Mg Kyaw Win Htun & Ma Thandar Htun

Mg Kyaw Win Htun & Ma Thandar Htun

ယနေ့တင်ပြမည့် မင်္ဂလာဆောင်အကြောင်းကတော့ နှစ်ဘက်မိဘများနေရာရှိ မြို့နယ်တွင် မင်္ဂလာဦးဆွမ်းကျွေး ပွဲကိုကျင်းပခဲ့ပြီး အင်းယားလမ်း၊ ကမာရွတ်မြို့နယ် တွင်ရှိသော ရွှေရှမ်းကန်မှာညစာစားပွဲပြုလုပ်ခဲ့တဲ့ သတို့သား မောင်ကျော်ဝင်းထွန်းနှင့် သတို့သမီးမသန္တာထွန်းတို့ အကြောင်းပဲဖြစ်ပါတယ်။

သတို့သားနှင့် သတို့သမီးတို့အကြောင်း

မောင်ကျော်ဝင်းထွန်းနှင့် မသန္တာတို့ဟာ လုပ်ငန်းခွင်တွင်တွေ့ဆုံပြီး ရင်းနှီးကျွမ်းဝင်ခဲ့ကြတာပါ။ နောက် သူငယ်ချင်းတွေဖြစ်ပြီး အလုပ်ပိတ်ရက်တွင် လျှောက်လည်ကြရင်းဖြင့် တစ်ဦးနှင့်တစ်ဦး နှစ်သက်စုံမက်ခဲ့ကြပါတယ်။ ချစ်သူသက်တမ်း ၆ နှစ်အကြာတွင် လက်ထပ်ခွင့်ကိုတောင်းခဲ့ကြတဲ့သူ နှစ်ဦးပါ။

နှစ်ဦးနှစ်ဘက်မိဘများအားချစ်သူနှစ်ဦးမှ အသိပေး၍ ၀ါမ၀င်ခင် မင်္ဂလာဆောင်ရန် စတင်စီစဉ်ခဲ့ပါတယ်။ မင်္ဂလာဆောင်ရန် စတင်စီစဉ်ခဲ့ရာတွင် နှစ်ဦးနှစ်ဖက်စလုံး၏ အိမ်တွင် မင်္ဂလာဆွမ်းကျွေးပွဲကို မွေးရပ်မြေတွင် အရင် ပြုလုပ်ပြီးမှ ရန်ကုန်တွင် ၁၄.၅.၂၀၁၅ တွင် Dinner ပွဲလုပ်ရန် အစီအစဉ်ဆွဲခဲ့ပါတယ်။

နှစ်ဦးနှစ်ဘက်ရင်းနှီးသော မိတ်ဆွေသူငယ်ချင်းများနှင့် တိုင်ပင်ပြီး မြန်မာသက္ကရာဇ် ၁၃၇၈ခုနှစ်၊ ကဆုန်လဆန်း (၈) ရက် ၁၄.၅.၂၀၁၆ (စနေနေ့) တွင် Dinner ပွဲလုပ်ရန်အတွက် ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းတွင် ရှိသော ရွှေရှမ်းကန် စားသောက်ဆိုင်တွင် မင်္ဂလာဧည့်ခံပွဲပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။

13096246 1093296280716539 8475734250038707780 n

မင်္ဂလာဆောင်ရန်အတွက် ငယ်သူငယ်ချင်းများမိတ်ဆွေများအယောက် ၁၂၀ ဖိတ်ရန် ဆုံးဖြတ်ခဲ့ပြီး ဖိတ်စာကို မိတ်ဆွေသူငယ်ချင်းဖြစ်သူမှ ကတ်ထူဖြင့် အထဲတွင် နှစ်ယောက်ပုံစံကိုပန်းချီပုံဖြင့် ပြုလုပ်ပေးပြီး စာသားကို အင်္ဂလိပ်ဖြင့်သာ ရိုက်နှိပ်၍ ဖိတ်စာပြုလုပ်ခဲ့ပါတယ်။

Pre-wedding, Dinner, မင်္ဂလာဝတ်စုံနှင့် ဒီဇိုင်း

Dinner ၀တ်စုံကို အနောက်တိုင်းစတိုင်ပုံစံဖြင့် ငွေရောင်ပေါ်တွင် ကျောက်များဖြင့် ခြယ်သထားတဲ့ ၀တ်စုံကို ငှားရမ်းဝတ်ဆင်ခဲ့ပါတယ်။ မင်္ဂလာလက်စွပ်ကို တာလီရွှေဆိုင်မှ ၀ယ်ယူခဲ့ပါတယ်။

သတို့သမီးအတွက် မင်္ဂလာဝတ်စုံကိုအွန်လိုင်း Page တစ်ခုတွင်တွေ့ရှိသော ညနေခင်းဝတ်စုံကို ငှားရမ်း ၀တ်ဆင်ခဲ့ပါတယ်။ အခမ်းအနားအပြင်ဆင်ကိုတော့ နှစ်ဘက်ရုံးမှ သူငယ်ချင်းများနှင့် ရွှေရှမ်းကန်ဝန်ထမ်းများမှ အကူအညီပေးခဲ့ပါတယ်။

မင်္ဂလာညစာစားပွဲ၏ ဓာတ်ပုံနှင့် ဗွီဒီယိုရိုက်ကူးရေးကိုမိတ်ဆွေဖြစ်သူကိုစည်သူနှင့် ကိုဝင်းထိုက်မှ ရိုက်ကူးပေးခဲ့ ပါသည်။ Pre-wedding ဓာတ်ပုံနဲ့ ဗွီဒီယိုရိုက်ကူးရေးကို Forever မှာ ရိုက်ကူးခဲ့ပြီး ၃သိန်းတန် Package ဖြင့် ရိုက်ကူးခဲ့သော်လည်း ဓါတ်ပုံအပိုကို ပုံကြီးချဲ့ခြင်းနှင့် အခြားဓါတ်ပုံ အပိုယူသောကြောင့် စုစုပေါင်း ၄ သိန်း ၈ သောင်းခန့်ကုန်ကျပါသည်။

မင်္ဂလာအချိန်ကတော့ ညနေ၆း၀၀ နာရီ မှ ည ၉း၀၀ နာရီအထိ ၃ နာရီကြာကျင်းပခဲ့ပါတယ်။ ပွဲစထွက်တဲ့အချိန်ကတော့ ၆ နာရီခွဲမှာစတင်ထွက်ခဲ့ပါတယ်။ လုပ်ဖော်ကိုင်ဘက်သူငယ်ချင်းတစ်ဦးမှ အခမ်းအနားမှူး အဖြစ် ဆောင်ရွက်ပေးခဲ့ ပါတယ်။ ယင်းနောက် မင်္ဂလာလက်စွပ်ကိုဂုဏ်သရေရှိလူကြီးစုံတွဲမှ ဆင်မြန်းပေးကာမင်္ဂလာ အထမြောက် သွားကြောင်း ကြေညာခဲ့ပါတယ်။

မင်္ဂလာအကျွေးအမွေးကိုတော့ ရွှေရှမ်းကန်မှ ဘူဖေးဖြင့်တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပါတယ်။ မင်္ဂလာခန်းမနဲ့ အကျွေးအမွေး ကုန်ကျစရိတ်ကသိန်း၂၀ကျော်ခန့်ကုန်ကြပြီးမင်္ဂလာမောင်နှံမှ ဧည့်သည် တော်ဝိုင်း တစ်ဝိုင်းချင်းစီကို မှတ်တမ်းတင်ဓာတ်ပုံရိုက်ခြင်း၊ နှုတ်ဆက်ခြင်းများပြုလုပ်ခဲ့ပါတယ်။ သုံးဆောင်ပြီးသော ဧည့်သည်တော်များမှ မင်္ဂလာမောင်နှံအား နှုတ်ဆက်ကာ အခမ်းအနားအောင်မြင်စွာ ကျင်းပပြီးစီး ခဲ့ပါတယ်။

စုစုပေါင်းကုန်ကျစရိတ်အနေဖြင့် မင်္ဂလာပွဲစဉ်အစအဆုံး ကုန်ကျစရိတ်နှင့် နှစ်ဘက် မိဘများနေရာရှိ မြို့နယ်တွင် မင်္ဂလာဦးဆွမ်းကျွေးပွဲနှင့် ရန်ကုန်ညစာစားပွဲအပါအ၀င် ကျပ်သိန်း ၈၀ ခန့်ကုန်ကျခဲ့သည်။

Read times Last modified on Tuesday, 18 September 2018 15:13
Rate this item
(3 votes)