Mg Toe Pyae Aung & Ma Wai Wai Yu

Mg Toe Pyae Aung & Ma Wai Wai Yu

အခုတင်ပြမယ့် မင်္ဂလာဆောင်အကြောင်းကတော့ Novotel Hotel တွင် အနောက်တိုင်းစတိုင်ဖြင့်

မင်္ဂလာပွဲ ကျင်းပခဲ့တဲ့ သတို့သားမောင်တိုးပြည့်အောင်နှင့် သတို့သမီး မဝေေ၀ယုတို့ အကြောင်းပဲ ဖြစ်ပါတယ်။

သတို့သားနှင့် သတို့သမီးအကြောင်း

မောင်တိုးပြည့်အောင်နှင့် မဝေေ၀ယုတို့ဟာ တက္ကသိုလ်တွင်တွေ့ဆုံကြပြီး နောက်ဆုံးနှစ်မှာ ချစ်သူတွေဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ မောင်တိုးပြည့်အောင် (BA.English) နှင့် မဝေေ၀ယု (B.Sc.Maths) တို့ဟာ ချစ်သူသက်တမ်း ၇ နှစ်ကျော်အကြာတွင် လက်ထပ်ဖြစ်ခဲ့ပါတယ်။

သတို့သားက စားသောက်ကုန်လုပ်ငန်း ဦးစီးလုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး သတို့သမီးက MC, Presenter လုပ်ငန်းခွင်တွင် လက်ရှိ အလုပ်ပြန်လုပ်နေပါတယ်။

လက်ထပ်ဖို့အတွက် plan တွေအားလုံးစီစဉ်ပြီးမှ မိဘတွေကို လက်ထပ်တော့မယ်လို့ အသိပေးတာပါ။ နှစ်ဖက်စလုံးကလည်း ချစ်သူဘ၀ကတည်းက သဘောတူတဲ့အတွက် အားလုံးအဆင်ပြေချောမွေ့ခဲ့ပါတယ်။

image 0 02 06 f9b175fedc2a30a78dcf12fccfe5711923e2e72185853f6dd117eee87a410440 V

မောင်တိုးပြည့်အောင်နှင့် မဝေေ၀ယုတို့ဟာ ချစ်သူစဖြစ်ကတည်းက လက်ထပ်ဖို့အထိ စဉ်းစားခဲ့တာဖြစ်လို့ လက်ထပ်ခွင့် တကူးတကတောင်းတယ်၊ မတောင်းဘူး မရှိခဲ့ပါဘူး။

လက်ထပ်ဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် နားလည်သဘောပေါက်ဖို့အတွက်တော့ အချိန်ယူပြီး ညှိနှိုင်းတာတွေ၊ တစ်ယောက်နဲ့တစ်ယောက် အားသာချက်၊ အားနည်းချက်တွေကိုတော့ လေ့လာခဲ့ရပါတယ်။ ရေရှည်တည်တံ့ဖို့အတွက် strategy ကောင်းတွေကတော့ တကယ်လိုအပ်ပါတယ်။

မင်္ဂလာခန်းမကိုတော့ နှစ်ယောက်ကိုယ်တိုင်အရင်သွားကြည့်ထားကာ package ဈေးနှုန်းစုံစမ်းပြီး ရွေးချယ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက Novotel Hotel ကို စတင်ဖွင့်ကာစပဲ ရှိပါသေးတယ်။ ဟိုတယ်က ခန်းမကြီးကို ကြီးကျယ်ခမ်းနားလို့ ရွေးချယ်ဖြစ်ခဲ့ပါတယ်။

ဖိတ်စာဒီဇိုင်းကိုတော့ သတို့သမီးကိုယ်တိုင် အင်တာနက်ကနေ ရှာဖွေပြီး ကြည့်ခဲ့ပါတယ်။ စိတ်ကြိုက်ဖြစ်တဲ့ ဒီဇိုင်းကို စင်္ကာပူက website တစ်ခုမှာ တွေ့လို့မှာခဲ့တာပါ။

သတို့သားရဲ့ ညီမလေးတွေကလည်း အဲဒီမှာကျောင်းတက်နေတော့ သူတို့ကိုယ်တိုင် သွားမှာပေးခဲ့တာပါ။ သူငယ်ချင်းတစ်ယောက်က ပြန်လာတာနဲ့ တိုက်ဆိုင်သွားတော့ ဖိတ်စာတွေကို ရန်ကုန်ရောက်တဲ့အထိ ဖိတ်စာတွေကို ယူလာပေးခဲ့ပါတယ်။ အစောင်ရေကတော့ ၅၀၀ ဖြစ်ပါတယ်။

Novotel Hotel ရဲ့ Ballroom က အနည်းဆုံး ဧည့်သည်အယောက် ၅၀၀ စာ ယူရပါတယ်။ ခန်းမတွင် ဧည့်သည် အယောက် ၈၀၀ မှ ၁၀၀၀ အထိ ဆန့်ပါတယ်။ မင်္ဂလာပွဲကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် Novotel Hotel ရှိ Ballroom ခန်းမကြီးတွင် ကျင်းပခဲ့ပါတယ်။

မင်္ဂလာဝတ်စုံနှင့် ဒီဇိုင်း

Pre-wedding ဓာတ်ပုံများကို စင်္ကာပူတွင်သွားရောက်ရိုက်ကူးခဲ့ပါတယ်။ မင်္ဂလာဝတ်စုံ၊ pre-wedding photos၊ wedding ဓာတ်ပုံများနှင့် video အကုန်လုံးကို Forever Group နဲ့ အပ်ခဲ့ပါတယ်။ အ၀တ်အစားနဲ့ပတ်သက်တာအားလုံးနှင့် ကားအလှဆင်ပေးတာကအစ Forever နဲ့ပဲ ပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာပွဲနေ့တွင် ၀တ်စုံကို အနောက်တိုင်းစတိုင်ပုံစံဖြင့် သတို့သားရော သတို့သမီးပါ အဖြူရောင်လေးကို ၀တ်ဆင်ခဲ့ပါတယ်။ အရံများကိုလည်း အဖြူရောင်ဝတ်စုံလေးတွေကိုပဲ ၀တ်ဆင်စေခဲ့ပါတယ်။

မိတ်ကပ်ကို မေဦးနဲ့ပြင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သတို့သမီးပြင်ဆင်ခ ကျပ်နှစ်သိန်းပေးရပါတယ်။ သူပြင်ပေးတဲ့ မိတ်ကပ်ကို အရမ်းကြိုက်ပါတယ်။

TPA 172

မင်္ဂလာခန်းမအပြင်အဆင်ကိုတော့ His & Her နဲ့အပ်ခဲ့ပါတယ်။ သူတို့အဖွဲ့ Back Drop Design ကို လုပ်ပေးတာလေးကို အရမ်းကြိုက်ပါတယ်။ အရှေ့ဝင်ပေါက်မှာ tunnel ပုံစံ romantic ဆန်ဆန်လေးပြင်ဆင်ပေးတာ ထင်ထားတာထက်ပိုပြီး လှလွန်းလို့ အရမ်းဝမ်းသာခဲ့ရပါတယ်။

မင်္ဂလာအချိန်ကတော့ နေ့လည် ၂ နာရီမှ ၄ နာရီအထိ ကျင်းပခဲ့ပါတယ်။ အစားအသောက်ကလည်း နေ့လည်ဧည့်ခံပွဲ ဆိုတော့ ကော်ဖီ၊ လက်ဖက်ရည်နှင့် အနောက်တိုင်းစတိုင် မုန့်မျိုးစုံနဲ့ ဧည့်ခံခဲ့ပါတယ်။

image 0 02 06 cf14245015debf75aceeaeddbf2a2be72ac3262930ab8cffe331655d9ad40999 V

ဧည့်ခံပွဲစီစဉ်တင်ဆက်သူအနေနဲ့က ကိုကျော်ထက်အောင်နှင့် မနွေးနွေးဟန်တို့က မေတ္တာနဲ့ ကူညီပေးခဲ့ကြပါတယ်။ မင်္ဂလာကိတ်ကို Novotel Hotel ကပဲ စီစဉ်ပေးခဲ့ပါတယ်။

Dinner ပွဲကို တစ်ပတ်ကြာမှ လုပ်ဖြစ်ခဲ့ပါတယ်။ သူငယ်ချင်းအယောက် ၈၀ - ၁၀၀ လောက်နဲ့ အကျဉ်းချုံးပြီး ပြုလုပ်ခဲ့ပါတယ်။

ဟန်းနီးမွန်းခရီးစဉ်ကတော့ ပုပါးတောင်မကြီးမှာ တောင်တက်ခဲ့ပြီး Mount Popa Resort မှာ တည်းခဲ့ပါတယ်။ ပုဂံဘုရားများလည်း သွားရောက်ဖူးမျှော်ခဲ့ပါတယ်။ မင်္ဂလာပွဲ အစမှအဆုံးထိ ကျပ်သိန်း ၂၆၀ ကုန်ကျခဲ့ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:12
Rate this item
(6 votes)