မင်္ဂလာဆောင်ပြီးချိန် ပြုလုပ်ရမည့်အချက်များ - ၂

မင်္ဂလာဆောင်ပြီးချိန် ပြုလုပ်ရမည့်အချက်များ - ၂

၆။ လိုချင်ပေမယ့် မရရှိခဲ့တဲ့ လက်ဆောင်ပစ္စည်းတွေကို ဝယ်ပါ

လက်ဆောင်ပစ္စည်းတွေထဲက ကိုယ်လိုချင်တာမရှိခဲ့ရင် ဒီအဆင့်ကအရေးကြီးပါတယ်။ ဒီလိုဖြစ်ခဲ့ရင် လက်ဆောင်ကတ်တွေကို ကောင်းကောင်းအသုံးချပြီး ပစ္စည်းတွေရနိုင်တုန်းမှာ သွားရောက် ၀ယ်ယူပါ။ ထို့အပြင်၊ စတိုးဆိုင်တွေက မင်္ဂလာနေ့ပြီးနောက်မှာ စာရင်းမှာပါတဲ့ ပစ္စည်းတွေအတွက် လျှော့ဈေးပေးတယ်ဆိုပေမယ့် ရက် ၃၀ ကနေ ၆၀ အတွင်းပဲ ဝယ်လို့အဆင်ပြေတာကို သတိပြုပါ။

၇။ သင့်ရဲ့မင်္ဂလာဝက်ဘ်ဆိုက်နဲ့ Registry တို့ကို ပိတ်လိုက်ပါ

ဝက်ဘ်ဆိုက်တစ်ခုအတွက် ငွေပေးနေရတယ်ဆိုရင်တော့ ကုန်ကျစရိတ်သက်သာဖို့ မင်္ဂလာပွဲပြီးတဲ့အခါ ဝက်ဘ်ဆိုက်ကို သင်ပိတ်ချင်နေမှာပါ။ ဒါ့အပြင် Google Search ကနေလည်း သင့်နာမည်နဲ့ရှာရင် သင့်ရဲ့ဝက်ဘ်ဆိုက်ကို လူတွေရှာတွေ့နိုင်သေးတာမို့ မတွေ့စေချင်ရင် နှစ်ခုလုံးကို ဖယ်ရှားလိုက်ပါ။ Registry အတွက်တော့ အချိန်အနည်းငယ် ထပ်စောင့်ရနိုင်ပေမယ့် မစောင့်ရရင် ချက်ချင်းသွားပြီး စောစောဖျက်လိုက်သင့်ပါတယ်။

၈။ မင်္ဂလာပွဲအတွက် ဝယ်ထားပြီး မသုံးတဲ့ပစ္စည်းတွေကို ပြန်ထားပါ

သင်အသုံးပြုဖို့ စီစဉ်ထားပြီး အသုံးမပြုခဲ့တဲ့ပစ္စည်းတွေဖြစ်တဲ့ မင်္ဂလာဓါတ်ပုံနောက်ခံဘောင်တွေ၊ စားပွဲနံပါတ်ဘောင်တွေနဲ့ အခြားပစ္စည်းတွေကို သင့်ရဲ့မင်္ဂလာစရိတ်အနည်းငယ် ကာမိဖို့ ဆိုင်မှာပြန်သွင်းလိုက်ပါ။ ဆိုင်ပြန်သွင်းလို့မရရင် သင့်မိတ်ဆွေတစ်ဦးဦးရဲ့ မင်္ဂလာဆောင်အတွက် ပေးလိုက်နိုင်ပါတယ်။

၉။ သင့်ရဲ့ မင်္ဂလာအခမ်းအနားအပြင်အဆင်ကို ဂရုစိုက်ပါ

သင့်ရဲ့မင်္ဂလာပွဲဖြစ်မြောက်လာစေဖို့ အသေးအဖွဲ ပစ္စည်းတွေအများကြီးက အတူတူဖန်တီးပေးနိုင်ပါတယ်။ ဒါပေမယ့် မင်္ဂလာပွဲပြီးသွားရင် ထိုပစ္စည်းတွေကို သင်ဘယ်နေရာမှာ သုံးမှာလဲ။ အရွယ်မတူတဲ့ ထမင်းပေါင်းအိုးများနဲ့ လက်ဖွဲ့ပစ္စည်းအတော်များများတို့ကို ဧည့်ခန်းထဲမှာ ထားဖို့အဆင်မပြေရင် အခြားခန်းမှာ ထားဖို့စဉ်းစားပါ။ သင့်ရဲ့ပစ္စည်းတွေကို မင်္ဂလာပွဲလုပ်ဖို့ အစီအစဉ်ရှိတဲ့ အခြားစုံတွဲဆီ ရောင်းနိုင်ပါတယ်။ ဒါမှမဟုတ် အိမ်အလှဆင်ရာမှာ အသုံးတည့်တာတွေကို သုံးနိုင်သလို အခြားလူတွေကို လှူလို့လည်းရပါသေးတယ်။ အခန်းထဲ ရှုပ်ပွနေတာတွေ ရှင်းပြီးသွားရင် သင့်အနေနဲ့ စိတ်အပန်းဖြေနိုင်ပါလိမ့်မယ်။

၁၀။ သင့်ရဲ့အမည်ကို တရားဝင်ပြောင်းလိုက်ပါ

ဖေ့စ်ဘုတ်နှင့် တွတ်တာများတွင် နာမည်အပြောင်းအလဲလုပ်ခြင်းက လွယ်ပေမယ့် တရားဝင် အမည်အပြောင်းအလဲ လုပ်ချင်ရင်တော့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ (မှတ်ပုံတင်၊ ပတ်စ်ပို့၊ ယာဉ်မောင်းလိုင်စင် စတာတွေ) ကို ရှာပြီး အချိန်ယူ လုပ်ဆောင်ရမှာပါ။ ဒီကိစ္စကို မလုပ်ပဲ အချိန်ဆွဲထားလေလေ သင့်အတွက် ခရီးထွက်တာ၊ အခွန်ပေးဆောင်တာ တွေမှာ အဆင်ပြေမှာ မဟုတ်ပါဘူး။ နောက်ဆုံး မင်္ဂလာလက်မှတ်ကို နေရာအထားမှားတာနဲ့တောင် အဆုံးသတ်သွားနိုင်ပါတယ်။ အိမ်ထောင်သည်ဘဝမှာ လွယ်ကူဖို့ အမည်ပြောင်းတာကို စောစောလုပ်ပါ။

Read times Last modified on Wednesday, 19 September 2018 17:55
Rate this item
(1 Vote)