Dr.Htun Aung Kyaw and Ma Yu Maw Htwe

Dr.Htun Aung Kyaw and Ma Yu Maw Htwe

ယနေ့တင်ပြမည့် မင်္ဂလာဆောင်အကြောင်းကတော့ ကန်တော်ကြီးပတ်လမ်းဝင်းအတွင်း Dolphin တွင် မြန်မာဆန်ဆန်

မင်္ဂလာပွဲ ကျင်းပခဲ့တဲ့ သတို့သား ဒေါက်တာထွန်းအောင်ကျော်နှင့် သတို့သမီး မယုမော်ထွေးတို့ အကြောင်းပဲ ဖြစ်ပါတယ်။

 

သတို့သားနှင့် သတို့သမီးအကြောင်း

 

သတို့သား ဒေါက်တာထွန်းအောင်ကျော်နှင့် သတို့သမီး မယုမော်ထွေး တို့ဟာ အပြင်တွင် တွေ့ခဲ့ကြတဲ့ သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။ တက္ကသိုလ်မှ ဘွဲ့အသီးသီးရခဲ့ကြပြီး လုပ်ငန်းခွင်ဝင်တဲ့ အချိန်၊ ချစ်သူ သက်တမ်း ၉ နှစ်အကြာမှာ လက်ထပ်ခွင့်ကို တောင်းခဲ့ကြတဲ့သူ နှစ်ဦးပါ။

 02

နှစ်ဦးနှစ်ဘက်မိဘများအား ချစ်သူနှစ်ဦးကအသိပေး၍ ဒီနှစ်ပိုင်းအတွင်း မင်္ဂလာဆောင်ရန် စတင်စီစဉ်ခဲ့ ပါတယ်။ မင်္ဂလာဆောင်ရန် စတင်စီစဉ်ခဲ့ရာတွင် အရင်ဆုံး Pre-wedding ဓာတ်ပုံကြိုရိုက်ရန် နှစ်ဦးသဘော တူခဲ့ပြီးနောက် မင်္ဂလာခန်းမကို နှစ်ဦးနှစ်ဖက်မိဘများနှင့် တိုင်ပင်၍ ၂၀၁၇ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ကို Dolphin တွင် မင်္ဂလာဧည့်ခံပွဲကျင်းပရန် ဆုံးဖြတ်ခဲ့ကြပါတယ်။

 

မင်္ဂလာဝတ်စုံနှင့် ဒီဇိုင်း

 

မင်္ဂလာဆောင်ရန်အတွက် ရင်းနှီးသောမိတ်ဆွေများ၊ နှစ်ဘက်မိဘဆွေမျိုးများ အယောက် ၄၀၀ ဖိတ်ရန် ဆုံးဖြတ်ခဲ့ပြီး ဖိတ်စာကို ၄၀၀ ပြုလုပ်ခဲ့ပါတယ်။ အသိမိတ်ဆွေတစ်ယောက်က အပ်နှံပေးခဲ့ပါတယ်။ ကိုယ်လိုချင်တဲ့ အရောင်နဲ့ ဒီဇိုင်းကို ပြောပြီး အပ်ခဲ့ပါတယ်။

 

မင်္ဂလာဝတ်စုံနှင့် မိတ်ကပ်တို့ကို Aroma မှ စီစဉ်ပေးခဲ့ပါတယ်။ သတို့သား၊ သတို့သမီး မြန်မာဆန်ဆန်စတိုင်နဲ့ပဲ မင်္ဂလာဆောင်ခဲ့ပါတယ်။ ၀တ်စုံအရောင်ကတော့ မြန်မာဆန်ဆန် ပန်းနုရောင်လေးကို ရွေးချယ်၍ ၀တ်ဆင်ခဲ့ပါတယ်။ ဈေးနှုန်းကတော့ ၀တ်စုံနှင့် မိတ်ကပ်ပါအပြီးကို ကျပ် ၁၀ သိန်းခန့် ကုန်ကျခဲ့ပါတယ်။

 

မိဘတွေအတွက် ၀တ်စုံကိုတော့ ချုပ်ပေးခဲ့ရပါတယ်။ သတို့သားအရံ၊ သတို့သမီးအရံ၊ ပန်းကြဲနဲ့ ဗန်းကိုင် တို့ကိုလည်း Aroma မှ စီစဉ်ပေးခဲ့ပါတယ်။

 

မိတ်ကပ်ကို Aroma မှ အကုန်လုံးအတွက် ပြင်ဆင်ခဲ့ပါတယ်။ ပန်းအစစ်ကို ပန်ဖြစ်ခဲ့ပါတယ်။ ပန်တဲ့ပန်း၊ လက်ကိုင်ပန်း၊ ရင်ထိုးပန်း နှစ်ယောက်စာ၊ မိဘနဲ့ ပန်းကြဲ၊ ဗန်းကိုင်တွေအတွက် ရင်ထိုးပန်း၊ စံပယ်ပန်းကုံး တို့ကိုလည်း Aroma package တွင် ပါဝင်ပါတယ်။

 

မင်္ဂလာခန်းမအပြင်အဆင်ကို Dolphin ကပဲ ၀န်ဆောင်မှုပေးပါတယ်။ ကိုယ်ထပ်ထည့်ချင်တဲ့ ပန်းတို့ ဘောလုံးတို့ကိုလည်း Romatics က ပြင်ဆင်ပေးခဲ့ပါတယ်။

 03

မင်္ဂလာဓာတ်ပုံနှင့် ဗွီဒီယိုရိုက်ကူးရေးကိုတော့ Aroma ဗွီဒီယိုရိုက်ကူးရေးမှ ရိုက်ကူးစေခဲ့ပါတယ်။ မင်္ဂလာအချိန် ကတော့ နေ့လည် ၁၂ နာရီ မှ ၂ နာရီအထိ ကျင်းပခဲ့ပါတယ်။ ပွဲစထွက်တဲ့အချိန်ကတော့ ၁၂း၄၅ မှာ စတင်ထွက်ခဲ့ပါတယ်။

 

မင်္ဂလာပွဲထွက်ကိုတော့ အန်တီခေမာက ဆိုပေးခဲ့ပါတယ်။ မင်္ဂလာအခမ်းအနားမှူးအဖြစ် ကိုခိုင်မြဲသာ က ဧည့်သည်တော်များအား မင်္ဂလာသြဘာ ဖတ်ကြားပေးပြီး မင်္ဂလာပန်းကုံးနှင့် မင်္ဂလာလက်စွပ်ကို ဂုဏ်သရေရှိ လူကြီးစုံတွဲမှ ဆင်မြန်းပေးကာ မင်္ဂလာအထမြောက်သွားကြောင်း ကြေညာခဲ့ပါတယ်။

 

မင်္ဂလာအကျွေးအမွေးကိုတော့ Dolphin ရဲ့ နာမည်ကြီး Dimsum နဲ့ တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပါတယ်။ မင်္ဂလာမောင်နှံမှ ဧည့်သည်တော်ဝိုင်း တစ်ဝိုင်းချင်းစီကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ခြင်း၊ နှုတ်ဆက်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။ သုံးဆောင်ပြီးသော ဧည့်သည်တော်များမှ မင်္ဂလာမောင်နှံအား နှုတ်ဆက်ကာ အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။

 

ဟန်းနီးမွန်းခရီးစဉ်ကိုတော့ နှစ်ယောက်စလုံးမှပင်လယ်ကမ်းခြေသွားရတာကြိုက်တဲ့အတွက်ကြောင့် Amazing Ngapali Hotel သို့ သွားရောက်ခဲ့ပါတယ်။ မင်္ဂလာဆောင်အပြီးအစီး၊ ခန်းဝင်ပစ္စည်းဖိုးအပါအ၀င် သိန်း ၁၂၀ ခန့် ကုန်ကျခဲ့ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:10
Rate this item
(1 Vote)