Mg Phyo Kyaw Thu & Ma Su Mon Htike

Mg Phyo Kyaw Thu & Ma Su Mon Htike

ယနေ့တင်ပြမည့် မင်္ဂလာဆောင် အကြောင်းကတော့ Summit Parkview Hotel တွင် မြန်မာဆန်ဆန်

မင်္ဂလာ ဆောင်ခဲ့တဲ့ သတို့သားမောင်ဖြိုးကျော်သူနှင့် သတို့သမီး မဆုမွန်ထိုက်တို့ အကြောင်းပဲ ဖြစ်ပါတယ်။

မောင်ဖြိုးကျော်သူနှင့် မဆုမွန်ထိုက်တို့ဟာ တက္ကသိုလ်မှ ဘွဲ့အသီးသီးရရှိခဲ့ပြီး လုပ်ငန်းခွင်ထဲဝင်ချိန် (SPSS Training) သင်တန်းတစ်ခုတွင် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ချစ်သူသက်တမ်း ၂ နှစ် ၁၀ လမှာ သတို့သားဘက်မှ မိဘများ အိမ်လာတောင်းသောကြောင့် စေ့စပ်ဖြစ်ခဲ့ပါတယ်။ ချစ်သူသက်တမ်း ၃ နှစ် ၆ လ အကြာမှာ လက်ထပ်ဖြစ်တဲ့ ချစ်သူနှစ်ဦးဖြစ်ပါတယ်။

022

စေ့စပ်ပွဲမင်္ဂလာကို ၂၀၁၆ ခုနှစ်၊ မတ်လ (၅) ရက်နေ့တွင် ကျင်းပခဲ့ပြီး မင်္ဂလာလက်မှတ် ရေးထိုးခြင်းနှင့် ဆွမ်းကျွေးအလှူကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့တွင် ကျင်းပခဲ့ပါတယ်။

နှစ်ဘက်မိဘများ သဘောတူညီမှုရရှိပြီး ဒီနှစ်ပိုင်းအတွင်း မင်္ဂလာဆောင်ရန် စတင်စီစဉ်ခဲ့ပါတယ်။ မင်္ဂလာဆောင်ရန် စတင်စီစဉ်ခဲ့ရာတွင် မြန်မာဆန်ဆန်ဆောင်ရန် နှစ်ဦးသဘောတူခဲ့ပြီး ရင်းနှီးသော မိတ်ဆွေသူငယ်ချင်းများနှင့်တိုင်ပင်ပြီး ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက် (တနင်္ဂနွေနေ့) တွင် မင်္ဂလာဧည့်ခံပွဲ ပြုလုပ်ရန်အတွက် Summit Parkview Hotel တွင် မင်္ဂလာ ဧည့်ခံပွဲပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။

033

မင်္ဂလာဆောင်ရန်အတွက် သူငယ်ချင်းများ၊ နှစ်ဘက်မိဘဆွေမျိုးများနှင့် လုပ်ဖော်ကိုင်ဖက်များ ဖိတ်ကြားရန် အတွက် ဖိတ်စာ ကို ၃၅၀ ပြုလုပ်ခဲ့ပြီး နယ်ကိုလည်းပို့ခဲ့ပါတယ်။ ဖိတ်စာဒီဇိုင်းကိုရော၊ ဈေးနှုန်းကိုရော ကြည့်ပြီးမှ အပ်ပါတယ်။ ဖိတ်စာကို ရွှေရောင်၊ ငွေရောင် နှစ်မျိုးစလုံး ပြုလုပ်ခဲ့ပြီး ရန်ကုန်မြို့၊ ၃၂ လမ်းရှိ ချမ်းမြေ့၊ မင်္ဂလာဖိတ်စာလုပ်ငန်းဆီမှာ အပ်ခဲ့ပါတယ်။

044

မင်္ဂလာဝတ်စုံကို မြန်မာ့ထုံးတမ်းအစဉ်အလာနှင့်ကိုက်ညီသော ရွှေဝါရောင်ပေါ်တွင် ကျောက်များဖြင့် ခြယ်သထားတဲ့ ထိုင်မသိမ်းဝတ်စုံကို AKK Shopping Center က မစုနန္ဒာဆီမှာ သတို့သား၊ သတို့သမီး၊ ပန်းကြဲ၊ ဗန်းကိုင်တွေအတွက်ပါ ငှားရမ်းဝတ်ဆင်ခဲ့ပါတယ်။ မိဘများအတွက်ကိုတော့ ကိုယ်တိုင်းနှင့် ချုပ်လုပ်ပေးပါတယ်။

သတို့သမီး မိတ်ကပ်အလှပြင်ဆင်သူကတော့ မိတ်ကပ်မေမိုး (ကျော်မိုး) နှင့် ဟိုတယ်မှာ လာပြင်ပေးပါတယ်။ သတို့သမီးက Crystal ပန်ပြီး မိဘတွေကတော့ ပန်းအစစ်ကိုပဲ ပန်ကြပါတယ်။ မိတ်ကပ်ပြင်ဆင်ခမှာ ၁၅၀၀၀၀ ကျပ် ကုန်ကျခဲ့ပြီး မိဘများနှင့် ပန်းကြဲ၊ ဗန်းကိုင်များအတွက် မိတ်ကပ်ပြင်ခမှာ တစ်ယောက် ၃၀၀၀၀ ကျပ် ကုန်ကျခဲ့ပါတယ်။

မင်္ဂလာအခမ်းအနားအပြင်ဆင်ကိုတော့ Summit Parkview Hotel မှ နာက်ခံစာတန်းရေးထိုးခြင်း၊ ပန်းအိုး၊ လျှောက်လမ်းကော်ဇော၊ မင်္ဂလာကိတ်၊ အထူးဧည့်သည်ဝိုင်းအတွက် ပန်းအိုး စတာတွေကို မေတ္တာ လက်ဆောင်အဖြစ် ဟိုတယ်မှ ပြုလုပ်ပေးပါတယ်။

055

Pre-wedding ကို Forever စတူဒီယိုနှင့် သန်လျင်ခြံထဲမှာ ရိုက်ကူးမှု ပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာဧည့်ခံပွဲနေ့တွင် Yes I Do Photo Studio ကို ငှားရမ်း၍ ရိုက်ကူးခဲ့ပါတယ်။

မင်္ဂလာအချိန်ကတော့ ညနေ ၄ နာရီမှ ၆ နာရီအထိ ၂ နာရီကြာ ကျင်းပခဲ့ပါတယ်။ ပွဲစထွက်တဲ့အချိန်ကတော့ ၄း၄၅ မှာ စတင်ထွက်ခဲ့ပါတယ်။ မင်္ဂလာတေးသီချင်းကို မငြိမ်းငြိမ်းအိ မှ သီဆိုပြီး မင်္ဂလာအခမ်းအနားမှူး အဖြစ် ဦးရန်ပိုင်စိုး က ဧည့်သည်တော်များအား မင်္ဂလာသြဘာ ဖတ်ကြားပေးပြီး မင်္ဂလာပန်းကုံးနှင့် မင်္ဂလာလက်စွပ်ကို ဂုဏ်သရေရှိလူကြီးစုံတွဲမှ ဆင်မြန်းပေးကာ မင်္ဂလာအထမြောက်သွားကြောင်း ကြေညာခဲ့ပါ တယ်။

မင်္ဂလာအကျွေးအမွေးကိုတော့ မုန့် ၄ မျိုး၊ ကော်ဖီ (သို့) လက်ဖက်ရည်၊ ရေခဲမုန့်တို့ဖြင့် ဧည့်သည်အယောက် ၃၃၀ ကို တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပါတယ်။ မင်္ဂလာမောင်နှံမှ ဧည့်သည်တော်ဝိုင်း တစ်ဝိုင်းချင်းစီကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ခြင်း၊ နှုတ်ဆက်ခြင်းများပြုလုပ်ခဲ့ပါတယ်။ သုံးဆောင်ပြီးသော ဧည့်သည်တော်များမှ မင်္ဂလာမောင်နှံအား နှုတ်ဆက်ကာ အခမ်းအနား အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါတယ်။ ဟန်းနီးမွန်းခရီးစဉ်ကို တော့ ဗီယက်နမ်ကို သွားခဲ့ပါတယ်။

066

မင်္ဂလာပွဲ အစမှအဆုံးထိ စုစုပေါင်း သိန်း ၁၅၀ ကျပ် ကုန်ကျခဲ့ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:11
Rate this item
(3 votes)