မောင်ရန်ကျော်ဖြိုးနှင့် မအိမွန်စိုးတို့၏ မင်္ဂလာဆောင် Review အကြောင်း

မောင်ရန်ကျော်ဖြိုးနှင့် မအိမွန်စိုးတို့၏ မင်္ဂလာဆောင် Review အကြောင်း

မင်္ဂလာဆောင် Review လေးပြောပြချင်ပါတယ်
ပုံလေးတွေအောက်မှာကြည့်ပေးပါ..

01

ခန်းမကတော့ CBC Ball room မှာပါ တက္ကသိုလ်ရိပ်သာလမ်း ဆရာစံပလာဇာ ၅လွှာပါ ဈေးနှုန်းကတော့ မုန့် ကော်ဖီ နဲ့ဈေးတမျိုး ထောပတ်ထမင်း ရေခဲမုန့်က ဈေး တမျိုးနဲ့ အစားစားရှိပါတယ်... လူ၃၅၀ လောက်ထိ ဆန့်ပါတယ်..အဲ့က အမ မအိမွန် ဆိုတာရှိပါတယ် အရမ်း သဘောကောင်းပြီး စိတ်ရှည်ပါတယ် ကိုယ်က အရမ်းချေးများတော့အားတောင်နာမိပါတယ်.... ဖုန်းနံပါတ်လိုချင်ရင်ပြောပ��

 02

အကျယ်အဝန်း

 03

ကိတ်မုန့်

 04

Receptions ပါ အဝင်ပန်းကုံးကို ခန်းမက အမဘဲ စီစဉ်ပေးတာပါ ရိုးရိုးလေးပါဘဲ လျှောက်လှမ်းပန်းတွေရော အကုန် ပန်းအစစ်တွေသုံးပေးထားပါတယ် ?

05

ညီမလေး ၃ယောက်ပါ အဝတ်အစားချုပ်တာပါ ၂ပတ် အတွင်းအမြန်ချုပ်ပေးရတဲ့ အန်တီတူး Sein Sein Sint အရမ်းကျေးဇူးတင်ပါတယ်..ကိုယ်ဝတ်မယ့်အဝတ်အစားနဲ့ ကွက်တိလိုက်နေအောင် စက်ပန်းထိုးပေးထားတာပါ..
သူတို့လေးတွေကိုင်ထားတဲ့ ဗန်းလေးတွေနဲ့ အောင်စံပယ်ပန်းကုံးကတော့ May အရမ်းကျေးဇူးတင်ပါတယ် ၁ပတ်အတွင်းရအောင်လုပ်ပေးတဲ့အပြင် အိမ်ထိ လာပို့ လာပြန်ယူပေးပါတယ်..

06

ပွဲနေ့ မိတ်ကပ် ပါ April Lay အရမ်းအရမ်းကျေးဇူးတင်မိပါတယ် တစ်မိသားစုလုံးကိုလှနေအောင်ပြင်ပေးထားပါတယ် တကယ်မိသားစုလိုပါဘဲ.. ပြင်ချင်ရင်ပြောနော်...
ဝတ်စုံကတော့ သဇင်နွယ် ကပါ နေရာက မြောက်ဥက္ကလာကပါ ချိတ်ပေးတဲ့အမ Tin Hnaungaye ကျေးဇူးအများကြီးတင်ပါတယ်

07

လက်စွပ်နဲ့ ပန်းကုံး တက်ရောက်ချီးမြှင့်ပေးတဲ့ ဦးလေး ဂျင်မီ Kyaw Min Yu နှင့်အန်တီ နီလာသိန်းပါ ကျေးဇူးအထူးတင်ပါသည်... ��

08

MC အကိုပါ Htet Naing ပါ အရမ်းသဘောကောင်းပါတယ်..ကျေးဇူးလဲအများကြီးတင်ပါတယ်..
အကိုနဲ့ချိတ်ပေးတဲ့ အကို MC Sai Ko ကိုလဲ ညီမလေး ကျေးဇူးတင်ပါတယ်
��

09

အချိန် ၁နာရီ အပိုယူပြီး ဆက် လုပ်တဲ့ ပွဲပါ ကိတ်မုန့် နဲ့ ရှိန်ပိန်ဖောက်တာပါ မုန့် လေးတွေနဲ့ ရှိန်ပိန်ကတော့ ကိုယ့်ဘာသာ ကိုယ် ဝယ်တာပါ ကိတ်မုန့် နဲ့ ရှိန်ပိန်ခွက်တွေ မုန့်လေးတွေထည့်ပြီး ခန်းမက အမတွေ စီစဉ်ပေးပါတယ်.. အချိန်၁နာရီစာ ထပ်ပေးရပါတယ်..

10

ဝတ်စုံလေးတွေ ဝယ်တာပါ Fashion & U စမ်းချောင်းကပါ .. FB မှာရှာကြည့်လို့ရပါတယ် ဈေးသက်သာပါတယ်... အရမ်းလဲသဘောကောင်းပါတယ်.. လမ်းညွှန်ပေးတဲ့သူငယ်ချင်း Khine Zin ကိုလဲ ကျေးဇူးအများကြီးတင်ပါတယ် ��

11

အရမ်းလှကြတယ် တယောက်က မလာဘူး �

12

မိတ်ကပ် ကို ဒါလေးနဲ့ ပြင်ပေးထားတာပါ ��

13

ဖိတ်စာလေးပါ မြင်သာကပါ အဆင်ပြေပါတယ်...ရိုးရိုးလေး ဘဲ ကြိုက်လို့ပါ..

14

အရှေ့မှာ receptions ထိုင်ပေးတဲ့ အချစ်ဆုံးတွေကိုလဲ ကျေးဇူးပါ ��

16

ဒီလိုပုံလှလှလေးတွေ

17

ဒီလို လေးတွေ

ဒီလို အလန်းလေးတွေရိုက်ပေးတဲ့ကိုကြီး Nyi Zin တကယ်ကျေးဇူးတင်ပါတယ်.. အရမ်းအလုပ်ရှုပ်နေတဲ့သတိုးသမီး ကို မရရအောင် ပုံတွေရအောင်ရိုက်ပေးတဲ့အပြင် ပုံတွေ နိုင်ငံခြားယူသွားဖို့ အမှီရအောင်လုပ်ပေးလို့လဲ အရမ်းကျေးဇူးတင်ပါတယ် ���
မငြိမ်းရောဘဲ �

Read times Last modified on Tuesday, 18 September 2018 15:08
Rate this item
(2 votes)