မင်္ဂလာနေ့သတ်မှတ်ခြင်းအတွက် အချက်များ

မင်္ဂလာနေ့သတ်မှတ်ခြင်းအတွက် အချက်များ

မင်္ဂလာပွဲနေ့သတ်မှတ်ခြင်းအတွက် ဘတ်ဂျက်၊ ကြိုတင်စီစဉ်ဖို့လိုတဲ့အချိန်၊

ရာသီဥတု၊ ၀တ်စုံစတိုင်နဲ့ မိမိသုံးချင်တဲ့ပန်း အစရှိသဖြင့် လိုအပ်တာတွေကို ထည့်တွက်ပြီး နေ့ရက်ရွေးရပါမယ်။

 

ပုံမှန်အားဖြင့် မင်္ဂလာရာသီ ၀ါကျွတ်ကာလများနဲ့ စနေ၊ တနင်္ဂနွေညများကတော့ ဟိုတယ်မင်္ဂလာခန်းမတွေရဖို့ ခက်ခဲတဲ့နေ့တွေ၊ အချိန်တွေဖြစ်တတ်ပြီး ဈေးလည်း အများဆုံးဖြစ်တတ်ပါတယ်။

 

မင်္ဂလာရက်ကိုသတ်မှတ်ပြီးတဲ့အခါ ကိုယ်အလိုချင်ဆုံးရက်အပြင် နောက်ထပ် နှစ်ရက်လောက်ကိုလည်း ရံထားဖို့ လိုအပ်ပါလိမ့်မယ်။

 

နာမည်ကြီးတဲ့နေရာတွေရွေးမယ်ဆိုရင်တော့ တစ်နှစ်လောက် ကြိုတင် ဘိုကင်လုပ်ပြီး ရက်ချိတ်ရတာမျိုးလည်း ရှိတဲ့အတွက်ကြောင့် ဦးစားပေးအနေနဲ့ ရံထားသင့်ပါတယ်။

 

အားလပ်ရက်၊ ပိတ်ရက်တွေကို ရွေးမယ်ဆိုရင် လူစုံတက်ရောက်နိုင်ကြပေမယ့် ရပ်ဝေးဧည့်သည်များ အတွက်လည်း စရိတ်ပိုလာနိုင်ပါတယ်။

 

အားလပ်ရက်တွေမှာဆိုရင် ခရီးစရိတ်၊ တည်းခိုစရိတ်တွေ ဈေးကြီးတတ်တဲ့အတွက် ကိုယ့်အစီအစဉ်ကို သေချာပြန်ချိန်ဖို့ လိုအပ်ပါတယ်။

 

မင်္ဂလာဆောင်တစ်ခုမှာ အားလုံးကို အဆင်ပြေအောင် လုပ်ပေးနိုင်ဖို့ဆိုတာကလည်း မလွယ်လှပါဘူး။ တချို့ကလည်း ဘာလုပ်လုပ် ဆန့်ကျင်ဖက်မြင်တတ်တာမျိုးလည်းရှိတော့ ကိုယ်နဲ့ကိုယ့်မိသားစု ပိုအဆင်ပြေဖို့ကို ဦးစားပေးစဉ်းစားရမှာဖြစ်ပါတယ်။

ကိုယ့်ရဲ့မင်္ဂလာပွဲကို အားလပ်ရက်နဲ့မတိုက်လို့ မတက်ရောက်နိုင်ခဲ့တဲ့ ဧည့်သည်များကိုလည်း နားလည် ပေးတတ်ရပါတယ်။

Read times Last modified on Wednesday, 19 September 2018 15:01
Rate this item
(1 Vote)