမှူးအဖြစ် ငှားတဲ့ ဘယ်သူမဆို ကိုယ့်ရဲ့ထမင်းရှင်ပါပဲ။ လူရွေးချယ်လေ့မရှိပါဘူး။ နေရာလည်း မရွေးပါဘူး။ ရက်အားရင် အားလုံးကို ကူညီပေးပါတယ်။

အခမ်းအနားလုပ်ဖို့ အချိန်ဘယ်လောက်ကြာကြာမှာ ကြိုတင်ပြောထားရပါသလဲ။

အနည်းဆုံး ၁ လ လောက် ကြိုတင်ပြောထားရင် ရပါတယ်။

အခမ်းအနားမှူးအဖြစ် ပွဲတစ်ပွဲငှားရမ်းခ ဘယ်လောက်လဲသိပါရစေ။

Wedding dinner တွေအတွက် ကျပ် ၃ သိန်း၊ နေ့လည်ပွဲဆိုရင် ကျပ် ၂ သိန်းခွဲနှင့် နယ်ပွဲဆိုရင် ကျပ် ၄ သိန်း ဖြစ်ပါတယ်။

အနာဂတ် အလားအလာကောင်းများသိချင်ပါတယ်။

Orchid က တီချယ်မိုး (တင်မိုးလွင်) တပည့်ဆိုတော့ တီချယ်မိုးရဲ့ ခြေရာကိုနင်းဖို့ ကြိုးစားနေဆဲပါ။ အမြဲတမ်း ဆရာသမားများရဲ့ ဂုဏ်ကျေးဇူးကို ဦးထိပ်ထားပြီးမှ ပွဲများကို တင်ဆက်ပါတယ်။ English ဘာသာနဲ့လည်း တင်ဆက်ပေးပါတယ်။ ၀ါသနာပါရာအလုပ်ကို စေတနာအမှန်ဖြင့် အကောင်းဆုံး ၀န်ဆောင်မှုပေးပါတယ်။ ဒီ interview ကို ဖတ်နေတဲ့ စာဖတ်ပရိသတ်များအားလုံး စိတ်ချမ်းသာကြပြီး ဘ၀မှာ အောင်မြင်မှုများစွာ ရရှိပါစေလို့ ဆုတောင်းပေးပါတယ်။

အမည်နဲ့ ဆက်သွယ်ရမည့်ဖုန်းနံပါတ်လေးပါ သိချင်ပါတယ်။

MC/ Announcer & Presenter Wai Wai Yu @ Orchid

09-43087917

This email address is being protected from spambots. You need JavaScript enabled to view it.

ဆောင်ပုဒ် “Your success is my pleasure”

Read times Last modified on Wednesday, 19 September 2018 09:48
Rate this item
(3 votes)